ကမ္ဘာကျော်ဓာတ်ပုံများရဲ့နောက်ကွယ်က စိတ်ဝင်စားစရာ သမိုင်းကြောင်းများ

ဓာတ်ပုံပညာရပ်ဆိုတာ shutter အပိတ်အဖွင့်ကြားက ခံစားမှု အမှတ်တရတွေကို ပုံရိပ်ထောင်ချောက်ထဲ ထည့်ပိတ်ထားနိုင်တဲ့ ပညာရပ်တစ်ခုပါ။ ဒီအနုပညာဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တစ်နေ့ထက်တစ်နေ့ စိတ်ဝင်စားချစ်ခင်ခြင်းကို တိုးပြီး ခံနေခဲ့ရပါတယ်။ ကမ္ဘာကျော်ဓာတ်ပုံများနဲ့ သူတို့ရဲ့ အဲဒီအချိန်ကာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းအကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

Boredpanda

ဒီဓာတ်ပုံကိုတော့ လူမှုကွန်ယက်တွေရဲ့ ကျေးဇူးကြောင့် တော်တော်များများ မြင်တွေ့ဖူးကြမှာပါ။ ၁၉၈၇ ခုနှစ်တုန်းက အကောင်းဆုံးရုပ်ပုံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဓာတ်ပုံထဲက ခွဲစိတ်ခန်းဝတ်စုံနဲ့ထိုင်နေတာကတော့ အခုမြင်တွေ့ရတဲ့ အဖိုးငယ်စဉ်အချိန်ကပါ။ ပိုလန်ဆေးရုံရဲ့ ခွဲစိတ်ခန်းတစ်ခန်းမှာ ကမ္ဘာ့ပထမဦးဆုံးသော နှလုံးအစားထိုးခွဲစိတ်ကုသခြင်းကို ၂၃ နာရီကြာအောင် ပြုလုပ်ခဲ့ရပါတယ်။ အဲဒီခေတ်အဲဒီအခါတုန်းကတော့ ဒီခွဲစိတ်မှုဟာ သိပ်အိပ်မက်ဆန်လွန်းလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းထားပေမယ့် ဆရာဝန်ကြီး Tadeusz Zytkiewicz နဲ့ အဖွဲ့ကတော့ လူနာကို အောင်မြင်စွာနဲ့ပဲ နုလုံးအစားထိုးပေးနိုင်ခဲ့ပါတယ်။

Boredpanda

ရုပ်ထုသွင်းထားတဲ့ ခိုလေးရဲ့ နာမည်ကတော့ Cher Ami ပါ။ ပြင်သစ်စကားလုံးဖြစ်ပြီး အဓိပ္ပါယ်ကတော့ Dear Friend ဖြစ်ပါတယ်။ ဒီခိုမလေးဟာ ဒုတိယကမ္ဘာစစ်တုန်းက တပ်သားအယောက် ၂၀၀ လောက်ရဲ့ အသက်တွေကို ကယ်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။ ကျည်တောင့်တွေ၊ ဗုံးဆံတွေ၊ အမြှောက်တွေကြားထဲက အသက်စွန့်ပျံသန်းရင်း ပြင်သစ်တပ်သားတွေဆီကို စစ်ရေးဆိုင်ရာ သတင်းအချက်အလက်ကို ပို့ဆောင်ပေးခဲ့တာပါ။ ဒီအတွက် ခိုမလေးဟာ မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရပြီး ခြေထောက်တစ်ဖက်ပါ ဖြတ်ပစ်ခဲ့ရပါတယ်။ တာဝန်ပြီးတဲ့အချိန်မှာတော့ ခိုမလေးကို သစ်သားခြေတုလုပ်ကာ ပြုစုစောင့်ရှောက်ခဲ့ပေမယ့် ကြာကြာမနေရဘဲ အသက်ဆုံးရှုံးသွားခဲ့တာပါ။

READ
ကမ္ဘာ့နိုင်ငံတစ်ချို့ရဲ့ လူတစ်ဦးချင်းဆီမှာ ရှိကြတဲ့ ပျမ်းမျှကိုယ်အလေးချိန်များ
Boredpanda

ဒီဓာတ်ပုံဟာ စုံတွဲတစ်တွဲ ကိုယ်ထိလက်ရောက်နဲ့ တကယ်ရန်ဖြစ်နေချိန်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ ဓာတ်ပုံကိုတော့ Donna Ferrato ဆိုသူ ဓာတ်ပုံဆရာမမှ Elisabeth နဲ့ Bengt တို့ စုံတွဲနှစ်ယောက်တို့ရဲ့ပုံရိပ်ကို ၁၉၈၂ ခုနှစ်ရဲ့ ညတစ်ညမှာရိုက်မိထားခဲ့တာပါ။ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံနေရမှုကို ခေါင်းစဉ်တပ်ပြီး မဂ္ဂဇင်းတွေမှာ ဖော်ပြခြင်းခံရဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အငြင်းခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ ၁၉၉၁ ခုနှစ်မှာတော့ သူမကိုယ်တိုင် “Living With The Enemy” ဆိုတဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုများအကြောင်း ဦးစားပေးရေးသားထားတဲ့ စာအုပ်ကို ထုတ်ဝေကာ လူစိတ်ဝင်စားခြင်းကိုခံခဲ့ပါတယ်။ Donna ကြောင့်ပဲ ၁၉၉၄ မှာတော့ အမျိုးသမီးများအကြမ်းဖက်ခံနေရတဲ့ပြစ်မှုများအတွက် အက်ဥပဒေများပြဌန်းခဲ့ပါတယ်။

Boredpanda

ဒီဓာတ်ပုံကိုတော့ တော်တော်များများက အပမှီနေတဲ့ကောင်မလေးဆိုပြီး ခေါင်းစဉ်တပ်ကြပါတယ်။ ဒါပေမဲ့ ဓာတ်ပုံနောက်က အမှန်တရားကတော့ဒီလိုပါ။ Terezka ဆိုသူကလေးမလေးရဲ့ ငယ်ဘဝဟာ အခြားကလေးတွေနဲ့မတူဘဲ သိပ်ကိုပင်ပန်းဆင်းရဲစွာ နေထိုင်လာခဲ့ရတာပါ။ Terezka ဟာ အိမ်နဲ့တူတာဆိုလို့ တစ်နေရာမှ မနေခဲ့ရဘဲ ချွေးတပ်မှာသာကြီးပြင်းခဲ့ရသူလေးပါ။ နောက်တော့ Warsaw ရဲ့ စိတ်ကျန်းမာရေးချို့တဲ့ဒဏ်ရာရနေတဲ့ ကလေးများနေတဲ့ ကုသအိမ်ဆီကို ပို့ခြင်းခံခဲ့ရပါတယ်။ Terezka အပါအဝင်တခြားကလေးတွေကို အိမ်ပုံဆွဲခိုင်းပေမယ့် Terezka ဟာ ချွေးတပ်မှာကြီးပြင်းခဲ့ရတာမို့ အိမ်ဆိုတာ ဘာမှန်းသေချာမသိခဲ့တဲ့အတွက် မဆွဲနိုင်ခဲ့တာပါ။ သူမရဲ့မျက်လုံးတွေထဲကြည့်မယ်ဆိုရင် အခြားကလေးလုပ်နိုင်ပြီး သူမမလုပ်နိုင်တဲ့အတွက် သိမ်ငယ်စိုးရိမ်စိတ်တွေနဲ့ စိတ်ရှုပ်ထွေးမှုတွေ အပြည့်ကို အတိုင်းသားမြင်နိုင်မှာပါ။ ဓာတ်ပုံဆရာကတော့ ဓာတ်ပုံဂျာနယ်လစ်လောကကို အရောင်တောက်စေခဲ့သူ David Seymour ဖြစ်ပြီး ၁၉၄၈ ခုနှစ်မှာ ရိုက်ကူးထားခဲ့တာပါ။

READ
ရေခဲသေတ္တာအပေါ်ဆုံးထပ်မှာ နို့နဲ့စားသောက်ကုန်များမထားသင့်
Boredpanda

ပထမပုံကိုကြည့်မယ်ဆိုရင်တော့ (၁၉၉၉)ခုနှစ်မှာ ကျောင်းသားလူငယ်လေးတွေ ဆုရိုက်ထားတဲ့ ကျောင်းဓာတ်ပုံတစ်ပုံလို့ မြင်မိမှာပါ။ ဒါပေမဲ့သေချာကြည့်မယ်ဆိုရင်တော့ ဘယ်ဘက်အပေါ်ရဲ့ထောင့်စွန်းမှာ သေနတ်ပုံစံကို လက်နဲ့ပြုလုပ်ကာ ပိုစ့်ပေးနေတဲ့ ကျောင်းသားနှစ်ယောက်ကို တွေ့ရမှာပါ။ သူတို့နှစ်ယောက်ကတော့ Eric Harris နဲ့ Dylan Klebold တို့ဖြစ်ပြီး ဓာတ်ပုံရိုက်ပြီး ရက်အနည်းငယ်အကြာမှာပဲ  နှစ်ယောက်သား Columbine ကျောင်းတွင်းပစ်ခတ်မှုကို ပြုလုပ်ခဲ့ပြီး ကျောင်းသား ၁၂ ယောက်နဲ့ ဆရာ ၁ ယောက်ကို သေစေခဲ့ပါတယ်။

Boredpanda

တံတားအပျက်ပေါ်ကနေ အသက်ရှင်မလားဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုတည်းကို အားကိုးပြီး ကူးဖြတ်လာသူတွေကတော့ မြောက်ကိုရီးယားစစ်ဘေးဒုက္ခသည်တွေပါ။ အချိန်ကာလကတော့ ၁၉၅၁ ခုနှစ်ဖြစ်ပြီး အဲဒီအချိန်တုန်းက မြောက်ကိုရီးယားအတွင်းသို့ တရုတ်စစ်တပ်တွေ ဝင်ရောက်နေတဲ့အချိန်ကာလပါ။ Taedong မြစ်ကိုဖြတ်ကာ တည်ဆောက်ထားတဲ့ ပြုံယမ်းတံတားကြီးဟာ စစ်ဒဏ်ကြောင့်ပျက်ဆီးယိုယွင်းခဲ့ပေမယ့် ဒုက္ခသည်တွေကိုတော့ တောင်ဘက်မှ ပြေးရှောင်ကာ တစ်ဖက်ကမ်းသို့ရောက်အောင် ပို့ပေးနိုင်တဲ့အထိ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ဓာတ်ပုံဆရာကတော့ Associate Press မှ Max Desfor ပါ။

Boredpanda

ဓာတ်ပုံထဲကအဖြူရောင်ဝတ်စုံနဲ့ အမျိုးသားကတော့ လုပ်ကြံခံခဲ့ရတဲ့ အိန္ဒိယဝန်ကြီးချုပ်ဟောင်း Rajiv Gandhi ပဲဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ ဘယ်ဘက်အောက်မှာတစ်ပိုင်းတစ်စတွေ့ခဲ့ရတဲ့ လိမ္မော်ရောင်ပန်းတွေဝေနေတဲ့ အမျိုးသမီးဦးခေါင်းဟာ ဘယ်ဘက်ထိပ်မှာ ပြန်ထည့်ထားတဲ့ အမျိုးသမီးပါ။ သူမဟာ Rajiv Gandhi ကို ဖက်လိုက်တဲ့အချိန်မှာပဲ ကိုယ်မှာတပ်ဆင်ထားခဲ့တဲ့ ဗုံးဟာထပေါက်ပြီး ဓာတ်ပုံဆရာအပါအဝင် ဝန်ကြီးချုပ်ရော အနီးရှိလူအချို့ရော သေဆုံးသွားခဲ့ပါတယ်။

Source: Boredpanda

Penny

SHARE