Novak Djokovic က တော့ ကမ္ဘာ ကျော် တင်းနစ်ကစားသမားပါ။ကမ္ဘာ့ဝင်ငွေ အ ကောင်းဆုံး အားကစား သမား အဖြစ်ပါ ရပ်တည် နေသူပါ။Novak Djokovic ရဲ့ စိတ်ဝင်စားစရာ ဘ၀ အ ကြောင်းတွေ နဲ့ သူ့ရဲ့ ထူး ဆန်း တဲ့ အ ကျင့် စရိုက် တွေ အ ကြောင်းတွေကို တော့ wiki နဲ့ ohfact တို့ မှာ အခုလို ဖော်ပြထားပါတယ်။
Tennis Racket ကို စကိုင်ခဲ့ချိန် နဲ့ သူ့ရဲ့ နည်းပြ
သူ့ အသက် (၄)နှစ်မှာ ပထမဆုံးအကြိမ် Tennis Racket ကို စကိုင်ခဲ့တာပါ။သူ့ အ ဖေ ၀ယ်လာတာ ကို စ ကိုင် ကြည့်ခဲ့ဖူးတာပါ။(၁၉၉၃)တုန်းက တင်းနစ်ကစားသမား Jelena Gencic နဲ့ အတူ ရှိ နေ ခဲ့တာပါ။သူမက (၆)နှစ်သား အရွယ် Djokovic ရဲ့ Talent ကို မြင်ပြီး သူ့ကို (၆)နှစ်လောက် Train ပေး ခဲ့တာပါ။ အသက် (၁၃)နှစ် မှာတော့ ဂျာမနီ Pilic Academy ကို တက် ရောက်ခဲ့ပါတယ်။(၁၄)နှစ်မှာတော့ နိုင်ငံတကာ အားကစားလောကထဲ စ ၀င်ခဲ့ပါတယ်။
(၁၄)နှစ်သားတည်းက အနိုင်နဲ့ စခဲ့
(၂၀၀၁)သူ့ အသက် (၁၄)နှစ်မှာတော့ Djokovic က European champion ပွဲမှာ တစ်ယောက်၊နှစ်ယောက်နဲ့ အသင်း လိုက် ပွဲ တွေ မှာ ဆုရခဲ့ပါတယ်။World Junior Championship မှာလည်း ငွေတံ ဆိပ် ရခဲ့ပါတယ်။ (၂၀၁၆) မှာတော့ သမိုင်းတစ်လျောက် မှာLord Laver ပြီးရင် “Career Slam” ကို နိုင်ခဲ့တဲ့ ပထမဆုံး တင်းနစ် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ပြိုင်ဖက် တွေ ကြောက်ရတဲ့ ကစားသမား
Djokovic ကတော့ တစ်နှစ် အတွင်းမှာ Roger Federer ကို သုံး ကြိမ် နိုင်ခဲ့ပါတယ်။ဒါတင်မကပဲ Roger Federer အပြင် Rafael Nadal ကိုပါ ကောင်းကောင်းကြီး အနိုင်ရခဲ့သူပါ။ပြိုင်ဖက် တွေ အတွက် တော့ သတိ ထား ယှဉ် ပြိုင်ရတဲ့ ပြိုင် ဖက် ကောင်းတစ်ယောက်ပါ။ Federer နဲ့ Nadal တို့ ကို ပြိုင်ပွဲ တစ်ခု တည်းမှာ အနိုင် ရခဲ့သူ ပါ။
အချစ်ရေး
အထက်တန်း ကျောင်းမှာ စတွေ့ ခဲ့တဲ့ Jelena Ristic နဲ့ လက်ထပ် ထားပါတယ်။(၂၀၁၄) ဇူလိုင် (၁၀) မှာ လက်ထပ်ခဲ့တာပါ။(၂၀၀၅)မှာ စ တွဲပြီး (၂၀၁၄)မှာ လက်ထပ်ခဲ့ကာ အခုဆိုရင်တော့ သားတစ်ယောက်၊သမီး တစ်ယောက် နဲ့ ပျော်စရာ မိသားစု ဘ၀ လေး ကို ပိုင်ဆိုင်နေပါပြီ။
ဘာသာစကားတွေ အများကြီး ပြောနိုင်
Serbian, Italian, German ၊ English ဆိုတဲ့ ဘာသာစကား (၄)မျိုးကို ပြောနိုင်ပါတယ်။သူ့မိန်းမ Jelena Ristic ဆိုရင်တော့ ဘာသာစကား (၁၇) မျိုးတောင် ပြောနိုင်ပါတယ်။
“Novak Djokovic Foundation” ကို ထူထောင်
(၂၀၀၇)ခုနှစ်မှာတော့ ချို့တဲ့ တဲ့ က လေးငယ်တွေ ကူညီပေးဖို့ “Novak Djokovic Foundation” ကို ထူထောင် ခဲ့ ပါတယ်။ဆာဘီးရီးယားမှာရှိတဲ့ ငွေ ကြေး မပြည့်စုံတဲ့ က လေး တွေ၊ စစ် ပွဲေ ကြာင့်မိဘမဲ့ နေရ တဲ့ က လေး တွေ အတွက် ငွေ ကြေး ပံ့ပိုး ပေးတာပါ။ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ကတော့ Jelena Ristic ပါ။
ထူးဆန်းတဲ့ အကျင့်
Martin Solveig ရဲ့ Hello ဆိုတဲ့ MV မှာ သရုပ် ဆောင်ဖူးပါတယ်။ထူးဆန်းတဲ့ အကျင့် ကတော့ မြက်စား တာပါ။မြက် စားရတာကို ကြိုက်ပါတယ်။ကစားနေချိန် မှာ လည်း သူ့တစ်ယောက်တည်း ကိုယ့်ကိုယ်ကို စကား တွေ ပြန် ပြောတတ်ပါတယ်။