လက်တလောမှာ မိန်းကလေးပရိသတ်တွေကြား နာမည်ကြီးနေတဲ့ တရုတ်မင်းသားတစ်ယောက်ရှိပါတယ်။သူ့ရဲ့ နာမ ည်ကတော့ Yang Yang ပါ။Love 020 ဆိုတဲ့ Tv စီးရီးနဲ့ ပရိသတ်ရဲ့ တခဲနက်အားပေးမှုကို ရခဲ့သူပါ။Dream of Red Mansions (2010 ) ဆိုတဲ့ Tv ဒရမ်မာဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့သူပါ။အဲ့ဒီနောက်ပိုင်းတည်းက ပရိသတ်ေ တွက သူ့ကို သတိထားမိခဲ့ပြီးအားပေးခဲ့ကြတာပါ။အဲ့ဒီနောက်မှာတော့ The Lost Tomb (2015), The Whirl wi nd Girl (2015), Love O2O (2016) စီးရီး၊Left Ear (2015).ရုပ်ရှင်ဇာတ်ကားတို့နဲ့ နာမည်ကြီး ခဲ့သူပါ။

(1)Yang Yang ရဲ့ ဘ၀အကြောင်း

Yang Yang ကတော့ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့သူပါ။သူ့ရဲ့ မွေးနေ့ကတော့ (၁၉၉၁)ခုနှစ် စက်တင်ဘာ (၉) ရက်နေ့ ပါ။ အသက် (၁၁)နှစ်မှာတော့ တရုတ်မှာရှိတဲ့ People’s Liberation Army Arts College ရဲ့ အက ဌာနမှာ ၀င်ခွင့်ရခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Central Academy of Drama မှာလည်း ပညာရပ်တွေကို လေ့လာဆည်း ပူးခဲ့ပါတယ်။
(၂)Yang Yang ရဲ့ Body နဲ့ ရာသီခွင်..
အရပ်အမြင့်ကတော့ (၅)ပေ (၉)လက်မပါ။ကိုယ်အလေးချိန်ကတော့ 60kg ပါ။သွေး အမျိုးအစား ကတော့ (AB) ပါ။ရာသီခွင်ကတော့ Virgo ပါ။တရုတ်ရာသီခွင်နှစ်ဆိုရင်တော့ ဆိတ်နှစ်ဖွားပါ။
(၃) Forbes ရဲ့ စာရင်းမှာ ပါဝင်ခဲ့ဖူး

Yang Yang ကတော့ (၂၀၁၇)ခုနှစ်ရဲ့ e 2017 Forbes China Celebrity 100 list စာရင်းမှာ နံပါတ် ငါးနေရာ ကနေ ရပ်တည်ခဲ့ဖူးပါတယ်။
(၄)အနုပညာဘ၀အစ

(၂၀၀၇)ခုနှစ်ဒီဇင်ဘာမှာတော့ The Dream of Red Mansions. ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ Li Shaoh ong နဲ့ အတူ လက်တွဲ ရိုက်ကူးခဲ့ပါတယ်။အဲ့ဒီကားမှာတော့ Jia Baoyu ဆိုတဲ့ ဇာတ်လိုက်နေရာကနေ သရုပ်ဆော င်ခဲ့ပါတယ်။(၂၀၁၁)မှာတော့ The Founding of a Party ဆိုတဲ့ တရုတ်ကွန်မြူနစ်ပါတီ ထူထောင်တဲ့ မျိုးချစ်ပုဂ္ဂို လ်တွေကို ဂုဏ်ပြုထားတဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ The War Doesn’t Believe in Tears (2012) ၊ Ultimate Conquest (2013)၊အချစ်ဇာတ်ကားတွေဖြစ်တဲ့ Flowers of Pinellia Ternata (2013) တို့ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။(၂၀၁၄)မှာတော့ ကုမ္ပဏီနဲ့ (၇)နှစ်တာ ချုပ် ဆိုထားတဲ့ စာချုပ်ကို ရပ်ဆိုင်းခဲ့ပါတယ်။
(၅)အောင်မြင်ပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုများ

The Left Ear ဇာတ်ကားထဲက Xu Yi ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှုကို ရခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ travel-reality show Divas Hit the Road ကိုရိုက်ကူးခဲ့ပါတယ်။အွန်လိုင်းပေါ်မှာ အရမ်းနာမည်ကြီးခဲ့ပြီး 2015 Chinese Reality Show Star Ranking” မှာ ထိပ်ဆုံးနေရာကို ရခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ web-drama The Lost Tomb မှာ သရုပ်ဆောင်ထဲ့ပါတယ်။တစ်နှစ်တာအတွက် လူကြည့်အများဆုံး web drama ဖြစ်လာတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။
(၆)လူငယ်ကြိုက်ဇာတ်ကားတွေမှာလည်း အောင်မြင်ခဲ့

Yang ကတော့ sports drama The Whirlwind Girl မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကာ အဲ့ဒီကား ဟာ တစ်နှစ် တာ အတွက် ကြည့်ရှုနှုန်းအများဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ ပထမဆုံး သီချင်း “Tender Love” ထွက်ရှိခဲ့ပါတယ်။အဲ့ဒီနှစ်ကုန်ပိုင်းလောက်မှာတော့ ost Popular TV Actor of the Year ၊ Most Anticipated Actor နဲ့ Most Influential Actor ဆုတို့ကို ရခဲ့ပါတယ်။
(၇)ပြည်ပနိုင်ငံတွေမှာပါ အရမ်းအောင်မြင်စေခဲ့တဲ့ ဇာတ်ကား
ပြည်ပနိုင်ငံတွေမှာပါ အရမ်းကို အောင်မြင်စေခဲ့တဲ့ ဇာတ်ကားကတော့ Love O2O ပါ။ဒီဇာတ်ကား ကတော့ Gu Ma n ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတာပါ။တရုတ်ပြည်တွင်းမှာရော တခြား ပြည်ပနိုင်ငံတွေ မှာပါ အရမ်းကို အောင် မြင် ခဲ့ပါတယ်။Fan တွေကို ကျေးဇူးတင်တဲ့ အနေနဲ့ “Love is Crazy”, ဆိုတဲ့ သီချင်းကို ထုတ်ခဲ့ပါတယ်။အဲ့ဒီနောက် မှာတော့ နောက်ထပ် အချစ်ဇာတ်ကား I Belonged to You ကို ရိုက်ကူးခဲ့ရာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။
(၈)တံဆိပ်ခေါင်းထွက်ခဲ့ဖူး
Yang ရဲ့ တံဆိပ်ခေါင်းထွက်ခဲ့ဖူးပါတယ်။တရုတ် စာပို့ Service ကနေ (၂၀၁၆) ဇန်န၀ါရီမှာ Yang Yang တံဆိပ် ခေါင်း ထုတ်ခဲ့ဖူးပါတယ်။
(၉) Liu Yifei နဲ့ အတူဇာတ်ကားရိုက်ကူးခဲ့
Liu Yifei နဲ့လည်း ဇာတ်ကားအတူ ရိုက်ကူးခဲ့ဖူးပါတယ်။Once Upon a Time ဆိုတဲ့ ရိုမန်တစ်ဇာတ်ကား ရိုက်ခဲ့ တာပါ။(၂၀၁၈)မှာတော့ အက်ရှင်ဒရမ်မာဇာတ်ကား Martial Universe ကို ရိုက်ကူးခဲ့ပါတယ်။
(၁၀)(၂၀၁၉)အနုပညာလှုပ်ရှားမှုများ

(၂၀၁၉)မှာတော့ ဒါရိုက်တာ Xu Jizhou ရိုက်ကူးထားတဲ့ Special Forces ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါ တယ်။Vanguard ဆိုတဲ့ သဘာဝဘေးအန္တရာယ် ရုပ်ရှင်ကားကို မင်းသားကြီး ဂျက်ကီချန်းနဲ့ အတူ ရိုက်ကူး မယ်လို့ ကြေညာခဲ့ပါတယ်။
(၁၁)ပုံတူဖယောင်းရုပ်တုရှိ

Source wiki