အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ စိတ်ဝင်စားစရာ အချက်များ

Image:unsplash & Pixabay (Steven Su /VladoZg)

အီရန်နိုင်ငံ ကတော့ လက်တလောမှာ အားလုံးရဲ့ အာရုံစိုက် စိတ်ဝင်စားမှုကို ခံနေရတဲ့ နိုင်ငံ တစ်နိုင်ငံပါ။အင်အားကြီး နိုင်ငံ တွေထဲက တစ်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံ နဲ့ပတ်သက်ပြီဲး့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်လေး တွေကို Shwemom စာဖတ်သူတွေ အတွက် ဖော်ပြ ပေးချင် ပါတယ်။

အစားအစာ

Image:Pixabay( By Peggychoucair )

အီရန်နိုင်ငံ မှာ ဘယ်လို အရာတွေကို စားကြလဲ ဆိုတာကို အရင် ဆုံး ပြောပြ ပေးချင်ပါတယ်။အီရန်က စားစရာ တွေ က အိန္ဒိယ လောက်တော့ မစပ်ပါဘူး။လတ်ဆတ်တဲ့ ဟင်း အမယ် တွေကို သုံးရတာ ကြိုက်ကြပါတယ်။လတ်ဆတ်တဲ့ သစ်သီးတွေ ..အခွံမာသီး၊ဂျုံနှံစားပြောင်းတွေ ကို စားကြပါတယ်။သိုးသား၊ကြက်သားတို့ ကို ထမင်း၊ ပေါင်မုန့်တို့နဲ့ စားကြပါတယ်။သူတို့ ဆီမှာ သောက်ကြတဲ့ အရည် ကတော့ လက်ဖက်ရည်ပါ။

လူငယ်လူရွယ်တွေ များ

Image:IG/Elnaz Golrokh

ဂျပန်နိုင်ငံရဲ့  လူဦးရေ ကို ကြည့်မယ်ဆိုရင် လူငယ်ထက် လူလတ် ပိုင်းနဲ့ လူကြီးပိုင်းက ပိုများပါတယ်။ဒါပေမယ့် အီရန် ကတော့ လုံးဝ ဆန့်ကျင်ဘက်ပါ။နိုင်ငံ့လူဦးရေ ရဲ့ (၇၀) ရာခိုင်နှုန်း က လူငယ်တွေပါ။အသက် (၃၀) အောက်တွေ ပါ။အီရန်မှာ အရင်ကဆိုရင်  အသက် (၁၅)တည်းက မဲ ပေးခွင့် ရှိခဲ့ဖူးပါတယ်။

အီရန် ရဲ့ အဓိပ္ပါယ်

အီရန်ဆိုတာကို တိုက်ရိုက်ဘာသာပြန်ရင် ပါရှန် အဓိပ္ပါယ် အရ ဆိုရင်  “Land of the Aryans” လို့ အဓိပ္ပါယ် ရပါတယ်။အီ ရန် ပြည်သူတွေဟာ အရင်က “Aryan” ဆိုတဲ့ စကားလုံးကို မျိုးနွယ်စု သင်္ကေတ တစ်ခု အဖြစ် သုံးကြပါတယ်။

အစိုးမရ တဲ့ တီဟီရန် ရဲ့ ရာသီဥတု

Image: unsplash(by Siamak Mokhtari)

တီဟီရန် ကတော့ အီရန် ရဲ့  မြို့ တော်ပါ။အဓိပ္ပါယ်ကတော့ နွေးထွေးတဲ့ကုန်းစောင်း ဆိုပြီး အဓိပ္ပါယ် ရပါတယ်။တီဟီရန် ရဲ့ ရာသီဥတု ကတော့ အစိုးမရ ပါဘူး။ဆိုးရွားချင်ရင် အရမ်းကို ဆိုးရွားပါတယ်။အပူချိန်ဟာဆိုရင် (43 degrees Celsius). အထိ စံချိန် တင်ပူခဲ့ဖူးပါတယ်။

အီရန်နဲ့ ကော်ဇော

အီရန်မှာ စီးလို့  ရတဲ့ ကော်ဇောပျံကြီးတွေ တော့ မရှိပေမယ့် လည်း အရမ်းကို လှပပြီး မှော်ဆန်လွန်းတဲ့ ကော်ေ ဇာကြီးတွေ တော့ ရှိပါ တယ်။အရမ်းကို လှပပြီး ဆန်းပြားလွန်းတဲ့ ဒီဇိုင်းတွေနဲ့ ဖန်တီးထားတဲ့ ကော်ဇော ကြီးတွေ ရှိပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)တည်းက ကော်ဇော တွေကို ရက်လာခဲ့တာပါ။ရေနံပြီးရင် အီရန်ရဲ့ ဒုတိယ အကြီးဆုံး ပို့ကုန်ပစ္စည်းက ကော်ဇောပါ။

အီရန်နဲ့ ပါရှန်ကြောင်

Image:Pixabay (by krzysztofniewolny )

ပါရှန်ကြောင် အမျိုးအစားကတော့ အီရန် နိုင်ငံကနေ ဆင်းသက် လာတာပါ။ အီရန် တောင်တန်းဒေသ တွေရဲ့ အအေး ဒဏ်ကို အံတု ဖို့ အတွက် အခုလို အမွှေး တွေ   က နေရာ ဒေသကို လိုက်ပြီး ဖြစ်ပေါ်လာတာပါ။ (၁၇)ရာစုလော က်တုန်းက ပါရှန် ကြောင်တွေကို ဥရောပမှာ မျိုးဖောက်ဖို့ ကုန်သွယ်ကြတာ မျိုးတွေလည်းရှိပါတယ်။အဲ့ဒီတုန်းကဆိုရင် ပါရှန် ကြောင်ဆိုတာ ပြည်ပက လာတဲ့ သင်္ကေတ တစ်ခုလို တောင် ဖြစ်ခဲ့တာပါ။တခြား ကြောင်တွေနဲ့ မတူ တဲ့ အ သွေး အမွေး ကြောင့် အခုဆိုရင်တော့ ပါရှန် ကြောင်တွေကို ကမ္ဘာတစ်ဝန်းမှာပါ မျိုးဖောက် ရောင်းချ နေကြပါပြီ။

READ
လူတိုင်းမမြင်ဖူးကြသေးတဲ့ ကမ္ဘာကြီးထဲက အံ့သြစရာကောင်းတဲ့ တွေ့ရှိမှုများ

ပိတ်ရက် များလွန်းတဲ့ အီရန်

အီရန်မှာဆိုရင် အများပြည်သူ အားလပ်ရက်တွေ အများကြီး ရှိပါတယ်။ပိတ်ရက်များတဲ့ နိုင်ငံ တွေထဲက တစ်နိုင်ငံပါ။ကမ္ဘာ ပေါ်မှာ ပိတ်ရက် အများဆုံး နိုင်ငံ တွေထဲကမှာ အီရန်ကလည်း တစ်နိုင်ငံပါ။ပိတ်ရက် အများစု ကတော့ ဘာသာရေး နဲ့ ပတ်သက်တဲ့ ရက်တွေပါ။အီရန်မှာတော့ တရားဝင် ပြက္ခဒိန် (၃)ခုရှိပါတယ်။ Solar Hijri calendar, Gregorian calendar, Islamic lunar calendar ဆိုပြီး (၃)မျိုးပါ။ပိတ်ရက်တွေ ကတော့ Lunar ပြက္ခဒိန် ကို  ကြည့်ပြီး ပိတ်တာပါ။

နိုင်ငံပိုင် အင်တာနက်

Image:Pixabay (by VladoZg )

(၂၀၁၂)က စပြီး အီရန်က အစိုးရပိုင်၊အစိုးရက ထိန်းချုပ်ထားတဲ့ ကိုယ်ပိုင် အင်တာနက်ကို သုံးခဲ့ပါတယ်။ private Intranet network ကို မသုံးကြပါဘူး။Twitter, Facebook,  Instagram တို့ကို သုံးလို့မရပါဘူး။တကယ်လို့ သုံးချင်ရင်တော့ Private VPN (Virtual Private Network) ကို သုံးဖို့ လိုပါတယ်။

ပါရှန်နို့

အီရန်မှာတော့ “Persian Milk”  ဆိုပြီး ခေါ်ပါတယ်။ဒိန် ချဉ် ကတော့ အီရန်မှာဆိုရင် အဖိုးတန်တဲ့ အရာတစ်ခုပါ။ အီရန်ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘ၀  အခြေခံ ပစ္စည်းတစ်ခုလို့ တောင် ပြောလို့ရပါတယ်။ဒိန် ချဉ် က  ဆေးဖက်ဝင် တဲ့အရာ ရောဂါ စုံ ဥ ပမာ -ချောင်းဆိုးပျောက်တယ်၊အိပ် မပျော်တာ သက်သာတယ်၊ကိုယ်တွင်း ကိုယ်ပြင် အနာ၊နေေ လာင်တာ  တို့ ကို သက်သာ  စေတယ်ဆိုပြီး ယုံကြည်ကြပါတယ်။အီရန် ရဲ့ အလှပ ဈေးကွက်မှာဆိုရင် လည်း ဒိန်ချဉ် ကို အလှအပ ပစ္စည်းတစ်ခု အဖြစ် သုံးကြပါတယ်။

 ကမ္ဘာ့ အကြီးဆုံး ကော်ဇော

Image:pinterest(by Nazmiyal Antique Rugs)

ဘောလုံးကွင်းတစ်ကွင်းလုံးစာ လောက်ရှိတဲ့ ကော်ဇော ကြီး မျိုး အပြင်လောကမှာ တကယ်ရှိပါတယ်။လက်ရက်  ကော်ဇောကြီးပါ။ကမ္ဘာ့ အကြီးဆုံး လက်ရက် ကော်ဇော ကြီးကိုတော့ အီရန် ကော်ဇောကုမ္ပဏီတစ်ခု ကနေ UAE  မှာရှိတဲ့ Abu Dhabi  ဗလီအတွက် (၂၀၀၇)ခုနှစ်က ဖန်တီးပေးခဲ့ပါတယ်။မတူညီတဲ့ အလွှာပုံစံ (၉)မျိုးနဲ့ ဖန်တီး ထားပါတယ်။အရွယ်အစားအားဖြင့် (60,600.81 ft²) ရှိပါတယ်။

ယဉ်ကျေးမှု အမွေ အနှစ် ပေါကြွယ်ဝ

Image:Pixabay (by mostafa_meraji )

ယဉ်ကျေးမှု အမွေအနှစ် ပေါကြွယ်ဝတဲ့ နိုင်ငံပါ။ စာပေ ယဉ် ကျေးမှု အမွေ အနှစ် တွေလည်း ပေါ သလို  UNESCO စာရင်း ၀င် နေရာတွေ လည်း အီရန်မှာ အများကြီးပါတယ်။ ကမ္ဘာ့သမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ ပါရှန်းအင်ပါယာရဲ့ မြို့တော်ဟာ အီရန်နိုင်ငံမှာ တည်ရှိနေပါတယ်။ UNESCO ယဉ်ကျေးမှု အမွေအနှစ် နယ်မြေ(၂၃) ခုရဲ့ နယ် မြေပါ။အီရန်ရဲ့  နာမည်ကြီး သမိုင်းဝင် နယ်မြေ တွေ ကတော့ Meidan Emam, Golestan Palace, Bam, Pasargadae, Sheikh Safi al-din Khanegah ၊ Shrine Ensemble , Tabriz Historic Bazaar Complex, Soltaniyeh…….။

READ
အပြင်မှာ တကယ်မရှိလောက်ဖူးလို့ ထင်ရတဲ့ တကယ့်သက်ရှိလူသားများ

ဘာသာစကား

Image:Pixabay (by :raandree )

Arabic  စကားကို ပြောကြပါတယ်။ပါရှန် က အမျိုးသား ဘာသာစကား ပါ။ဒေသခံ တွေကတော့ Farsi လို့ ခေါ် ပါတယ်။ပါရှန်ကိုတော့ အာဖဂန်နစ္စတန်နဲ့ တာဂျစ်စတန် တို့ မှာလည်း သုံးကြပါတယ်။regional language အဖြစ် သတ်မှတ်ထားတဲ့ တခြားဘာသာစကားတွေ ကတော့  Azerbaijani, Kurdish, Lori, Mazandarani, Gilaki, Balochi,  Arabic ပါ။

ရေနံ ပေါကြွယ်ဝ တဲ့နိုင်ငံ

Image: unsplash(by Reza Tahvili)

အီရန်က ရေနံ နဲ့ လောင်စာဆီ အ ရမ်းေ ပါတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ကမ္ဘာ့ ဆီ ဈေး ကွက် ကို လှုပ်ခတ် အောင် လုပ်နိုင်တဲ့ နိုင်ငံပါ။

မင်္ဂလာပွဲ တွေကို အခမဲ့ ဆောင်လို့ရ

အီရန် တော်တော်များများက မင်္ဂလာ ပွဲ စရိတ်ကြီးလို့ လက်ထပ်ပွဲကို သိပ် မကျင်းပကြပါဘူး။ဒါကြောင့်အစိုးရ က   လက်ထပ်ဖို့ အတွက် ရန်ပုံငွေ သီးသန့် ထားပေးထားပါတယ်။အီရန် ရိုးရာ လက်ထပ်ပွဲ အတိုင်း လက်ထပ်ကြမယ့် စုံတွဲ တွေ အနေနဲ့ မင်္ဂလာစရိတ်သက်သာ အောင် ဆိုပြီး အခုလို လုပ်ပေးထားတာပါ။

အစမ်း ကာလတို လက်ထပ်လို့ရ

ဘ၀တစ်သက်စာ life-long marriage အပြင် အီရန်မှာ ခဏတာ Short Term Marriage ဆိုပြီး တော့လည်း ရှိပါတယ်။အီရန်မှာတော့ ဒါကို Sigheh ဆိုပြီး ခေါ်ပါတယ်။စုံ တွဲ တွေ အနေနဲ့ ခဏတာ လက်ထပ်လို့ရပါတယ်။ Sharia Law ရဲ့ အောက်မှာပဲ ဒီလို လက်ထပ်တာကို ခွင့်ပြု ပေးထားတာပါ။လူငယ်စုံတွဲ တွေ အနေနဲ့ လက်ထပ်ခြင်းဆိုတဲ့ ကတိသစ္စာတွေ မပါပဲ နဲ့ အရင်ဆုံး အစမ်း လက်ထပ်လို့ရတဲ့ သဘောမျိုးပါ။အစမ်းကာလက တော့  နာရီ အနည်းငယ်ကနေ နှစ် အတော်ကြာတဲ့ အထိ သက်တမ်း ကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။အမျိုးသမီး တစ်ယောက်က တစ်ကြိမ် Short Term Marriage လက်ထပ် ပြီး ရင်တော့ နောက်တစ်ကြိမ် အခုလို ကာလတို လက်ထပ်ချင်ရင်  နောက်တစ်ကြိမ် ရာသီ စက်ဝိုင်းနှစ်ကြိမ် ပြီးအောင် စောင့်ဖို့ လိုပါတယ်။ In The Bazaar of Sexes ဆိုတဲ့ Documentary မှာတော့ အဲ့ဒီလို ကာလတို လက်ထပ် တာတွေ ရဲ့ အကြောင်းကို ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။

အာရှရဲ့ အမြင့်ဆုံး မီးတောင်ရှိ

Image:twitter/‏ @pedestrian

မြို့ တော်တီဟီရန် နဲ့ (၄၃) မိုင် အကွာမှာတော့ Damavand ဆိုတဲ့ မီးတောင်ရှိပါတယ်။လွန်ခဲ့တဲ့ နှစ်(၇၃၀၀) တုန်းက နောက်ဆုံး ပေါက်ကွဲခဲ့တာပါ။အခုထိ လည်း Active မီး တောင်  တစ်ခု အဖြစ် ရှိနေတုန်းပါ။အာရှရဲ့ အမြင့်ဆုံး၊အီရန်ရဲ့ အမြင့်ဆုံး  မီးတောင်ပါ။

Ref:wiki & icepop

SHARE