ဘယ်သန်တွေဟာ နှစ်သန်းပေါင်းများစွာကတည်းက အနှိမ်ခံရသူတွေဖြစ်ကြောင်း တွေ့ရှိ

ရှေးနှစ်သန်းပေါင်း များစွာကတည်းက ဘယ်သန်တွေဟာ နာမည်ပြောင် အမျိုးမျိုးပေးခံရပြီး လူ့အဖွဲ့အစည်းအတွင်းမှာ နှိမ့်ချဆက်ဆံခံရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ Journal of Human Evolution ဂျာနယ်အရ ရှေးဟောင်းသုတေသနပညာရှင် နီကိုလာတို့သ်ကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း(၁.၅)သန်းအလွန်က အသုံးပြုခဲ့တဲ့ အစောပိုင်းကျောက်ခေတ် လက်နက်တွေဟာ ညာသန်သမားတွေ အတွက်သာ ထွင်းဆောက် ပြုလုပ်ထားတာကြောင့် ထိုစဉ်ကတည်းက ညာသန်တွေဟာ အလေးပေးခံရကြောင်း ဆိုပါတယ်။

thevintagenews

လူသားဖြစ်စဉ် ဖွံ့ဖြိုးလာတာနဲ့ အမျှ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို လူတွေဟာ ပိုမိုနားလည်အောင် ကြိုးပမ်းလာကြပါတယ်။ ဦးနှောက်ရဲ့ ညာဘက်ခြမ်းဟာ စိတ်ကူးတီထွင်ဖန်တီးမှု၊ အနုပညာ၊ တေးဂီတ၊ စိတ်ခံစားချက်တွေနဲ့ဆက်နွယ်နေပြီး ဘယ်ဘက်ခြမ်းကတော့ သင်္ချာ၊ ယုတ္တိဗေဒနဲ့ လက်တွေ့ဖြစ်ရပ်မှန်တွေနဲ့ ဆက်စပ်နေပါတယ်။ ဘယ်သန်သူတွေကို ဦးနှောက်ရဲ့ ညာဘက်ခြမ်းက စိုးမိုးလေ့ရှိပြီး ညာသန်တွေကိုတော့ ဦးနှောက်ဘယ်ခြမ်းက စိုးမိုးကြပါတယ်။

READ
ဂျပန်နိုင်ငံမှာသာ တွေ့ရမယ့် ပြောင်မြောက်တဲ့ တီထွင်မှုများ
thevintagenews

ကျောက်ခေတ်အပြီးမှာ ဘယ်သန်တွေ အရေအတွက်ဟာ လျော့ကျခဲ့တာကြောင်း ပညာရှင်တွေက ဆိုပါတယ်။ သမိုင်းမတိုင်မီ စပိန်နဲ့ပြင်သစ်မှာ တွေ့ရတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃)သောင်းလောက်က ကျောက်ခေတ်ပန်းချီတွေမှာ ဘယ်သန်သူဦးရေဟာ (၂၅)ရာခိုင်နှုန်းလောက် ရှိနေကြောင်း တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း (၁)သောင်းခန့်မှာတော့ ဘယ်သန်ဦးရေဟာ (၁၀)ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားခဲ့ပါတယ်။

thevintagenews

ပညာရှင်တွေက အမျိုးသားဘယ်သန်ဦးရေဟာ အမျိုးသမီးတွေထက် ပိုများဖွယ်ရှိကြောင်း သုံးသပ်ခဲ့ကြပါတယ်။ ဘယ်သန်ဖြစ်လာရခြင်းဟာ မိဘရဲ့မျိုးရိုးအမွေ ဆက်ခံတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ မိဘနှစ်ပါးစလုံးဟာ ဘယ်သန်တွေဖြစ်ခဲ့ရင် ကလေးဟာလည်း ဘယ်သန်ဖြစ်နိုင်ခြေ(၂၅)ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

thevintagenews

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ဘယ်သန်တွေဟာ ညာသန်တွေထက်ပိုပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ခံစားနိုင်ခြေများတယ်လို့ ဆိုပါတယ်။ အရိုးကျိုးအက်တာတွေအပြင် ဦးနှောက်ပုံသဏ္ဍာန် မမှန်တာနဲ့နှလုံးရောဂါတွေ ဖြစ်ပွားနိုင်ခြေများကြောင်း သိရှိရပါတယ်။ ဘယ်သန်သူအမျိုးသမီးတွေ အနေနဲ့လည်း အထူးသဖြင့် မီးယပ်သွေးဆုံးပြီးတဲ့အခါ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေများကြောင်း တွေ့ရှိခဲ့ကြပါတယ်။

READ
အောင်မြင်ချင်ရင် စွန့်လွှတ်ရမယ့်အကျင့်ဆိုး(၁၀)မျိုး
thevintagenews

အတွေးအခေါ်မဖွံ့ဖြိုးသေးတဲ့ခေတ်တွေတုန်းကဆိုရင်တော့ ဘယ်သန်တွေကို စုန်းယိုးစွပ်တာနဲ့ ပြင်းပြင်းထန်ထန်ရိုက်နှက်အပြစ်ပေးတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ညာသန်တွေထက်စာရင် လူဦးရေနည်းပါးလှတဲ့ဘယ်သန်တွေထဲမှာ ကမ္ဘာပေါ်မှာထင်ရှားသူအချို့ပါဝင်နေပါတယ်။ ရှားလမိန်း ၊ အလက်ဇန္ဒား ၊ လီယိုနာ ဒိုဒါဗင်ချီ ၊ မိုက်ကယ် အိန်ဂျလို ၊ ဂရီတာဂါဗိုး ၊ ကယ်ရီဂရန့်၊  ရောနယ်ရီဂင်နဲ့ ဘားရတ်ခ်အိုဘားမားတို့ဟာ ဘယ်သန်တွေဖြစ်ကြောင်းသိရပါတယ်။

လင်းလင်း (ShweMom)

Ref: thevintagenews

SHARE