Snapchat filter အသစ်နဲ့ မာန်ကြီးတဲ့ ယောကျာင်္းထုကြီးကို လှည့်စားခဲ့တဲ့သူ

အခုနောက်ပိုင်း Snap Chat ရဲ့ ယောင်္ကျားလေး (သို့) မိန်းကလေးအသွင်းပြောင်းနိုင်တဲ့ filiter အသစ်တွေကနဲ့ လူတွေတော်တော်လေး ပျော်ရွှင်နေကြတာကို သင့်အနေနဲ့ သတိပြုကောင်းပြုမိမှာပါ။ အဲ့ဒီလိုပုံပြောင်းပြီး ဒိတ်လုပ်တဲ့ဆိုက်မှာ အကောင့် ပရိုဖိုင်တင်ခဲ့တဲ့ အမျိုးသားကတော့ အခုတလော အမျိုးသားတွေကြားမှာ တော်တော်လေး ဟော့ဟော့ရမ်းရမ်းတွေဖြစ်နေပါတယ်။

အင်္ဂလန်နိုင်ငံ နောဝှစ်ခ်ျက Jake Askew ဆိုသူဟာ filter အသစ်တွေကို စမ်းကြည့်ပြီးတဲ့နောက် သူ့ကိုယ်သူ မယုံကြည်နိုင်စရာကောင်းလောက်အောင် ဖြစ်နေတယ်လို့ ထင်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ တင်လိုက်တာ များစွာသော ပုရိသများရဲ့ အားပေးထောက်ခံမှုတွေကိုပါ ရရှိလာခဲ့ပါတော့တယ်။

Twitter/Jake Askew

University of Derby က ကျောင်းသူလေး Jess ဆိုတဲ့ နာမည်နဲ့ အကောင့်ဖွင့်ခဲ့ပြီးနောက် သူ့ကို မတော်တရော် ချိန်ဆိုမှုတွေလုပ်ဖို့ ချဉ်းကပ်လာသူတွေ တစ်သီကြီး ပေါ်ထွက်လာပါတော့တယ်။

READ
မိခင်က သဘောမကျလို့ဆိုပြီး ဇနီး(၂)ယောက်စလုံးကို မီးရှို့သတ်တဲ့ အမျိုးသား

ချာတိတ်တစ်ယောက်ကဆို “ပန်းချီကားလေးများလား၊ နံရံမှာ ချိတ်ဆွဲချင်လိုက်တာ” ဆိုပြီးပြောသလို၊ တစ်ယောက်ကတော့ သူရဲ့ ပစ္စည်းအကြောင်းလာပြောတယ်၊ နောက်တစ်ယောက်ဆို ရှင်းတယ်၊ သူမျက်နှာပေါ်ထိုင်ပါတဲ့လေ (မြန်မာလိုကတော့ ခက်ချေပြီ)။

သူကလည်း အကောင့်တုလုပ်ထားတာ ဘယ်သူမှ အသိမခံခဲ့ဘဲနဲ့ မှန်းရခက်အောင် ဆက်လုပ်ထားခဲ့ပါတယ်။ Askew က သူ့ကိုသူ Jess အနေနဲ့ ထူးခြားတယ်လို့ထင်ရုံကလွဲပြီး ဒီလောက်များတဲ့ အာရုံစိုက်မှုတွေ ရဖို့တော့ လုံးဝ မျှော်လင့်မထားခဲ့ကြောင်းရှင်းပြပါတယ်။

Twitter/Jake Askew

ကိုယ့်ကိုကိုယ် filter နဲ့ ကြည့်ကောင်းတယ်၊ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ခဲ့တယ်၊ သူငယ်ချင်းတွေကို ပြပြန်တော့လည်း ထောက်ခံကြပြီး Tinder အကောင့်ဖွင့်ဖို့အထိ ဖြစ်သွားခဲ့တယ်။ အဲ့ဒီမှာ မာန်ပြင်းနေသော ကျား  ၁၆၀၀ လောက်ရဲ့ Like တွေရခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

READ
ယူဂန်ဒါပါလီမန်အတွင်း အမတ်အချင်းချင်း သဘောထားကွဲပြီး အကြီးအကျယ်ရန်ဖြစ်ခဲ့
Twitter/Jake Askew
Twitter/Jake Askew

Askew က သူရဲ့ ဒီ သွေးလေခြောက်ခြားဖွယ် အဖြစ်အပျက်ကို တွစ်တာပေါ်မှာ ပြန်လည်ဖော်ပြခဲ့တာမှာလည်း အောင်မြင်သွားတယ်။ ၄င်း လုပ်ပုံကိုကြည့်ပြီးတော့ ပုရိသတွေအနေနဲ့ အခုနောက်ပိုင်းဘာမှ စိတ်ချရတာမရှိဘူးဆိုတာကို သဘောပေါက်ပြီး၊ ဆန္ဒတွေရှေ့ရောက်လွန်းရင် သိက္ခာတွေ အောက်ကုန်မယ်ဆိုတဲ့အကြောင်း ဖော်ပြလိုက်ရပါတယ်။

Twitter/Jake Askew

Ref: Ladbible

Matthew (ShweMOM)
SHARE