Miss Universe၊မော်ဒယ် Olivia Culpo ရဲ့ စိတ်ဝင်စားစရာ ဘ၀ အကြောင်း

Image:IG/Olivia Culpo

Olivia Frances Culpo ကတော့ Miss Universe တစ် ယောက်ဖြစ်သလို မော်ဒယ်တစ်ယောက် အဖြစ်ပါ ရပ်တည် နေသူပါ။လှပပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ သူမရဲ့ IG မှာဆိုရင်တော့ ပုံအလန်းလေးတွေကို မကြခဏ ဝေမျှ လေ့ရှိပါတယ်။Miss Universe ၊မော်ဒယ်မလေး Olivia Culpo ရဲ့ စိတ်ဝင်စားဖွယ်ရာ ဘ၀ အကြောင်းကို Shwemom စာဖတ်သူတွေ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။

 

View this post on Instagram

 

Lean wit it

A post shared by Olivia Culpo (@oliviaculpo) on

Bio

သူမရဲ့ နာမည်အရင်းကတော့ Olivia Frances Culpo ပါ။အမေရိကန် ဖက်ရှင် influencer တစ်ယောက် ဖြစ်သလို မော်ဒယ် အလှမယ် ဟောင်းတစ်ယောက် အဖြစ်ပါ ရပ်တည်နေပါတယ်။ဒါ့အပြင် သူမဟာ social media personality နဲ့ မင်းသမီးတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။အ မေရိကန် Rhode ကျွန်းက Cranston ဆိုတဲ့ မြို့ လေးမှာ မွေးခဲ့တာပါ။မွေးချင်း ငါးယောက်ထဲကမှ အလတ်ပါ။Miss Rhode Island USA  မှာ အနိုင်ရပြီး နောက် သူမဟာ Miss USA ဖြစ်လာခဲ့ပါတယ်။(၂၀၁၂) Miss Universe အလှမယ် သရဖူကို ရထားသူပါ။

အလှမယ်ပြိုင်တာကို မိဘတွေ က မလိုလား

Image:IG/Olivia Culpo

အလှမယ်ပြိုင်ပွဲဝင်တာကို သူမရဲ့ မိဘ တွေက သဘောမတူခဲ့ကြပါဘူး။ဒါကြောင့်လည်း သူမရဲ့ Activity တွေ ကို မိဘတွေက ပံ့ပိုးကူညီတာမျိုး မလုပ်ပေးခဲ့ပါဘူး။ဒါကြောင့် ဒေါ်လာ (၂၀) တန် runway grown ကို ငှားပြီး  စင်ပေါ်မှာ လျှောက်ခဲ့ရပါတယ်။အရမ်းတိုနေတဲ့ အပြင် နောက်မှာပါ အပေါက်ပါ နေခဲ့တဲ့ ဂါဝန် နဲ့ လျှောက်ခဲ့ရပေမယ့် ဒိုင်ေ တွ က သူမကို သဘောကျခဲ့ကြပါတယ်။အစပိုင်းမှာတော့ သူမလျှောက်တဲ့ လမ်းကို မိဘ တွေက သဘောမကျ ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ Career ကို ပံ့ပိုးပေးခဲ့ကြပါတယ်။

READ
မင်းသမီးကြီး ခင်လေးဆွေငယ်စဉ်က ဓါတ်ပုံလေးတွေတင်လိုက်တဲ့ စမိုင်း

(၁၉၉၇)နောက်ပိုင်း အမေရိကန် ရဲ့ ပထမဆုံး Miss Universe

Image:IG/Olivia Culpo

Olivia Frances Culpo ကတော့ (၁၉၉၇)ခုနှစ် နောက်ပိုင်းမှာ အမေရိကန်ရဲ့ ပထမဆုံး Miss Universe အလှမယ် ပါ။သမိုင်းတစ်လျောက်မှာ Miss Universe ရခဲ့ဖူးတဲ့ အမေရိကန် အမျိုးသမီး(၈)ဦးထဲမှာ သူမကလည်း တစ်ယောက် အပါအ၀င်ပါ။

ဂီတဘက်မှာလည်း ထူးချွန်သူ

Image:IG/Olivia Culpo

သူမဟာ ဂီတ ဘက်မှာပါ ထူးချွန်တဲ့ ပါရမီရှင်လေးပါ။Cello(တယောအကြီးစား)ကို ကောင်းကောင်း တီးခတ် နိုင် သူပါ။သူမရဲ့ အဲ့ဒီ အရည်အချင်းကပဲ Miss Universe ဖြစ်လာဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

သူမရဲ့ ၀ါသနာ

Image:IG/Olivia Culpo

Olivia Frances Culpo မှာတော့ တခြား ထူးခြားတဲ့ ၀ါသနာလေးတွေ လည်းရှိပါသေးတယ်။မတူညီတဲ့ နေရာ  တွေ ကို သွားပြီး အတွေ့အကြုံ သစ်တွေ၊ယဉ်ကျေးမှု သစ်တွေကို လေ့လာရတဲ့ ခရီးသွားခြင်းကို နှစ်သက် သူပါ။သူမရဲ့ အကြိုက်ဆုံး နေရာတွေထဲမှာ အိန္ဒိယလည်း ပါ ပါတယ်။နောက်ထပ် ၀ါသနာကတော့ ချက်ပြုတ်ခြင်းပါ။အားလပ် ချိန် တွေမှာ ချက်ပြုတ်ရတာကို ကြိုက်ပါတယ်။

Pencils for Promise  ရဲ့ Ambassador

Image:IG/Olivia Culpo

(၂၀၁၆)မှာတော့ Olivia Culpo ကို Pencils of Promise ရဲ့ Ambassador အဖြစ် ကြေညာခဲ့ပါတယ်။ဒီအဖွဲ့ အစည်းကတော့ ကိုယ်ကျိုးမဖက် အဖွဲ့ အစည်းပါ။ဖွံ့ ဖြိုးဆဲ နိုင်ငံတွေ ပညာရေးအခွင့်အလန်းတိုးတက်လာအောင် ဖန်တီး ပေးတဲ့ အဖွဲ့ပါ။

ကိုယ်ပိုင်စားသောက်ဆိုင်ရှိ

Image:IG/Olivia Culpo

ချက်ပြုတ်ရတာ ၀ါသနာ ပါတဲ့ စိတ်ကတော့ ဖခင်ဆီကနေ ရလာတာပါ။သူမရဲ မိခင်က ဂီတပညာရှင် တစ်ယေက် ဖြစ်ပြီး အ ဖေ ကတော့ စားသောက်ဆိုင်ပိုင်ရှင်ပါ။Rhode Island  မှာ  ‘The Back 40’  ဆိုတဲ့ ဆိုင် လေး ဖွင့် ထားပါတယ်။

READ
ချစ်သူဆီမှာ ရိုက်နှက်ခံရတဲ့အကြောင်းကို ဖွင့်ဟလာတဲ့ ကိုရီးယားအဆိုတော်မလေး

ပညာရေးဘက်မှာပါ ထူးချွန်

Image:IG/Olivia Culpo

ပြင်ပ အလှအပ တင်မဟုတ်ပါဘူး။သူမဟာ ပညာရေးဘက်မှာပါ ထူးချွန်သူပါ။(၂၀၁၀)မှာ တော့ စိန့်မယ်ရီ ကျောင်း က နေ အဆင့်ကောင်းကောင်းနဲ့ အောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Communication နဲ့ Acting ပညာကို Boston တက္ကသိုလ် မှာ လေ့လာ သင်ယူခဲ့ပါတယ်။

သူမရဲ့ Role Model

Image:IG/Olivia Culpo

Olivia Culpo  ကတော့ သူမရဲ့ Role Model က Audrey Hepburn လို့ ပြောခဲ့ဖူးပါတယ်။ဗြိတိန်-ဒတ်ခ်ျ မင်းသမီးပါ။Audrey Hepburn ကတော့ မင်းသမီး၊လူသားချင်းစာနာထောက်ထားသူပါ။

အချစ်ရေး

Image:IG/Olivia Culpo

Olivia Culpo ကတော့ Danny Amendola နဲ့ တွဲခဲ့ဖူးပါတယ်။(၂၀၁၆-၂၀၁၈)မှာ တွဲခဲ့ပါတယ်။Amendola ကတော့ ဘောလုံးသမားတစ်ယောက်ပါ။Culpo က Danny  နဲ့ တခြား မိန်းကလေးတစ်ယောက်ရဲ့ ဓါတ်ပုံ ကိုေ တွ့လိုက်လို့ ကွဲတာဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။လမ်းခွဲပြီးနောက်မှာတော့ Amendola  က Culpo  ကို ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ဆိုရှယ်မီဒီယာကို သုံးပြီး တမင် Attention ရှာ နေတယ်၊ ပိုက်ဆံ ရဖို့ လုပ်နေတယ်ဆိုပြီး အမျိုးမျိုး စွပ်စွဲ ပြောဆိုခဲ့ပါတယ်။နောက်ပိုင်းမှာတော့ သူ့ရဲ့ Post တွေကို ပြန်ဖျက် သွားခဲ့ပါတယ်။

Image:IG/Olivia Culpo

 

View this post on Instagram

 

Incase you want to know what it was really like shooting with this scary AF 12 foot black headed python 😜😯😬 @si_swimsuit

A post shared by Olivia Culpo (@oliviaculpo) on

Source:tvovermind/wiki

 

SHARE