Madonna အကြောင်း သင်မသိလောက် သေးတဲ့ အချက် (၁၃) ချက်

Image:twitter/@MadonnaPowerBR

Madonna  က တော့ ဒီနေ့ ဒီ အချိန်ထိ အောင်မြင်နေတဲ့ ကမ္ဘာ ကျော် အဆိုတော် တစ်ယောက် ပါ။အဆိုတော်၊ေ တးရေး၊မင်းသမီး၊စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တစ်ယောက် အဖြစ် ပါ  အော င်မြင်စွာ ရပ်တည်နေသူပါ။ဂီတ လော ကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ သူမ ဟာ   “Queen of Pop”  ဆိုပြီး တော့တောင် တင်စား ခံထားရသူပါ။ Madonna ရဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

Bio

Madonna ကိုတော့ (၁၉၅၈)ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့က အမေရိကန်နိုင်ငံ Michigan ပြည်နယ်က Bay City မှာ မွေးခဲ့တာပါ။သူမရဲ့ ဖေဖေ ကတော့ အီတလီ၊ မေ မေ ကတော့ ပြင်သစ်- ကနေဒါ ကပြားပါ။Michigan  က Pontiac မှာ ကြီးပြင်းလာခဲ့တာပါ။ Madonna ရဲ့ အမေ က တော့ (၁၉၆၃)ခုနှစ် ဒီဇင်ဘာ (၁)ရက်နေ့မှာ ရင်သားကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ငယ်ငယ်တည်းက အမိမဲ့ရ

Image:twitter/@ChartLife100

သူမရဲ့ ဖေဖေ Tony က မိတ ဆိုးလေး ဖြစ်တဲ့ သူမကို ကောင်းကောင်းစောင့်ရှောက်ပေးခဲ့ပါတယ်။ဒါပေမယ့် (၁၉၆၆)မှာတော့ သူမရဲ့ ဖေဖေ က အိမ် အကူ Joan Gustafson  နဲ့ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ရခဲ့ပါတယ်။မက် ဒေါနား ကတော့ ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြု ပြီးနောက်ပိုင်း က စပြီး အဖေ ဖြစ်သူ အပေါ် အရင်လို ကောင်းကောင်းမဆက်ဆံပဲ ကန့်လန့်တိုက်ခဲ့ပါတယ်။ဖခင်ဖြစ်သူနဲ့ မက်ဒေါနားတို့ ကြားက ဆက်ဆံရေးဟာ နှစ် တော်တော်ကြာကြာ တင်းမာမှု တွေရှိခဲ့ပေမယ့်  ဖခင်ဖြစ်သူက သူမဖြစ်ချင်တာ တွေကို ဘေးကနေ အကောင်းဆုံးပံ့ပိုးပေးခဲ့ပါတယ်။

သူမရဲ့ ငယ်ဘဝ

Image:twitter/@ChartLife100

ငယ်ငယ်က တခြားမိန်းကလေးတွေနဲ့ လုံးဝ မတူပဲ ခြားနားခဲ့သူပါ။ချိုင်း မွှေး မရိတ်၊မိတ်ကပ်လည်း မလိမ်းခဲ့ ဘူး လို့ သူမရဲ့ ငယ်ဘ၀ ပုံစံကို ပြောပြခဲ့ဖူးပါတယ်။စာကိုပဲ ကြိုးစားခဲ့ပြီး အမှတ် ကောင်းကောင်းရခဲ့သူပါ။ငယ်ငယ်က ဘဲလေး အကမယ် ဖြစ်ချင်ခဲ့သူပါ။စာတော်တဲ့ ကျောင်းသူ  တစ်ယောက်ဖြစ်ခဲ့ပြီး Rochester Adams အထက်တန်းကျောင်းရဲ့ Cheerleader ပါ။

ရုပ်လှရုံတင်မဟုတ်ပဲ ဥာဏ်ပါ ကောင်းသူ

Image:twitter/@ChartLife100

ရုပ်ပဲ လှတာမဟုတ်ပဲ ဥာဏ် ပါ ကောင်းတဲ့  မိန်းကလေး မျိုးပါ။IQ (140) ရှိပါတယ်။State ကျောင်းသူ ဘ၀တည်းက စာ တော်ခဲ့တဲ့ သူမဟာ (၁၉၇၆)မှာတော့ Michigan တက္ကသိုလ် မှာ အက Scholarship နဲ့ တက်ရောက်ခဲ့ပါတယ်။ဒါပေမယ့် (၁၉၇၇)ခုနှစ်မှာ တော့  ကောလိပ် ကျောင်းထွက်ခဲ့ပါတယ်။

စားပွဲထိုးဘ၀နဲ့ အလုပ်ထုတ်ခံရဖူး

Image:twitter/@Madonna

ကျောင်းထွက်ပြီး အိတ်ထဲမှာ (၃၅)ဒေါ်လာ နဲ့ နယူးယော့ခ် စီးတီး ကို ပြောင်းလာခဲ့တဲ့ သူမဟာ အလုပ်ပေါင်းစုံကို လုပ်ခဲ့ဖူးပါတယ်။ “Queen of Pop” ဆိုတဲ့ မက်ဒေါနားဟာ မအောင်မြင်ခင် အချိန် တုန်းက အ လုပ်ထုတ်ခံခဲ့ရဖူးပါတယ်။Dunkin’ Donut မှာစားပွဲထိုး အလုပ်လုပ်ခဲ့တုန်းက အလုပ် ဆင်းတဲ့ ပထမဆုံးနေ့မှာပဲ အလုပ်ပြုတ်ခဲ့ပါတယ်။ရိုင်းစိုင်းတဲ့ customer တစ်ယောက် ကို Jelly တွေနဲ့ ပက်လိုက်လို့ အထုတ်ခံလိုက် ရ တာပါ။

READ
ဖိလစ်ပိုင်က Youtuber မောင်နှမတွေနဲ့ အတူ Live လွှင့်ခဲ့တဲ့ Somi

အောင်မြင်ဖို့ ရုန်းကန်ခဲ့ရ

Image:twitter/@Madonna

(၃၅)ဒေါ်လာ နဲ့ နယူးယော့ခ်ကို တက်လာခဲ့တဲ့ သူမဟာ အဲ့ဒီကျမှ ဘ၀မှာ ပထမဆုံးလေယာဉ် စီးဖူး ၊Taxi စီးဖူးတာပါ။ ဘ၀မှာလုပ်ခဲ့ သမျှ အရာတွေထဲကမှ အရဲရင့်ဆုံး လုပ်ရပ်လို့လည်း ပြောခဲ့ပါတယ်။အက အဖွဲ့ေ တွမှာ backup dancer  အဖြစ်နဲ့ ပါဝင် ဖျော်ဖြေခဲ့တာပါ။(၁၉၇၉)မှာတော့   Patrick Hernandez ရဲ့ World Tour မှာ backup singer ၊ dancer လုပ် ပေးရင်းနဲ့ Dan Gilroy ဆိုတဲ့ musician နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီး Breakfast Club ဆိုတဲ့ Rock Band ကို ထူထောင်ခဲ့ပါတယ်။(၁၉၈၀-၈၁) မှာတော့ Breakfast Club ကနေ  ထွက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Stephen Bray ဆိုတဲ့  ဒရမ်သမား နဲ့ ချစ်သူဖြစ်၊နှစ်ယောက်ပေါင်းပြီး Emmy Band ကို ဖွဲ့ ခဲ့ပါတယ်။သီချင်းတွေ အတူ ရေး၊အတူ ဆိုခဲ့ပါတယ်။နောက်ပိုင်းမှာတော့ မက်ဒေါ နားက တစ်ကိုယ်တော် Solo ရပ်တည် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အောင်မြင်မှုရဲ့ ခြေလှမ်းများ

Image:twitter/@Madonna

သူမရဲ့ ပထမဆုံး သီချင်း “Everybody”, က တော့ (၁၉၈၂)ခုနှစ်  အောက်တိုဘာမှာ ထွက်ရှိခဲ့ပါတယ်။ဒုတိယသီချင်း “Burning Up”, ကတော့ (၁၉၈၃) မတ် မှာ ထွက်ရှိခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ တော့ အောင်မြင်မှု လမ်း ကြောင်းပေါ် ကို ရောက်ခဲ့တဲ့ သူမဟာ (၁၉၈၃)ခုနှစ် ဇူလိုင် (၂၇)မှာတော့ ပထမဆုံး အယ်ဘမ် Madonna  ထွက်ရှိခဲ့ပါတယ်။အယ်ဘမ် အတွက် အစပိုင်းမှာတော့ Warner Bros ရဲ့ Musician ဖြစ်တဲ့ Reggie Lucas နဲ့ ထုတ်ပေမယ့် စိတ် တိုင်း မကျခဲ့သလို Lucas နဲ့ လည်း Production ပိုင်းနဲ့ သဘော ထားကွဲ လွဲ ခဲ့ပါတယ်။ဒါကြောင့် နောက်ထပ် အကူအညီကို ရှာခဲ့ပါတယ်။ John Benitez နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်။အဲ့ဒီလူဆီ ကနေ အကူအညီတောင်းပြီး ပထမဆုံး အယ်ဘမ် Production ပြီးမြောက် ခဲ့ပါတယ်။

သူမရဲ့ အောင်မြင်မှုတွေ

Image:twitter/@Madonna

အရမ်းကို အောင်မြင်ခဲ့တဲ့အဆိုတော် ဖြစ်တဲ့ အတွက် သူမရဲ့ အောင်မြင်မှုတွေ ကတော့ ပြောလို့ တောင် ကုန်မှာ မဟုတ်ပါဘူး။စံချိန်တွေ အများကြီး ချိုးနိုင်ခဲ့သလို ဂင်းနစ်မှတ် တမ်းလည်း ၀င်ခဲ့ပါတယ်။အမေရိကန် တစ်နိုင်ငံ တည်းမှာပဲ အချပ်ရေ အယ်ဘမ်ပေါင်း (၆၄)သန်း ကျော် ရောင်းချ နိုင်ခဲ့ပါတယ်။  Grammys ဆု တွေလည်း အများကြီးရခဲ့ပါတယ်။Forbe’s က ဖော်ပြ တဲ့ (2005)ရဲ့ သြဇာအလွှမ်းမိုးနိုင်ဆုံး ဆယ်လီစာရင်းရဲ့ နံပါတ် (၈)နေရာကို ရခဲ့ပါတယ်။ Most Successful Female Solo Artist အဖြစ်လည်း ဂင်းနစ်မှတ်တမ်းဝင်ထားပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း မခေသူ

Image:twitter/@MadonnaPowerBR

ဇာတ်ကားတွေ အများကြီးမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။(၁၉၉၇)မှာ တော့ Evita ဇာတ်ကားနဲ့ အကောင်းဆုံး မင်းသမီးအဖြစ် Golden Globe ဆုပေးပွဲမှာ ချီးမြှင့် ခဲ့ခဲ့ရပါတယ်။

MV တစ်ခု ကြောင့် Pespi က သူမနဲ့လက်တွဲ ဖြုတ်ခဲ့ဖူး

ဘာသာရေးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ပြကွက်တွေ အများကြီး ပါဝင်ထားတဲ့ “Like a Prayer” ဆိုတဲ့ MV ကြောင့်  တော်တော်လေး ဝေဖန်ခံခဲ့ရဖူးပါတယ်။နောက်ဆုံး မှာဆိုရင် Pespi က သူမကို စပွန်ဆာ ပေးမယ့် ကိစ္စကိုပါ ဖျက်သိမ်းပစ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။မက်ဒေါနားရဲ့ ဘ၀မှာ အကောင်းပဲ အပြောခံ ခဲ့ရ တော့ မဟုတ်ပါဘူး။

READ
သာစည်အကျဉ်းထောင်ထဲမှာ ကုသိုလ်ယူ၊ အလှူပြုခဲ့တဲ့ မြင့်မြတ်

အပျိုစင် ဘ၀ကို ဆုံးရှုံး ခဲ့ပုံ

မက်ဒေါနားကတော့ သူမရဲ့ အပျိုစင်ဘ၀ကို a Cadillac ကား နောက်ခြမ်းမှာ ဆုံးရှုံးခဲ့တာပါ။ဒီအကြောင်းကိုတော့ သူမရဲ့ မောင် Christopher Ciccone က  သူ့စာအုပ် Life With My Sister Madonna ထဲမှာ ထည့်ရေးခဲ့တာပါ။

သူမနဲ့ နာမည်ဆိုးများ

Image:IG /Madonna

သူမဟာအဆိုးဆုံးမင်းသမီးအဖြစ်  Razzie Awards for Worst Actress (Swept Away), Worst Supporting Actress (Die Another Day) ၊ Worst Screen Couple (Swept Away) ဆိုပြီး  ရခဲ့ ပါတယ်။(၁၉၉၉)တုန်းက ဆိုရင် People magazine  ကနေ အဆိုးရွားဆုံး ၀တ်စုံ ကို ဆင်မြန်းခဲ့တဲ့ အနုပညာရှင်စာရင်းကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီအထဲမှာ မက်ဒေါနား ပါပါတယ်။

မက်ဒေါနားရဲ့ အိမ်ထောင်ရေး၊အချစ်ရေး

Image:twitter/@MadonnaPowerBR

ချစ်သူရည်းစားတွေ အရမ်းများတဲ့ ဆယ်လီ အမျိုးသမီးတွေ ထဲမှာ မက်ဒေါ နားကလည်း တစ်ယောက် အပါအ၀င်ပါ။မင်းသား Sean Penn နဲ့ “Material Girl,” ဗီဒီယိုအတွက် အလုပ်လုပ်ရင်းနဲ့ စ တွဲ ခဲ့ပါတယ်။မက်ဒေါနားရဲ့ အသက် (၂၇)နှစ်ပြည့် မွေးနေ့ (၁၉၈၅)မှာတော့ လက်ထပ်ခဲ့ပါတယ်။သူမရဲ့ “True Blue” မှာဆိုရင် တော့ ခင်ပွန်းသည် ကို “the coolest guy in the universe” ဆိုပြီး တော့ တောင် တင်စားခေါ်ခဲ့ပါတယ်။(၁၉၈၆)မှာတော့ Sean Penn နဲ့ အတူတွဲပြီး Shanghai Surprise ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။(၁၉၈၉)မှာ ကွာရှင်းခဲ့ပါတယ်။

Image:twitter/@CELEBUZZ

(၁၉၉၂)ခုနှစ်မှာတော့ ရက်ပ်ပါ Vanilla Ice နဲ့ (၈) လ လောက် တွဲ ခဲ့ပါတယ်။တွဲခဲ့တုန်းကဆိုရင် ညလယ်ခေါင်လောက် ဖုန်းဆက်ပြီး တခြား မိန်းကလေးနဲ့ ရှိနေလား ဆိုပြီး ဖုန်းဆက်မေးတဲ့ အထိ အရမ်း သ၀န်တိုခဲ့ဖူးပါတယ်။(၂၀၀၀)ခုနှစ်မှာတော့ Guy Ritchie နဲ့ လက်ထပ်ပြီး (၂၀၀၈)မှာ ကွာရှင်းခဲ့ပါတယ်။Tupac, John F. Kenne dy, Jr., Antonio Banderas, Lenny Kravitz, Dennis Rodman, Jean-Michel Basquiat တို့နဲ့လည်း တွဲဖူးပါတယ်။

(၃၅)နှစ်ငယ်တဲ့ ကောင်လေးနဲ့ တွဲနေ

Image:IG/madonnambix

လက်ရှိမှာတော့ အသက် (၂၅)နှစ်အရွယ် back-up dancer Ahlamalik Williams  နဲ့ တွဲ နေပါတယ်။ချစ်သူသစ်လေးကတော့ သူမထက် အသက် (၃၅)နှစ်ငယ်ပါတယ်။ကောင်လေးရဲ့ မိဘ တွေ ကလည်း မက်ဒေါနားထက် ငယ်ပြီး သူမရဲ့ Fan တွေ ပါ။ သူတို့ သားနဲ့ မက်ဒေါနားကို  ကြည်ဖြူ သဘောတူ ထားပါတယ်။

 

View this post on Instagram

 

Saying Good-bye to 2019! We Continue to Swim with Sharks! And Take the Road Less Traveled by!! #fun #healing #davidbanda @ahla_malik

A post shared by Madonna (@madonna) on

Ref:wikipedia

SHARE