ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာများရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်များ

Instagram

အောင်မြင်မှူဆိုတာ အလွယ်တကူရယူနိုင်တဲ့အရာမဟုတ်ပါဘူး။ အောင်မြင်မှူဆီသွားရာလမ်းမှာတော့ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေက ဆီးကြိုနေပါတယ်။ ကမ္ဘာပေါ်က အချို့သော ဘီလျံနာကြီးတွေကတော့ မိဘလက်ငုပ်လက်ရင်းကြောင့် သန်းကြွယ်ကြီးတွေ ဖြစ်လာတာမဟုတ်ပဲ ကိုယ်တိုင်ကြိုးစားအားထုတ်မှူကြောင့် ဖြစ်လာရတာပါ။ အောက်ဘက်မှာတော့ ကမ္ဘာ့အချမ်းသာဆုံး သူကြွယ်ကြီးတွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Bill Gates ($92 billion)

Bill Gates ဟာ Microsoft ကုမ္ဗဏီကို (၁၉၇၆) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး (၁၀) နှစ်အကြာမှာ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်ခဲ့ပါတယ်။ (၂၀၀၆)ခုနှစ်က သိရတဲ့ စစ်တမ်းတစ်ခုအရ သူ့ဝင်ငွေဟာ တစ်မိနစ်ကို ဒေါ်လာ ()ထောင် နီးနီးရှိပြီး တစ်နေ့တည်းတင် ဒေါ်လာ(၁၀) သန်းလောက် ငွေဝင်နေတာ ဖြစ်ပါတယ်။ Bill Gates နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သူဟာ ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေကို အခြားသော သန်းကြွယ်သူဌေးတွေထက် ပိုလှူတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ သူဟာ အသက်(၁၃)နှစ်မှာပဲ ကျောင်းက ကွန်ပြူတာတစ်လုံးကို သူငယ်ချင်းတွေနဲ့အတူ ဖောက်ထွင်းဝင်ခဲ့ပြီး သိုဝှက်ထားတဲ့ အချက်အလက်တွေကို ရယူနိုင်ခဲ့ပါတယ်။ Bill Gates ဟာ အပြစ်ပေးခံရမယ့်အစား ကွန်ပြူတာစင်တာတစ်ခုကနေ အလုပ်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

Mark Zuckerberg ($72 billion)

သူဟာ အသက်(၂၀)နှစ်အရွယ် (၂၀၀၄)ခုနှစ်မှာ ၀က်ဆိုက်ဒ်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီဝက်ဆိုက်ဒ်ဟာ နောက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံးက အသုံးပြုနေတဲ့ ဆိုရှယ်နက်ဝေါ့ခ်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူဟာ (၂၀၁၇) ခုနှစ်အထိ ဘွဲ့မရခဲ့သေးပဲ အလုပ်လုပ်ဖို့ဆိုကာ ဟားဗက်ဒ်ကျောင်းကနေ ကျောင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ သူဟာ ပထမဆုံးစာပို့လို့ရတဲ့ messenger ကို အသက်(၁၁)နှစ်မှာ ထွင်ခဲ့တာပါ။ Zuckerberg ရဲ့ မိသားစုထဲမှာ ခွေးတစ်ကောင်မွေးထားပြီး beast လို့ အမည်ရပါတယ်။ Beast မှာလည်း ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာတောင် ရှိပါတယ်။

Jack Ma ($41 billion)

Alibaba Group ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ Jack Ma ဟာ ကျောင်းပြီးတဲ့အထိ အလုပ်ရှာမရခဲ့ပါဘူး။ သူ့ကို KFC အပါအ၀င် ကုမ္ဗဏီ(၁၂)ခု လောက်က ငြင်းပယ်ခဲ့ပါတယ်။ (၁၉၉၅)ခုနှစ်မှာတော့ အမေရိကန်ကို သွားခဲ့ပြီးနောက် အင်တာနက်ကုမ္ဗဏီထောင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ မွေးရပ်ကို ပြန်လာခဲ့ပါတယ်။ အစတုန်းမှာတော့ ကုမ္ဗဏီရဲ့ စီးပွားရေးက ထင်သလောက် မကောင်းခဲ့ပါဘူး။ ဒါပေမယ့် (၂၀၀၂)ခုနှစ် အရောက်မှာတော့ သူ့ရဲ့စီးပွားရေးဟာ တစ်ဟုန်ထိုးတိုးတက်ခဲ့ပြီး (၂၀၁၂)ခုနှစ်မှာတော့ ကုမ္ဗဏီရဲ့ အမြတ်အစွန်းဟာ ဒေါ်လာ(၁၅) ဘီလီယံလောက် ရှိနေပါပြီ။ Jack Ma အကြောင်း စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အချက်တွေကတော့ သူဟာ အင်္ဂလိပ်စာလေ့လာဖို့အတွက် သူ့ဇာတိဆီ အလည်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အခကြေးငွေမယူပဲ တိုးဂိုက်လုပ်ပေးခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေက သူ့ကို Jack လို့ အမည်ပေးခဲ့ကြပြီး တရုတ်မှာရှိတဲ့ အချမ်းသာဆုံး သူကြွယ် Ma Yun ရဲ့ အမည်ကို ပေါင်းယူရာမှ Jack Ma ဆိုပြီး ဖြစ်လာခဲ့တာပါ။

Elon Musk ($21 billion)

(၂၀၀၃)ခုနှစ်မှာ Elon Musk ဟာ Tesla Motors အမည်ရတဲ့ ကားကုမ္ဗဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ၄င်းကုမ္ဗဏီဟာ လျှပ်စစ်ကားတွေ ထုတ်လုပ်တာပါ။ (၁၁)နှစ်ကြာပြီးတဲ့နောက်မှာတော့ သူဟာ နာရီပေါင်း (၇၆) နာရီကြာမောင်းနှင်နိုင်ပြီး ကားလောင်စာကုန်ကျစရိတ် သုညပဲရှိတဲ့ ကားကို ထုတ်လုပ်ရာကနေ ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ သူ့အကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကိုတော့ အခုလို သိရပါတယ်။ Iron Man ရဲ့ ဒါရိုက်တာဖြစ်သူက Elon Musk ဟာ Tony Stark ရဲ့ ပုံစံတူတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ သူဟာ အသက်(၁၂)နှစ်အရွယ်မှာပဲ ကိုယ်ပိုင် ဗီဒီယိုဂိမ်းတစ်ခုကို ဖန်တီးပြီး ဒေါ်လာ(၅၀၀)နဲ့ ရောင်းစားခဲ့ပါသေးတယ်။

Oprah Winfrey ($3 billion)

Baltimore’s WJZ-TV မှာ မနက်ခင်း သတင်းကြေညာသူအဖြစ် (၁၀)နှစ်ကြာ အလုပ်လုပ်ပြီးတဲ့အခါ သူမဟာ(၁၉၈၆)ခုနှစ်မှာ ကိုယ်ပိုင်ပရိုဂရမ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ သူမဟာ Oprah Winfrey ရှိုးကို(၂၅)နှစ်တိုင်တိုင် လေလှိုင်းကနေ အစီအစဉ်တင်ဆက်ခဲ့ပြီး သူ့ရဲ့အစီအစဉ်ကို နိုင်ငံပေါင်း(၁၄၀)မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သူမအကြောင်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေကတော့ သူမဟာ သတင်းအစီအစဉ်ကြေညာသူအဖြစ် စတင်အလုပ်လုပ်ရာမှာ အလုပ်ကနေ အထုတ်ခံရပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်လှူပ်ရှားမှူသိပ်များလွန်းလို့ဖြစ်ပါတယ်။ တစ်ခါတုန်းကလည်း live လွှင့်နေတုန်း ငိုနေခဲ့ပါသေးတယ်။ (၁၉၉၃)ခုနှစ်မှာတော့ Oprah ဟာ Michael Jackson နဲ့ အင်တာဗျူးခဲ့ပြီး ၄င်းအင်တာဗျူးဟာ အမေရိကန်တယ်လီဗေးရှင်းသမိုင်းမှာတော့ လူကြည့်အများဆုံးရုပ်သံအစီအစဉ် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE