Koalas လေးတွေနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ

WWF/Australia

Koalasလေးတွေဟာ အလွန်ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေပါ။ ဒါပေမယ့်လို့ သူတို့နဲ့ပတ်သက်ပြီး သင်မသိတဲ့အံ့သြသင့်ဖွယ်အရာလေးတွေရှိပါသေးတယ်။ ကဲ ဘာတွေလည်း ကြည့်လိုက်ကြရအောင်

Koalasလေးတွေဟာ အအေးဒဏ်ကို ကာကွယ်ဖို့ သစ်ပင်တွေမှာ ဖက်တွယ်နေတတ်ကြပါတယ်။ ရာသီဥတုပူလာတဲ့အခါ သစ်ပင်ရဲ့နိမ့်တဲ့အပိုင်းနေရာတစ်ချို့ကိုရွှေ့ပြီး၊ သစ်ပင်ပင်စည်ရဲ့အနီးအနားမှာ ကပ်ပြီး နေတတ်ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။

Pexels/Pint

Koalas တွေဟာ ပုံမှန်သမာရိုးကျ ဖိုမဆက်ဆံရေးထက် lesbian ဆန်တဲ့ဆက်ဆံမှုတွေရှိပါတယ်။ သူတို့ရဲ့လိင်ပိုင်းဆိုင်ရာဆက်ဆံမှုတွေမှာ အမအမခြင်းလည်း ဖြစ်ကြသလို အဲ့ဒီထဲမှာ အမငါးကောင်အထိ ပါဝင်တယ်လို့သိရပါတယ်။ ဒါပေမယ့် အထီး အမ ဆက်ဆံမှုလည်းရှိပါတယ်။

Koalas အမတွေမှာ (၅၀)ကနေ(၉၀)ရာခိုင်နှုန်းဟာ  chlamydiaလို့ခေါ်တဲ့အလွန်သေးငယ်တဲ့ ဘက်တီးရီးယားပိုးတွေရှိကြပါတယ်။ Koalasတွေမှာ တွေ့ရတဲ့ရောဂါလက္ခဏာတွေက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိနာရောဂါ၊ စအိုပိုင်းနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပြီးတော့၊ ဒါတွေကို ဆေးဝါးနဲ့သေချာမကုသပေးဘူးဆိုရင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သလို၊ မျိုးမပွားနိုင်တော့တဲ့အခြေအနေအထိရောက်ရှိကြပါတယ်။

ထူးထူးခြားခြားတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် Koalas တွေရဲ့ လက်ဗွေရာတွေဟာ လူတွေရဲ့ လက်ဗွေရာနီးပါး ခွဲခြားမရနိုင်အောင် တူညီနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ မှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေမှာ တစ်ယောက်ယောက်နဲ့မှားယွင်းသွားအောင်လုပ်နိုင်ပြီးတော့၊ မသမာသူတွေရဲ့လှည့်ကွက်အဖြစ်လည်း အသုံးချခံရနိုင်ပါတယ်။ ဒါပေမယ့် သူတို့လက်ချောင်းလေးတွေမှာ အသားမာတွေဖုံးထားတယ်လို့သိရပါတယ်။

WWF/Australia

Koalasတွေက အစားအသောက်အပိုင်းမှာ အရမ်းကို ဂျီးများကြပြီးတော့၊ တစ်ရက်ကို ယူကလစ်အရွက်ကီလိုဝက်ဝန်းကျင်လောက်စားကြပါတယ်။ သစ်ပင်ကြီးတွေကို ပိုပြီးကြိုက်နှစ်သက်ကြပေမယ့်၊ ပရိုတင်းနည်းတဲ့အပင်တွေနဲ့အဆိပ်အတောက်ရှိတဲ့ အပင်တွေဆိုရှောင်ရှားတတ်ကြပါတယ်။ ယူကလစ်အရွက်တွေဟာ ကယ်ဆီယံဓာတ် အလွနနည်းပါးတဲ့အတွက် မြေပြင်တွေကိုဆင်းပြီး အစာရှာထွက်ရသလို၊ တစ်ခါတစ်ရံ မြေသြဇာတွေလည်းစားတတ်ကြပါတယ်။ 

အဲ့ဒီလိုသူတို့ရဲ့စားသောက်ပုံတွေကြောင့် အစာခြေစနစ်မှာပုံမှန်မဟုတ်ဖြစ်တတ်ပေမယ့်၊ ယူကလစ်အရွက်တွေက အစာခြေဖျက်ဖို ကူညီပေးပါတယ်။ သူတို့ရဲ့သေးငယ်တဲ့ ဦးနှောက် လေးတွေက သူတို့စားသောက်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်ကိုသွားရမယ် ဘယ်လိုစားရမယ်ဆိုတာမျိုး အများကြီး အလုပ်လုပ်မပေးနိုင်ပါဘူး။  ဒီတော့ အမြဲတမ်းအိပ်နေကြပြီး တစ်ရက်ကိုလေးနာရီလောက်သာ နိုးနေတတ်ကြပါတယ်။

Koala ပေါက်လေးတွေက သူတို့အမေရဲ့ကျောပေါ်မှာပဲ နေတတ်ကြသလို၊  အမေဖြစ်သူရဲ့မစင်ကို စားကြတာဖြစ်ပါတယ်။ မိခင်တွေက အရွက်ပဲစားတာဖြစ်တဲ့အတွက် သူတို့ရဲ့ သေးငယ်တဲ့ အစာချေစနစ်အတွက် အဆင်ပြေလွယ်ကူစေတယ်လို့ဆိုရမှာပါ။

Koala လေးတွေကို နောက်တစ်နည်း”ash-grey pocket-bear,”လို့ ခေါ်ကြပေမယ့်လို့ သူတို့ဟာ ၀က်ဝံမဟုတ်ဘဲ သူတို့နဲ့အနီးစပ်ဆုံးမျိုးစိတ်က wombatဆိုတဲ့ မြေအောင်းဝက်ဝံငယ် မျိုးစိတ်ဖြစ်ပါတယ်။

Khaing Sandar

SHARE