အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင်ရဲ့ ပဲ့ကိုင်ရှင် Shiza Shahid အကြောင်း သိမှတ်ဖွယ်ရာများ

MOUNT MARY UNIVERSITY

မာလာလာဟာ ပြီးခဲ့တဲ့ (၂၀၁၄)ခုနှစ်က အသက်(၁၇)နှစ်အရွယ်မှာပဲ နိုဘယ်လ်ဆုကြီးကို အသက်အငယ်ဆုံးစံချိန်အဖြစ် ရယူနိုင်ခဲ့သူပါ။ မာလာလာဟာ ဒီဆုထူးကြီးကို အိန္ဒိယနိုင်ငံက ကလေးအခွင့်ရေးလှုပ်ရှားသူ အသက်(၆၆)နှစ်အရွယ် Kailash Satyarthi နဲ့အတူ ပူးတွဲရရှိခဲ့တာပါ။ မာလာလာရဲ့နောက်ကွယ်မှာ အဓိကအရေးပါတဲ့ လှုပ်ရှားမှုတွေ ဖန်တီးနေတဲ့လူတစ်ယောက် ရှိပါတယ်။

သူမကတော့ Shiza Shahid ဖြစ်ပြီး၊ လက်ရှိအချိန်မှာ အသက်(၂၄)ဖြစ်ပါတယ်။ သူမ အသက်(၂၀)အရွယ်ကတည်းက မာလာလာကို ဝန်းရံခဲ့သူပါ။ မာလာလာဟာ ငယ်စဉ်ကတည်းက မိန်းကလေးတွေရဲ့ ပညာသင်ယူခွင့်ဆိုင်ရာကိစ္စရပ်တွေကို လှုပ်ရှားခဲ့ရာက တာလီဘန်တွေရဲ့ မျက်မုန်းကျိုးခြင်း ခံခဲ့ပါတယ်။

YouTube/Luyna

ဒီလိုနဲ့ အသေဆိုပြီး ပစ်ခတ်ခံခဲ့ရပေမယ့် ကံကောင်းထောက်မစွာ အသက်ဆက်ရှင်ခဲ့ပြီး၊ နိုဘယ်လ်ဆုကိုတောင် ရယူသည်အထိ ကမ္ဘာပေါ်မှာ သြဇာတိက္ကမကြီးခဲ့ပါတယ်။ ဒီအတွက် နောက်ကွယ်က အဓိက ပံ့ပိုးသူကတော့ Shiza ပါ။ မာလာလာတစ်ယောက် သေနတ်ဒဏ်ရာပြင်းထန်စွာရရှိပြီး၊ ဘာမင်ဂမ်ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေစဉ် Shiza က သွားတွေ့ခဲ့ပါတယ်။

သူမဟာ မာလာလာရဲ့ မိဘတွေနဲ့ အသေးစိတ်တိုင်ပင်ဆွေးနွှေ့းပြီးနောက် အမျိုးသမီးငယ်လေးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို အရင်ကထက်ပိုပြီး ထိရောက်စွာစောင့်ရွက်နိုင်ရေး အကူအညီတွေ ပေးခဲ့ပါတယ်။ Malala Fund ကို တည်ထောင်ခဲ့ပြီးနောက် သူမက CEO အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

 

 

View this post on Instagram

 

Today, I’m thankful That I get to build a business rooted in integrity Owned and built by immigrants, women, and people of color Celebrating cultures with respect and deep collaboration That it is resonating with people who have never seen their stories, cuisines, and traditions represented honestly Being an entrepreneur is one of the most vulnerable undertakings in the world You’re constantly on And there is so much you cannot control But today I’m not bracing I’m celebrating the work and its resonance I’m owning how right this all feels And I’m grateful to be on this journey with you www.fromourplace.com @ourplace Grateful for @frickafricka @amir_tehrani_la @jazalove @melindalee83 @kimchikraut_ @morganhorowitz @mjbalvanera @janisrebeccaahn @rachkrupa @msiddy @johannakatee @bryan_alston and many more #womanownedbusiness #brownskingirls

A post shared by Shiza Shahid (@shiza) on

Shiza ဟာ (၂၀၁၁)မှာ Stanford University တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပြီး၊ (၂၀၁၃)မှာ မာလာလာနဲ့ပူးပေါင်းကာ Malala Fund ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပါကစ္စတန်၊ နိုက်ဂျီးရီးယား၊ ကင်ညာနဲ့ ဆိုင်ရာလီယွန်နိုင်ငံက မိန်းကလေးငယ်တွေ အဆင့်မြင့်ပညာတွေ သင်ကြားနိုင်ရေးအတွက် ကူညီပေးရေးပါ။

Shiza ဟာ  (၂၀၁၉)ခုနှစ် စက်တင်ဘာမှာ စတင်လည်ပတ်ခဲ့တဲ့ Our Place အမည်ရ Mobile learning platform ကိုတည်ထောင်ရာမှာလည်း ပါဝင်ခဲ့သလို၊ သူမ ပူးတွဲတည်ထောင်ထားတဲ့ NOW Ventures မှာလည်း လူမှုရေးစွမ်းဆောင်ရှင်အဖြစ် တာဝန်ယူနေသူပါ။

 

Shiza ဟာ The May Lee Show မှာ တရားမျှတမှုကိုရှာဖွေရက်း သူမကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဗဟုသုတဖြစ်ဖွယ် ပြန်လည်မျှဝေခဲ့သလို၊ မှန်ကန်ရာဘက်မှာလည်း ဘယ်လို ရပ်တည်ခဲ့ကြောင်းကို အများသိအောင် ဖောက်သည်ချနိုင်ခဲ့ပါတယ်။ The May Lee Show ကိုတော့ ပင်တိုင်တင်ဆက်သူ ဂျာနယ်လစ် May Lee က ပုံမှန်တင်ဆက်နေတဲ့ အစီအစဉ်ဖြစ်ပါတယ်။

လင်းသူရိန်

SHARE