King of Bollywood (သို့)SRK အကြောင်း သင်မသိသေးတဲ့ အချက် (၈)ချက်

bollywoodshaadis/SRK's IG

Shah Rukh Khan ကတော့ ပရိသတ်နဲ့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားချောပါ။ဘောလိဝုဒ် သရုပ်ဆောင် လောကရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ပါ။သူ့ကိုဆိုရင် မီဒီယာတွေက Romance King၊”King of Bollywood” “King Khan” ဆိုပြီး တင်စားခေါ်ကြပါတယ်။အသက် (၅၀)ကျော်နေပေမယ့် အခုချိန်ထိ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသားတစ်ယောက် အဖြစ် ဆက်လက် ရပ်တည်နေစဲပါ။Shah Rukh Khan နဲ့ ပတ်သက်ပြီး ပရိသတ်တွေ မသိလောက် သေးတဲ့ စိတ်ဝင်စားစရာ အချက် လေးတွေကို ဖော်ပြ ပေးချင်ပါတယ်။

BIO

Khan ကိုတော့ (၁၉၆၅)ခုနှစ် နိုဝင်ဘာ (၂)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မွေးဖွား ခဲ့ပေမယ့် အသက် (၅)နှစ်အထိက Mangalore မြို့မှာ  နေထိုင်ခဲ့ပါတယ်။နာမည်အရင်းကတော့ Abdul Rahman ပါ။ Talk Show တစ်ခုမှာ သူကိုယ်တိုင် ထုတ်ပြောခဲ့တာပါ။သူ့ရဲ့နာနီက သူ့ကို Abdul လို့ နာမည် ပေးခဲ့တာပါ။ဒါပေမယ့် အဲ့ဒီနာမည်ကို သုံးပြီး စာရင်းသွင်းတာမျိုးမလုပ်ခဲ့ဖူးဘူး လို့လည်း ဆိုပါတယ်။

အဘွားဖြစ်သူက မွေးစား

Image:IG/Shah Rukh Khan

Shah Rukh Khan ကိုတော့ သူ့ရဲ့ အဘွားဖြစ်သူက မွေးစားခဲ့ဖူးပါတယ်။အဘွားဖြစ်သူက သား အရမ်း လိုချင် နေတဲ့ အတွက် သူ့ကို မွေးစားခဲ့တာပါ။သူ့အသက် (၅)နှစ် (၆)နှစ်လောကင်အထိက အဘွားနဲ့ပဲ နေခဲ့ ပါတယ်။ နောက်ပိုင်းကျမှ မိဘတွေဆီကို ပြောင်းနေခွင့်ရခဲ့တာပါ။

သူတကယ်ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့ အိမ်မက်…

Image:IG/Shah Rukh Khan

SRK က တကယ်တော့ မင်းသားတစ်ယောက် ဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး။သူ့မှာ သူဖြစ်ချင်တဲ့ အိမ်မက်က သပ်သပ် ရှိပါတယ်။တကယ်ဖြစ်ချင်ခဲ့တာက စစ်တပ်ထဲကို ၀င်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ချင်ခဲ့တာပါ။ငယ်ငယ်ထဲက စစ်ထဲဝင်ချင်ခဲ့တဲ့ SRK ဟာ Jab Tak hain Jaan ဇာတ်ကားထဲမှာ Samar Arya ဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ခွင့်ရတဲ့ အချိန်မှာတော့ အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်။အမေဖြစ်သူက သူစစ်ထဲဝင်မှာကို သဘောမကျတဲ့ အတွက် မ၀င်ဖြစ်ခဲ့တာပါ။

မိဘ တွေက သူငယ်စဉ်မှာ ကွယ်လွန်

 

View this post on Instagram

 

Khan, Damme, Chan at the #JoyForum19. The joys all mine as I got to meet my heroes. @jcvd @jackiechan @joyforumksa

A post shared by Shah Rukh Khan (@iamsrk) on

SRK ရဲ့ မိဘ တွေက  သူမအောင်မြင်ခင်မှာ သေဆုံးသွားခဲ့ကြတာပါ။သူ့ အ ဖေ ကတော့ SRK အသက် (၁၅)နှစ် မှာ  သေသွားခဲ့တာပါ။SRK ရဲ့ အဖေ က စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေ မယ့် မအောင်မြင်ခဲ့ပါဘူး။မဆုံးခင်လုပ်သွားတဲ့ စီးပွားရေးတွေထဲမှာတော့ နယူးဒေလီက National Shcool of Drama ကျောင်းထဲက လက်ဖက်ရည်ဆိုင်ကလည်း တစ်ခု အပါအ၀င်ပါ။အဲ့ဒီလုပ်ငန်းလေးကတော့ SRK နဲ့ အနုပညာလောက ကို ဆက်သွယ်ပေးတဲ့ ကြိုးလေးတစ်ချောင်းဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။နောက်ပိုင်းမှာတော့ သူ့ရဲ့ မေမေ ပါ ဆုံးခဲ့ပါတယ်။သူ အောင်မြင်နေချိန်မှာတော့ လုပ်ကျွေးပြုစုစရာ မိဘတွေ မရှိတော့တဲ့ အချက်ကတော့ သူ့ဘ၀ ရဲ့ နောင် တ အရဆုံးအချက်ပါ။ဒါပေမယ့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ကြောင့်ပဲ  ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ် လာပြီးအခုလို အောင်မြင်လာခဲ့တာပါ။

READ
“ချိမြိန်သောလက်စားချေခြင်း”မှာ သရုပ်ဆောင်ပိုင်းလိုအပ်ခဲ့ရင်ခွင့်လွှတ်ပေးပါဆိုတဲ့ ခင်ဝင့်ဝါ

 အနုပညာလောကထဲ ရောက်လာပုံ

Image:IG/Shah Rukh Khan

Khan ကတော့ Dil Dariya ဆိုတဲ့ ရုပ်သံစီးရီးက သူ့ရဲ့ ပထမဆုံး သရုပ်ဆောင်ဘ၀ ခြေလှမ်းပါ။ဒါပေမယ့်လည်း ထုတ်လုပ်ရေးတွေက နှောင့်နှေးကြန့် ကြာခဲ့တဲ့ အတွက် (၁၉၈၉)ခုနှစ်က Fauji စီးရီးက သူ့ရဲ့ ပထမဆုံး  ဇာတ်ကား ဖြစ်ခဲ့ပါတယ်။စီးရီးတွေ နဲ့ စခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ရှင်ဘက်ကို ကူးပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။အစ ပိုင်းမှာတော့ ရုပ်ရှင်လိုင်းဘက် ပြောင်းဖို့ စိတ်မ၀င်စားတဲ့ အတွက် TV စီးရီးတွေ မှာ ပဲ သရုပ်ဆောင်ခဲ့တာပါ။(၁၉၉၁) ဧပြီမှာတော့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆုံးပါးသွားတဲ့ အမေဖြစ်သူကြောင့် ခံစားနေရတဲ့ ၀မ်းနည်း နာကျင်မှုတွေကို သက်သာအောင် လွတ်လမ်းအနေနဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။နယူးဒေလီကနေ မွန်ဘိုင်းကို ပြောင်းလာပြီး ရုပ်ရှင်လိုင်းဘက်ကို  စောက်ချ လုပ်ခဲ့တာပါ။

ရုပ်ရှင်လိုင်းနဲ့ အရမ်းကို အကျိုးပေးခဲ့

ရုပ်ရှင်သရုပ်ဆောင်လောကထဲကို ၀င်ဖို့က အဲ့ဒီအချိန်တုန်းက အခုလောက် မလွယ်ပါဘူး။ဘောလိဝုဒ်အနုပညာ လောကထဲ ၀င်ရတာ ခက်တယ်ဆိုပြီး သူများတွေ ဖြစ်နေ ပေမယ့် SRK အတွက်ကတော့ လွယ်ကူခဲ့ပါတယ်။ဒါဟာခည်း သူ့ရဲ့ ကြိုးစားချင်စိတ်ကြောင့်ပါ။ မွန်ဘိုင်းကိုပြောင်းခါစမှာတော့  ကျော ချစရာ တစ်နေရာ အတွက် ပိုက်ဆံမရှိလို့ ပလတ်ဖောင်းပေါ်မှာ အိပ်ခဲ့ရတဲ့ အချိန်တွေကိုလည်း ဖြတ်ကျော်ခဲ့ရဖူးပါတယ်။ လူရွေးပွဲတွေမှာ ၀င်ပြိုင်ခဲ့ ပြီး နောက် မှာတော့ သူဖြစ်ချင်တဲ့ အိမ်မက်တွေ  ဖြစ်လာခဲ့ပါတယ်။ ဇာတ်ကား လေးငါး ကား နဲ့ စာချုပ် လက်မှတ်ထိုးပြီး ရိုက်ကူးခဲ့တာပါ။ ပွဲဦးထွက် ရုပ်ရှင်ကားကတော့ Deewana ဖြစ်ပြီး (၁၉၉၂)မှာ ထွက်ခဲ့တာပါ။ Deewana က Box Office မှာပါ ထိပ်တန်း ရောက်တဲ့ အထိ အောင်မြင်ခဲ့ပါတယ်။Filmfare Best Male Debut Award  ဆုပါ ရခဲ့ပါတယ်။ ပထမဆုံး ခေါင်းဆောင် မင်းသား အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ကတော့ Raju Ban Gaya Gentleman ဖြစ်ပြီး  Juhi Chawla နဲ့ အတူ သရုပ် ဆောင်ခဲ့တာပါ။

READ
သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကား ၅ ကား

SRK အကြိုက်ဆုံး မင်းသမီး၊မင်းသား

Image:IG/Shah Rukh Khan

SRK မှာ အကြိုက်ဆုံး မင်းသမီးတစ်ယောက်ရှိပါတယ်။သူကတော့ Mumtaz ဆိုတဲ့ အိန္ဒိယ မင်းသမီးပါ။ ခေတ် ဟောင်း မင်းသမီးဆိုပေမယ့် တကယ့်ကို လှပပြီး ဆွဲ ဆောင်မှုရှိတဲ့ မင်းသမီးတစ်ယောက်ပါ။ သူမရဲ့ ရုပ်ရည် တင်မဟုတ်ပဲ သရုပ်ဆောင်စွမ်းရည်ကိုပါ အရမ်းသဘောကျခဲ့တယ်လို့ SRK က ပြောခဲ့ဖူးပါတယ်။ သူ သဘောကျ အားကျ လေးစားရတဲ့ မင်းသားတွေ ကတော့ အများကြီးပါ။သူကြိုက်တဲ့ မင်းသားတွေ ကတော့..Balraj Sahani, Dilip Kumar, Amitabh Bhacchan, Shashi Kapoor..တို့ပါ။

Shah Rukh နဲ့ Gauri Chibber တို့ရဲ့ ပုံပြင်ဆန်လွန်းတဲ့ အချစ် 

Image:bollywoodshaadis

(၁၈)နှစ်အရွယ်တုန်းက တွေ့ပြီး သ ဘောကျခဲ့တဲ့ မိန်းကလေးကို လက်ထပ်ယူခဲ့တဲ့ အချစ်ပါ။ သူတို့နှစ်ယောက်ဟာ (၁၉၈၄)ခုနှစ် တုန်းကပါတီ တစ်ခုမှာ ဆုံခဲ့တာပါ။SRK က မြင်မြင်ချင်းချစ်သွားခဲ့တာပါ။ Gauri  ကို စတွေ့ ချိန် မှာတော့ တခြားယောက်ျားလေးတစ်ယောက်နဲ့ က နေခဲ့တာပါ။ကြောက်လည်း ကြောက်နေတာမို့ တွဲ ကဖို့ မပြောရဲ ခဲ့ပေမယ့် နောက်ပိုင်း သတ္တိရှိရှိနဲ့ ပြောကြည့်ချိန်မှာတော့ အငြင်းခံခဲ့ရပါတယ်။ငါ့ချစ်သူကို စောင့်နေတာ လို့ ပြောပြီး အငြင်း ခံလိုက်ရတာပါ။တကယ်အမှန်က ဒီပွဲကို Gauri က သူ့အစ်ကို နဲ့လာခဲ့တာပါ။

bollywoodshaadis

စတွေ့တုန်းက SRK က (၁၈)နဲ့ Ga uri က (၁၄)နှစ်ပါ။SRK ရဲ့ ပိုင်ဆိုးပိုင်နင်းနိုင်တဲ့ စိတ်ကို Gauri က သ ဘောမကျခဲ့ပါဘူး။SRK ဆီက ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။သူမရဲ့ မွေးနေ့ ပွဲ ကို ကျင်းပပြီး တစ်ရက် အကြာမှာ SRK ကို မပြောပဲ သူငယ်ချင်း တွေနဲ့ အတူမွန်ဘိုင်းကို ထွက် ပြေးသွားခဲ့ပါတယ်။SRK က အဲ့ဒီမှာပဲ Gauri အပေါ် ထားတဲ့ သူ့ရဲ့ အချစ်က ဘယ်ေ လာက် နက်ရှိုင်းလဲဆိုတာကို နားလည် သွားပြီး သူငယ်ချင်းတွေ ခေါ်ပြီး Gauri ကို တစ်မြို့ လုံး ပတ်ရှာခဲ့ပါတယ်။နောက်ဆုံးမှာတော့ ကမ်းခြေမှာ ရှာတွေ့ခဲ့ပါတယ်။တစ်ယောက်နဲ့ တစ်ယောက် တွေ့ချိန်မှာပဲ မျက်ရည်တွေ ကျ ငိုခဲ့ကြပြီး အဲ့ဒီ အချိန် ကစလို့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။(၁၉၉၁)မှာ လက်ထပ်ခဲ့ပါတယ်။

Source:Wiki/smokyevening/bollywoodshaadis

 

SHARE