အချစ်ရူးမလေး Miley Cyrus အကြောင်း သင်မသိသေးတဲ့ အချက်များ

Image:IG/Miley Cyrus

အဆိုတော် ၊တေးရေး၊မင်းသမီးချော လေး Miley Cyrus ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဘ၀ အကြောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။Miley Cyrus ကိုတော့ ပရိသတ်တွေက  အချစ်ကို ကိုးကွယ်တတ်တဲ့ အချစ်ရူး မလေး အဖြစ် သတ်မှတ်ထားကြပါတယ်။Liam Hemsworth အပေါ် မှာ ချစ်သူဘ၀တည်းက သူမဘက်က အရမ်းကို ချစ် ခဲ့တာတွေကြောင့် သူမကို အချစ်ရူးမလေးလို့ သတ်မှတ်တာပါ။ဒါပေမယ့် အကြိမ်ကြိမ်ပြတ်လိုက် တွဲလိုက် ဖြစ်တဲ့ သူတို့ နှစ်ယောက်ဟာ လက်ထပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ လမ်းခွဲခြင်းနဲ့ပဲ ထပ်ပြီး အဆုံးသတ်ခဲ့ရပါတယ်။

သူမရဲ့ အနုပညာလှုပ်ရှားမှု အစ

Image:IG/Miley Cyrus

Miley Cyrus ကိုတော့ (၁၉၉၂)ခုနှစ် နိုဝင်ဘာ (၂၃)မှာ မွေးဖွားခဲ့တာပါ။နာမည်ရင်းကတော့ Destiny Hope Cyrus ပါ။TV စီးရီး Doc နဲ့ ရုပ်ရှင် Big Fish မှာ ပါဝင်ပြီးနောက်ပိုင်း နာမည်ကြီးခဲ့သူပါ။ Disney Channel television series Hannah Montana မှာ သ ရုပ်ဆောင် ခဲ့သူပါ။သူမရဲ့ ဖခင် Billy Ray Cyrus လည်း  အဲ့ဒီ စီးရီးမှာ ပါဝင်ခဲ့ဖူးပါတယ်။Miley Cyrus   ကတော့ (၂၀၀၆)မှာတည်း က Teen Idol ဖြစ်လာခဲ့သူပါ။

မိသားစု အကြောင်း

Image:IG/Miley Cyrus

သူမရဲ့ ဖခင်ကတော့ country အဆိုတော် Billy Ray ပါ။Miley Cyrus မှာ တော့ မွေးချင်းငါးယောက်ရှိပါတယ်။သူမရ့ ခေါင်းကိုင် မိခင်က အဆိုတော်  မင်းသမီး Dolly Parton ပါ။Mile y Cyrus ရဲ့ အကြိုက်ဆုံးသီချင်းကတော့ သူ့ အဖေရဲ့  “Achy Breaky Heart” ပါ။

ငယ်ငယ်က ကျောင်းထုတ်ခံရဖူး

Image:IG/Miley Cyrus

ငယ်ငယ်တုန်းက ပုဂ္ဂလိက ကျောင်းတစ်ခုကနေ ထုတ်ပယ်တာခံခဲ့ရဖူးပါတယ်။အကြောင်းအရင်းကတော့အမျိုးမျိုး ပြော နေကြတာမို့ ဘာက အတိအကျလဲတော့ မသိပါဘူး။ကျောင်းက ဆရာ တစ်ယောက်ရဲ့ စက်ဘီးငယ် ကို ခိုး လို့  ၊ French Kissing အကြောင်းကို အတန်းဖော်တွေကို ပြောလို့ ဆိုပြီး သတင်းတွေကတော့ အမျိုးမျိုး ပြောကြပါတယ်။

READ
ချစ်စရာကောင်းတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေ ရင်ခုန်သွားစေတဲ့ နွယ်နွယ်ထွန်း

သူမရဲ့ ပထမဆုံး အလုပ်က ဘရာကောက်ရတဲ့ အလုပ်…

Image:IG/Miley Cyrus

သူမရဲ့ ဘ၀မှာ လုပ်ခဲ့ရတဲ့ ပထမဆုံးအလုပ်(ပိုက်ဆံရတဲ့ အလုပ်) ကတော့ ထူးဆန်းပါတယ်။ဘရာနဲ့ အတွင်းခံ ဘောင်းဘီ တွေ ကောက်ရတဲ့ အလုပ်ပါ။ဖခင်ဖြစ်သူက အဆိုတော်က သူမကို ဖျော်ဖြေပွဲ Tour တွေကို ခေါ်သွား လေ့ရှိပါတယ်။အဲ့ဒီမှာ ပရိသတ်တွေက စင်ပေါ်ကို ပစ်ပေါက်တဲ့  ဘရာနဲ့ အတွင်းခံကို သူမကို  လိုက်ကောက်ခိုင်းခဲ့တာပါ။ လိုက်ကောင်ရင် အမေရိကန်ဒေါ်လာ (၁၀) ဒေါ်လာ ရပါတယ်။

ဘယ်သန်တစ်ယောက်

Image:IG/Miley Cyrus

Miley က ဘယ်သန်တစ်ယောက်ပါ။ဒါပေမယ့် ဖခင်ဖြစ်သူက သူမကို ညာသန်ဖြစ်အောင် သင်ကြား ပေးခဲ့ ပါတယ်။ဒါကြောင့် တစ်ခါ တလေကျရင် ညာနဲ့ ရေးထားတဲ့ သူမရဲ့ လက်မှတ်တွေကို မဖတ်တက်ရင် ဖခင်ဖြစ်သူကိုပဲ  သွား ပြောကြပါလို့ သူမက ဟာသလုပ်ပြောခဲ့တာပါ။

နှလုံးခုန်မြန်တဲ့ ရောဂါရှိ

tachycardia ဆိုတဲ့ ရောဂါက အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အထိ တော့ မပြင်းထန်ပါဘူး။ပုံမှန် ထက် နှလုံးခုန် မြန်တဲ့ ရောဂါ သူမမှာ ရှိပါတယ်။

တက်တူးချစ်သူကြီး

Image:IG/Miley Cyrus

သူမမှာ ဆိုရင် အနည်းဆုံး တက်တူး (၂၂)ခု ထက်မနည်းရှိပါတယ်။တက်တူးတွေကို တစ်ကိုယ်လုံး နေရာ အနှံ့ မှာကို ထိုးထားတာပါ။သူမရဲ့ လက်မောင်းမှာဆိုရင် သူမရဲ့ အဖွားပုံတူတက်တူးလည်းရှိပါတယ်။အဲ့ဒါကိုတော့ သူမအကြိုက်ဆုံး တက်တူး Artist ဖြစ်တဲ့ Kat Von D က ထိုးပေးထားတာပါ။

သူမရဲ့ ပထမဆုံး ချစ်သူ…

Image:IG/Miley Cyrus

သူမရဲ့ ပထမဆုံး ချစ်သူက မော်ဒယ် Justin Gaston  ပါ။(၉)လလောက် တွဲ ခဲ့ဖူးပါတယ်။ဒါပေမယ့် Miley က က မဂ္ဂဇင်းတစ်ခုနဲ့ အင်တာဗျူးမှာ တော့ သူမ တကယ်ကြီးချစ်ခဲ့ရတဲ့ ပထမဆုံး ချစ်သူကတော့ Liam Hemsworth ပါလို့ ပြောခဲ့ပါတယ်။

READ
ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် ဘယ်သူ့မှာမှတာဝန်မရှိဘူးလို့ ပြောလိုက်တဲ့ ဇာဏ်ခီ

သူမ ကြောက်တဲ့ အကောင်

Miley  မှာ အရမ်းကြောက်တဲ့ အကောင်တစ်ကောင်ရှိပါတယ်။သူမဟာ ပင့်ကူအရမ်းကြောက်တတ်ပါတယ်။

စံချိန်တင်နိုင်ခဲ့တဲ့ သူမရဲ့ “Wrecking Ball”

Image:IG/Miley Cyrus

သူမရဲ့ music video”Wrecking Ball” ကတော့ ထွက်ရှိပြီး (၂၄)နာရီ အတွင်း ကြည့်ရှုသူ အများဆုံး အဖြစ် Vevo record ရထားတာပါ။ဝေဖန်တာတွေလည်း ခံရပေမယ့် ပရိသတ်တွေကလည်း အရမ်းကို အားပေးခဲ့ကြပါတယ်။

သူမရဲ့ ကြွယ်ဝချမ်းသာမှု

Image:IG/Miley Cyrus

Miley Cyrus ရဲ့ ချမ်းသာကြွယ်ဝမှု ကို ပြောရမယ်ဆိုရင်တော့ (၂၀၁၇)မှာ ဆိုရင် ခန့်မှန်း ချေ အမေရိကန် ဒေါ်လာ သန်းနှစ်ရာ ကြွယ်ဝချမ်းသာပါတယ်။(၂၀၀၁-၂၀၁၇)မှာတော့ အမေရိကန်ဒေါ်လာ သန်း (၃၆၀) ကျော်လောက် အထိ ချမ်းသာပါတယ်။

Liam Hemsworth နဲ့ သူမရဲ့ ပြတ်လိုက်ဆက်လိုက် ဇာတ်လမ်း

Image:IG/Miley Cyrus

The Last Song ရိုက်ရင်းနဲ့ တွေ့ခဲ့ကြတာပါ။သူမက Liam အပေါ်မှာ ဘယ်လောက်ထိချစ်သလဲ ဆိုတာကိုတော့ ပွဲတွေ အတူယှဉ်တွဲ တက်တိုင်း ချစ်သူ ကိုလူချောကို ကြည့်တဲ့ သူမရဲ့ အကြည့်တွေကို မြင်ရင် သိနိုင်ပါတယ်။(၂၀၀၉) မှာ ချစ် (၂၀၁၂ ကနေ ၂၀၁၃) အထိ စေ့စပ်ထားတဲ့ ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။လမ်းခွဲ လိုက် ပြန် တွဲ လိုက် နဲ့ တော်တော်လေး ပြတ်လိုက် ဆက်လိုက် လုပ်နိုင်တဲ့ စုံတွဲပါ။(၂၀၁၆)မှာတော့ အချစ်တွေ တဖန်ပြန်စ ပြီး အောက်တိုဘာ မှာ ပြန်စေ့စပ်ခဲ့ပါတယ်။

Image:IG/Miley Cyrus

နိုဝင်ဘာ (၂၀၁၈)မှာတော့ သူမနဲ့ Hemsworth တို့ရဲ့ အိမ်ကြီး မီးလောင်ခဲ့ပါတယ်။ (၂၀၁၈) ဒီဇင်ဘာမှာတော့ အကျဉ်းချုံး မင်္ဂလာဆောင်ခဲ့ပါတယ်။သမီးရည်းစားဘ၀တည်းက ပြတ်ဆက် စုံတွဲကတော့ လက်ထပ်ပြီး သိပ် မကြာလိုက်ပါဘူး။(၂၀၁၉) သြဂုတ် (၁၀) ရက်မှာတော့ လမ်းခွဲ လိုက်ပြီ လို့ ကြေညာခဲ့ပါတယ်။ဒီတစ်ခါ တော့ တကယ်ပဲ ဇာတ်သိမ်းမလား… အရင်လိုပဲ ပြန်အဆင်ပြေကြမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ..။

Image:IG/Miley Cyrus

Source:boomsbeat/wikipedia

SHARE