ရုပ်ထုတွေဖြေစ်ပေါ်လာခဲ့တဲ့နောက်ကွယ်က စိတ်ဝင်စားဖွယ်သမိုင်းဝင်ဖြစ်ရပ်များ

@JulieMcCrossin/Twitter

ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ရုပ်ထုတွေရှိတတ်ကြပါတယ်။ ခိုင်မာတဲ့နောက်ကွယ်က ဇာတ်လမ်းကြောင်းတွေကြောင့် ဂုဏ်ပြုကာထားရှိထားတဲ့ ရုပ်ထုတွေ၊ နေရာတစ်ခုကို ကိုယ်စားပြုထားတဲ့ရုပ်ထုတွေ အစရှိသဖြင့်အများကြီးပါပဲ။ ဒီအထဲကမှ ကမ္ဘာအနှံ့မှာ သိပ်မထင်ပေါ်ကြပေမယ့် လုံးဝစိတ်ဝင်စားစရာ သမိုင်းကြောင်းဇာတ်လမ်းတွေနဲ့ ရုပ်ထုတွေအကြောင်း ဖော်ပြပေးချင်တာမို့ ဆက်ဖတ်လိုက်ကြည့်ရအောင်နော်။

အမာခံပရိတ်သတ်

နေကာမျက်မှန်တပ်ထားပြီး တုတ်ကောက်ကိုင်ထားတဲ့ပုံစံမျိုးနဲ့ ရုပ်ထုလေးတစ်ခုဟာ Valencia ဘောလုံးအသင်းရဲ့ ကစားကွင်းထဲမှာ ရှိနေတာ သိပ်တောင်မကြာသေးပါဘူး။ ဘောလုံးအသင်းရဲ့ အမာခံပရိတ်သတ်တစ်ဦးဖြစ်ခဲ့တဲ့ Vicente Aparicio ကို ဂုဏ်ပြုထားတာပါ။ Vicente Aparicio ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ တုန်းကတည်းက အမြင်အာရုံပျောက်ကွယ်ခဲ့ပေမယ့်လည်း မျက်လုံးမြင်ခဲ့စဉ်တုန်းက အမြဲတမ်းလာနေကျဖြစ်တဲ့ အားကစားရုံမှာ Valencia ပွဲတိုင်းကို လာကြည့်ခဲ့ပါတယ်။ ကွယ်လွန်သွားခဲ့တာ ၂ နှစ်လောက်သာရှိသေးပေမယ့် အသင်းကနေ အမှတ်တရအနေနဲ့ ကြေးရုပ်ထုကြီးကို ထုလုပ်ထားခဲ့တာပါ။

 

တင့်ကားကို မထီမဲ့မြင်ပြုခဲ့တဲ့ ခရိုအေးရှားက ကားနီနီလေး

READ
အမေဇုန်မိုးသစ်တောထဲမှာ တွေ့ရတဲ့ ပင့်ကူသဏ္ဍာန်တူ ခွေးခေါင်းနဲ့ သတ္တ၀ါဆန်း

ခရိုအေးရှား၊ Osijek ကိုသွားမယ်ဆိုရင်တော့ တင့်ကားကြီးပေါ် ထိုးတက်နေတဲ့ ကားနီနီလေးဟာ မြို့ရဲ့ပြယုဂ်တစ်ခုပါပဲ။ အဲဒီဇာတ်လမ်းလေးကတော့ ၁၉၉၁ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တနုးက ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို အခြေခံထားပါတယ်။ Yugoslavian စစ်တပ်တွေ မြို့ထဲဝင်စီးတဲ့အချိန် တန့်ကားတွေလည်း ပါလာခဲ့ပါတယ်။ အမျိုးသားတစ်ယောက်က တန့်ကားကို တွေ့တွေ့ချင်းမှာတင် သူ့ရဲ့ Fićo ကားလေးကို တင့်ကားရှေ့မှာ ခပ်တည်တည်နဲ့ပါကင်ထိုးပြီး ကားပေါ်ကနေ လမ်းဆင်းလျှောက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်မိခဲ့ပြီး ဗီဒီယိုထဲမှာပဲ ကားလေးကို တက်ကြိုက်ဖျက်ဆီးခဲ့ပြီး စစ်တပ်ကြောင့်ပဲ မြို့ခံလူတော်တော်များများ သေကြေပျက်ဆီးခဲ့ရပါတယ်။

 

 ချေးပိုးထိုးကောင်ကိုမြှောက်ပင့်ထားတဲ့ အယ်လာဘားမားက နတ်ဘုရားမရုပ်ထု

ကောက်ပဲသီးနှံနဲ့ လယ်ယာစိုက်ပျိုးရေးကို မြှောက်စားပေးတဲ့ နတ်ဘုရားမဟာ ကောက်ပဲသီးနှံတွေထဲက ဝါဂွမ်းပင်တွေကို ဖျက်ဆီးတဲ့ ချေးပိုးထိုးကောင်ကို မြှောက်းစားပင့်ယူထားတယ်ဆိုတာ နည်းနည်းတော့ ထူးဆန်းတဲ့ကိစ္စတစ်ခုပါ။ ၁၉၁၅ ခုနှစ်တုန်းက ဝါဂွမ်းအဓိကစိုက်တဲ့ အယ်လာဘားမားရဲ့ ဝါဂွမ်းစိုက်ခင်းတွေမှာ ချေးပိုးထိုးကောင်တွေ အဆမတန်တိုးပွားလာခဲ့ပါတယ်။ စိုက်ခင်းတွေပျက်ဆီးသွားတဲ့အချိန်မှာတော့ လယ်သမားတွေခင်ဗျာ လုပ်ငန်းအရှုံးပေါ်ခဲ့ပါတယ်။ လယ်သမားတစ်ယောက်ကတော့ ဝါဂွမ်းတွေမစိုက်တော့ဘဲနဲ့ မြေပဲတွေပြောင်းစိုက်ခဲ့ရင်း အမြတ်ငွေတွေရရှိလာကာ တစ်ဆင့်စကားတစ်ဆင့်ကြားပြီး အားလုံးနီးပါး မြေပဲတွေ လိုက်စိုက်ကြတဲ့အခါမှာတော့ လုပ်ငန်းဈေးကွက်ဖြစ်ထွန်းကာခဲ့ကြတာပါ။ ဒါကိုကိုယ်စားပြုတဲ့အနေနဲ့ ရုပ်ထုတည်ထောင်ခဲ့တာပါ။

READ
ဘဝအတွက် အရမ်းအသုံးဝင်မယ့် သင်မသိသေးတဲ့ နည်းလမ်း(၁၀)ခု
Lamar/Flickr

ပိုက်ဆံအိတ်နဲ့အမျိုးသမီးရုပ်ထု

ဆီဒင်၊ Växjö မှာ ထားထားတဲ့ရုပ်ထုကတော့ ပြည်သူတွေရဲ့သတ္တိရှိမှုကိုကိုယ်စားပြုတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါကတော့ တကယ့်ဓာတ်ပုံပါ။ ၁၉၈၅ ခုနှစ်တုန်းက နာဇီရဲ့လမ်းစဉ်ကိုထောက်ခံတဲ့ Nordic Reich ပါတီဝင်တွေဟာ မြို့ထဲမှာ သောင်းကျန်းကာ သရုပ်ပြခဲ့ဖူးပါတယ်။ အဲဒီအုပ်စုထဲကတစ်ယောက်ကို သူမကိုင်လာတဲ့လက်ကိုင်အိတ်နဲ့ ဝင်ရိုက်ခဲ့တဲ့အတွက် လမ်းကတခြားလူတွေကလည်း သတိဝင်လာခဲ့ပြီး ဆွမ်းကြီးဝိုင်းလောင်းတော့မှ တစ်အုပ်စုလုံးထွက်ပြေးကာ ရဲအဖမ်းခံခဲ့ရပါတယ်။ အမျိုးသမီးကြီးနာမည်ကတော့ Danuta Danielsson ပါ။ ရုပ်ထုနာမည်ကိုလည်း Danuta Danielsson ကိုပဲ ပေးထားခဲ့ပါတယ်။

တစ်ချောင်းထိုးထိုးနေတဲ့ ကြွက်ကလေး

သိပံ္ပပညာရှင်တွေတစ်ခုခုစမ်းသပ်တော့မယ်ဆိုတိုင်း ကြွက်တွေကို စမ်းသပ်ခံအဖြစ် အသုံးပြုကြတာ သိကြမယ်ထင်ပါတယ်။ ဒီရုပ်ထုလေးဟာ ရုရှားရဲ့ Novosibirsk တက္ကသိုလ်ဝင်းထဲမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ဖွင့်လှစ်ပြသခဲ့တာဖြစ်ပါတယ်။ ဒီအန်အေပုံသဏ္ဍန်ကို တစ်ချောင်းထိုးထိုးကာ ဖန်တီးနေတဲ့မူနဲ့ကြွက်ကလေးကတော့ လူတွေအကျိုးအတွက် အစမ်းသပ်ခံသေဆုံးပေးနေရရှာတဲ့ ကြွက်ကလေးတွေကို ဂုဏ်ပြုထားခဲ့တာပါ။

r/pics/reddit

Penny

 

SHARE