ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ (၈)ဦးရဲ့ သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

Bill Gates Twitter

အောင်မြင်မှုကြွယ်ဝမှုဆိုတာ မဆုတ်မနစ်ကြိုးစားမှုက လာတယ်ဆိုတာကို လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ (၆)ဦးက အကောင်းဆုံးသက်သေပြနေပါတယ်။ သူတို့ရဲ့ လက်ရှိချမ်းသာကြွယ်ဝမှုတွေဟာ အမွေရခဲ့တာ၊ ထီပေါက် ခဲ့တာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် အောက်ခြေဘ၀ကနေ အမြင့်ဆုံးအထိရောက်အောင် ကြိုးစားရှာဖွေခဲ့တာပါ။

အခု လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ (၈)ဦးရဲ့ သင်မသိသေးတဲ့ စိတ်ဝင်စားအရာ အကြောင်းတွေကို ကြည့်ရအောင်…..

(၁) ဂျက်ဖ် ဘီဇော့စ် (ကြွယ်ဝမှု – (၁၂၀) ဘီလျံဒေါ်လာ)
Jeff Bezos Instagram

– အွန်လိုင်းစတိုး အမေဇုံ ရဲ့ တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ်ဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့တာပါ။

– အမေဇုံကို ၁၉၉၅ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တည်ထောင်ပြီး (၄)နှစ်အကြာမှာပဲ ကုမဏီရဲ့ တန်ဖိုးက ဒေါ်လာ (၆)ဘီလျံ ရှိခဲ့ပါတယ်။

– ဂျက်ဘီဇော့စ်ဟာ အမေဇုံ နဲ့အတူ အမေရိကန်သတင်းစာ The Washington Post ၊ အာကာသနည်းပညာကုမဏီ Blue Origin တို့ကိုလည်း ပိုင်ဆိုင်ပါတယ်။

– ဂျက်ဘီဇော့စ်ရဲ့ Trademark လို့ပြောလို့ရတဲ့ ရယ်မောသံကလည်း အရမ်းကို နာမည်ကြီးပါတယ်။ 

(၂) ဘီလ်ဂိတ်စ် (ကြွယ်ဝမှု – (၉၂) ဘီလျံဒေါ်လာ)
Bill Gates Instagram

– မိုက်ကရိုဆော့ဖ်ကုမဏီကို ၁၉၇၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး (၁၀)နှစ်အကြာမှာပဲ ဘီလ်ဂိတ်စ်ဟာ ဝင်ငွေ ဒေါ်လာ (၁) ဘီလျံ စတင်ရရှိခဲ့တာပါ။

– ၂၀၀၆ ခုနှစ်က တွက်ချက်မှုတခုမှာ ဘီလ်ဂိတ်စ်ဟာ တမိနစ်ကို ဝင်ငွေ (၆,၆၅၉) ဒေါ်လာရှိတယ်လို့သိရပြီး တနေ့ ကို ဒေါ်လာ (၁၀)သန်း ဝင်ငွေရှိတယ်လို့ ဆိုပါတယ်။

– ဘီလ်ဂိတ်စ်ထက် အလှူအတန်းရက်ရောတဲ့သူ ကမ္ဘာမှာ မရှိသေးပါဘူး။ သူဟာ လက်ရှိအချိန်အထိ ဒေါ်လာ (၃၇) ဘီလျံခန့် လှူဒါန်းခဲ့ပြီးပါပြီ။

(၃) မာ့ခ်ဇူကာဘတ် (ကြွယ်ဝမှု – (၇၂) ဘီလျံဒေါ်လာ)
Mark Zuckerberg Facebook

– ဇူကာဘတ် အကြောင်းကတော့ လူတိုင်းနီးပါး ရေးသားပြီးနေတာကြောင့် အားလုံးသိပြီးလောက်ကြမှာပါ။

– အသက် ၁၁ နှစ်အရွယ်မှာတင် အချင်းချင်းစာပို့နိုင်တဲ့ App တခုကို တီထွင်နိုင်ခဲ့တဲ့ ဥာဏ်ကြီးရှင် တဦးပါ။

– အသက် ၂၀ အရွယ်မှာ ကုမဏီထောင်ဖို့ ကျောင်းထွက်ခဲ့တာကြောင့် အသက် ၃၃ နှစ်အရွယ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကမှ ဇူကာဘတ်ဟာ ဟားဗက်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။

(၄ + ၅) လယ်ရီပေ့ခ်ျ (ကြွယ်ဝမှု – (၅၁)ဘီလျံဒေါ်လာ) + ဆာဂျီဘရင် (ကြွယ်ဝမှု – (၅၀)ဘီလျံဒေါ်လာ)
Larry Page Twitter

  Google ရဲ့ တည်ထောင်သူတွေဖြစ်တဲ့ ပေ့ခ်ျ နဲ့ ဘရင်တို့ရဲ့ ပထမဆုံး အလုပ်ခန်းက ပုံမှာတွေ့ရတဲ့အတိုင်း ဘရင်ရဲ့ အသိမိတ်ဆွေ မိန်းကလေးတဦးရဲ့ ဂိုဒေါင်ထဲမှာပါတဲ့။

  သူတို့ဟာ ၁၉၉၈ ခုနှစ်မှာ Google Company ကို စတင်တည်ထောင်ခဲ့ပြီး ၆ နှစ်အကြာမှာပဲ ဘီလျံနာတွေ ဖြစ်လာခဲ့ပါတယ်။

  လက်ရှိ Google ရုံးမှာ ဆိတ်တွေကို ငှားထားပါတယ်တဲ့။ သူတို့ဟာ ရုံးရှေ့မှာပဲ အစာစားပြီး သူတို့အတွက် ဆိတ်ထိန်းတယောက်တောင် ရှိပါတယ်တဲ့။

  ပေ့ခ်ျ နဲ့ ဘရင်တို့ဟာ လက်ရှိမှာ အသက်အရွယ်ကြီးမြင့်မှုကို တားဆီးပေးနိုင်တဲ့ ပရိုဂရမ်တခုကို တီထွင် နေတယ်လို့ ဆိုပါတယ်။

(၆) ဂျက်မား (ကြွယ်ဝမှု – (၄၁)ဘီလျံဒေါ်လာ)
Jack Ma Weibo

– ဂျက်မားဟာ ၁၉၉၅ ခုနှစ်မှာ အမေရိကားကို သွားခဲ့ပြီး အဲ့ဒီမှာရရှိခဲ့တဲ့ အိုင်ဒီယာနဲ့ နောက် (၄)နှစ်အကြာမှာ Alibaba Group ကို မိတ်ဆွေ (၁၇)ဦးနဲ့အတူ စတင်တည်ထောင်ခဲ့ပါတယ်။

– တည်ထောင်သူတွေဟာ ပထမဆုံးအမြတ်ငွေကို (၃)နှစ်အကြာ ၂၀၀၂ ခုနှစ်မှာမှ စတင်ရရှိခဲ့ကြတာပါ။

– ဂျက်မားဟာ အင်္ဂလိပ်စာအရည်အသွေးတိုးတက်ဖို့အတွက် သူရဲ့မြို့ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေ ကို အခမဲ့ တိုးရစ်ဂိုက် ပြုလုပ်ပေးခဲ့ပါသတဲ့။

– ဂျက်မားရဲ့ နာမည်ရင်းက Ma Yun ဖြစ်ပြီး သူ့ကို တိုးရစ်ဧည့်သည်တွေက Jack လို့ နာမည်ပေးခဲ့တာကနေ Jack Ma ရယ်လို့ လူသိများလာခဲ့တာ ဖြစ်ပါတယ်။

(၇) အီလွန်မာ့စ် (ကြွယ်ဝမှု – (၂၁) ဘီလျံဒေါ်လာ)
Elon Musk Twitter

– အီလွန်မာ့စ်ဟာ ၂၀၀၃ ခုနှစ်မှာ တက်စ်လာ လျှပ်စစ်ကားကုမဏီကို စတင်တည်ထောင်ခဲ့ပြီး ၁၁ နှစ်အကြာမှာ လျှပ်စစ်ကားတွေကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

– သူဟာ တက်စ်လာ လျှပ်စစ်ကားနဲ့ ၇၆ နာရီခရီးကို ဓာတ်ဆီမပါဘဲ မောင်းနှင်ခဲ့ပြီး ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။

– ဒါ့အပြင် အီလွန်မာ့စ်ပိုင်ဆိုင်တဲ့ SpaceX ကုမဏီက ၂၀၁၈ ခုနှစ်မှာ Falcon Heavy ဂြိုလ်ထုကို လွှတ်တင်ခဲ့ပါတယ်။ မားစ်ဂြိုလ်ပေါ်မှာ ဆင်းသက်နိုင်ဖို့ရည်ရွယ်ထားတဲ့ ဒီပရောဂျက်ဟာ NASA မဟုတ်တဲ့ ပြင်ပအဖွဲ့အစည်းရဲ့ ပထမဆုံး ပရောဂျက်လည်း ဖြစ်ပါတယ်။

– MCU ရဲ့ နာမည်ကျော် Ironman (Tony Stark) ရဲ့ လူနေမှု ပုံစံဟာ အီလွန်မာ့စ်ရဲ့ပုံစံကို အခြေပြုပြီးဖန်တီးထားတာဖြစ်တယ်လို့ Ironman 1 ရဲ့ ဒါရိုက်တာ Jon Favreau က ဆိုပါတယ်။

– အီလွန်မာ့စ်ဟာ အသက် ၁၂ နှစ်အရွယ်မှာတင် ဗီဒီယိုဂိမ်းတခုကို ကိုယ်တိုင်ဖန်တီးခဲ့ပြီး ဒေါ်လာ (၅၀၀)နဲ့ ရောင်းချ ခဲ့ပါသတဲ့။

KYM

Ref : Wikipedia

SHARE