ကမ္ဘာ့အအောင်မြင်ဆုံး Live Streamer မလေး SSSniperWolf ရဲ့ ဘ၀ဇာတ်ကြောင်း

YouTube/SSSniperWolf

အသက်(၂၄)နှစ်အရွယ် SSSniperWolf အမည်ရှိတဲ့ YouTuber တစ်ယောက် YouTube ပေါ်မှာ ထူးခြားတဲ့ဗီဒီယိုဂိမ်း တွေနဲ့နာမည်ကြီးနေတဲ့သူတစ်ဦးဖြစ်ပြီး သူမရဲ့ YouTuber ကို subscribe လုပ်သူ (၆)သန်းကျော်ရှိပါတယ်။ သူမဟာ Call of Duty ဗီဒီယိုဂိမ်းကို အထူးပြုကစားသူတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် anime နဲ့ဗီဒီယိုဂိမ်းဇာတ်ကောင်တွေ မှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ဒါကြောင့် ဒီလိုထူးခြားတဲ့ဗီဒီယိုဂိမ်းတွေနဲ့နာမည်ကြီးနေတဲ့ YouTuber လေးရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

View this post on Instagram

 

Beep beep bitch

A post shared by Lia (@sssniperwolf) on

သူမရဲ့ပထမ YouTube channel ကတော့ Sniper Wolf ဖြစ်ပါတယ်။ သူမရဲ့လူသိများတဲ့ဗီဒီယိုဂိမ်းကတော့ Black Ops2 Zombies ပဲဖြစ်ပါတယ်။ သူမကို ဗြိတိန်နိုင်ငံမှာ (၁၉၉၂)ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး ဂရိနဲ့တူရကီမျိုးနွယ်ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့မွေးချင်းမောင်နှမ(၃)ယောက်ကတော့ဗြိတိန်မှာ နေထိုင်ကြပါတယ်။ သူမ ပထမဆုံး ကစားဖူးတဲ့ဂိမ်း နဲ့အကြိုက်ဆုံးဂိမ်းကတော့ Metal Gear Solid ပဲဖြစ်ပါတယ်။ ဒီဂိမ်းကို သူမ(၈)နှစ် အရွယ်က သူမအဖေကသူမကို PS1 ဂိမ်းလက်ဆောင်ပေးတုန်းက ကစားခဲ့တဲ့ဂိမ်းလည်းဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဂိမ်းကစားရတာကိုစိတ်ဝင်စားသဘောကျတဲ့သူတစ်ဦးဖြစ်ပါတယ်။

 

သူမရဲ့ YouTube channel ကတော့ Little Lia ပဲဖြစ်ပါတယ်။ အဲဒီ channel မှာတော့ သူမရဲ့ကျွမ်း ကျင်မှုတွေကိုပြသတဲ့ အနုပညာလက်ရာ၊ အိမ်တွင်းသုံးပစ္စည်းနဲ့ ချက်ပြုတ်နည်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် SSSniperWolf ဟာ ကမ္ဘာ့အတော်ဆုံး အမျိုးသမီးဂိမ်မာတွေထဲက တစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ သတ်မှတ်ခြင်း ခံထားရသူပါ။ 

SSSniperWolf ရဲ့အကြောက်ဆုံးအရာကတော့ ဆရာဝန်ပဲဖြစ်ပါတယ်။ (၁၀)နှစ်အတွင်းမှာ သူမဟာ ဆရာဝန်တစ်ဦး၊ တစ်ယောက်နဲ့မျှ ကျန်းမာရေးစစ်ဆေးခံယူမှုတွေမလုပ်တဲ့အထိအောင်ကို အစွန်းရောက်တဲ့ အကြောက်တရားပဲဖြစ်ပါ တယ်။ (၂၀၁၃)ခုနှစ်ကတော့ သူမဟာ သူမကောလိပ်တက်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုထုတ်လွှင့်ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင် ထဲမှာ သူမစာသင်ရတာတွေနဲ့ပတ်သက်ပြီး ရိုက်ပြထားသလို ဒီလိုစာသင်နေရတာတွေကိုလည်း သူမမုန်းတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြထားပါတယ်။ (၂၀၁၆)ခုနှစ်ဇွန်လမှာတော့ သူမဟာ ကောလိပ်ကနေဘွဲ့မရခဲ့ဘူးလို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

သူမရဲ့အချစ်ရေးကတော့ YouTuber တစ်ယောက်ဖြစ်တဲ့ Evan Sausage နဲ့ချစ်ကြိုက်ဖူးခဲ့တာပဲဖြစ်ပါတယ်။ Evan ကစပြီး စာတွေပို့ရကနေ နေ့တိုင်းသူမတို့ဟာ message တွေ၊ Skype တွေကနေစကားပြောခဲ့ပြီးနောက် ချစ်ကြိုက်ခဲ့ ကြပါတယ်။ ဒါပေမယ့် သူမတို့အချစ်ရေးဟာ (၂၀၁၆)ခုနှစ်၊ စက်တင်ဘာလမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ပြီးဆုံးခဲ့ရတဲ့ အကြောင်းကတော့ (၂၀၁၆)ခုနှစ်၊ သြဂုတ်လတုန်းက သူတို့ချစ်သူနှစ်ဦး အော်ဟစ်ရန်ဖြစ်နေကြတာကို ဘေးပတ်ဝန်း ကျင်က ရဲကိုအကြောင်းကြားခဲ့တာကြောင့် ရက်သတ္တပတ်အတော်ကြာ အဖမ်းခံခဲ့ရပြီးနောက် ပြတ်စဲသွားခဲ့ကြတာ ဖြစ်ပါတယ်။

 

View this post on Instagram

 

Pro summer tip: over saturate your pics so u look tan af because u don’t actually go outside 🌚

A post shared by Lia (@sssniperwolf) on

SSSniperWolf ဟာ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်းချစ်တတ်ပြီး သူမမှာရှိတဲ့ခွေးလေး(၂)ကောင်ရဲ့ နာမည်ကတော့ Kaz နဲ့ Tuna ပဲဖြစ်ပါတယ်။ သူမရဲ့ဝင်ငွေဟာ ဒေါ်လာ(၂)သန်းရှိပါတယ်။ဒါဟာ သူမခက်ခက်ခဲခဲ လုပ်ထားတဲ့ သူမရဲ့ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။ သူမရဲ့ YouTube channel ဟာ လွန်ခဲ့တဲ့(၂)နှစ်ကအထိ follower (၆)သန်းရှိခဲ့ပေမယ့် လက်ရှိမှာတော့ follower (၁၈.၄)သန်းအထိ ရှိနေကြောင်း သိရပါတယ်။

Thae Su

SHARE