ယနေ့ညမှာတွေ့ရမယ့် ထူးခြားလ,ဖြစ်စဉ်ကို မြန်မာနိုင်ငံတစ်ဝှမ်းမှ ကြည့်ရှုနိုင်မည်

ယနေ့ညမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၅၀)ကတုန်းက တစ်ခါကြုံတွေ့ခဲ့ရတဲ့ စူပါမွန်း၊ အပြာရောင်လ၊ သွေးရောင်လွှမ်းတဲ့ လ ဖြစ်စဉ်(၃)မျိုးလုံး ဖြစ်ပွားမှာပါ။ နှစ်ပေါင်းရာနဲ့ချီစောင့်ပြီးမှ ကြုံတွေ့နိုင်မယ့် ကြုံတောင့်ကြုံခဲ လကြတ်ခြင်း အဖြစ်အပျက်ကို မြန်မာနိုင်ငံမှာလည်း တွေ့ရှိရမှာဖြစ်ပါတယ်။

လကြတ်တဲ့ဖြစ်စဉ်အစအဆုံးဟာ (၁)နာရီ နဲ့ (၁၆)မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။ ယနေ့ည လကြတ်တဲ့ဖြစ်စဉ်ကို ဇန်န၀ါရီလ(၃၁) ရက်နေ့ပြည်သူ့ရင်ပြင်မှာစောင့်မျှော် ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ MASES (Myanmar Astronomy & Science Ethusiats Society on Facebook) မှာ ဖော်ပြထားပါတယ်။

လကြည့်တဲ့အစီအစဉ်ကို ယနေ့ညနေ (၅း၀၀) အချိန်မှာ စတင်မည်ဖြစ်ပြီး တစ်စုံတစ်ရာ မေးမြန်းလိုသူအနေနဲ့လည်း ဖုန်းနံပတ် 09-25000-8912 ကို ဆက်သွယ်နိုင်ကြောင်း ယင်းသတင်းမှာ ဖော်ပြထားပါတယ်။

Credit: MASES – Myanmar Astronomy & Science Enthusiasts Society

MASES အရ မြန်မာနိုင်ငံ အနေနဲ့ကတော့ လကြတ်ခြင်းဖြစ်စဉ်ကို အစအဆုံး မြင်တွေ့ရမယ်လို့ သိရပါတယ်။ ဖြစ်စဉ်အစအဆုံး (၄)နာရီ (၄၅)မိနစ်ခန့် ကြာမြင့်မှာဖြစ်ပြီး အပြည့်ကြတ်ခြင်း ကြာမြင့်ချိန် (၁)နာရီ (၁၆)မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။ လကြတ်ခြင်းဖြစ်စဉ် အချိန်ဇယားအနေဖြင့် အောက်ပါအတိုင်း စောင့်ကြည့်နိုင်ပါတယ်။ ထို့အတွက်ကြောင့် ဇန်န၀ါရီ (၃၁)ညနေမှာ နှစ်ပေါင်း ၁၅၀ အတွင်း မြင်ရတဲ့ ရှားပါးမြင်ကွင်းဖြစ်တဲ့ လအပြည့်ကြတ်ခြင်းကို အရှေ့ဖက်ကောင်းကာင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့နေရာ ကနေပြီး စောင့်မျှော်ကြည့် ရှုလို့ရပါတယ်။

READ
၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ရခဲ့ပေမယ့် ရှေးရိုးစွဲသမားတွေရဲ့ ဝေဖန်ခံနေရတဲ့ ကျွမ်းဘားမယ်

လထွက်ချိန် 5:52 PM
လတစ်စိတ်တစ်ပိုင်း စကြတ်ချိန် 6:18 PM
လအပြည့်စကြတ်ချိန် 7:21 PM
လအပြည့်ကြတ်ချိန် 7:59 PM
လအပြည့်ကြတ်ခြင်း ပြီးဆုံးချိန် 8:37 PM
လတစ်စိတ်တစ်ပိုင်း ကြတ်ခြင်းပြီးဆုံးချိန် 9:41 PM

နက္ခတ်ဗေဒပညာရှင်တွေက ယခုလိုမျိုး ရှားပါးဖြစ်စဉ်လကြတ်ခြင်းနဲ့ ကြုံရတဲ့အခါ ကိုယ့်အတွက်အသုံးဝင်တဲ့ ဂမ္ဘီရအစီအစဉ်တွေ စီရင်နိုင်တယ်လို့ ဆိုပါတယ်။ အိမ်ပြတင်းပေါက်ရှေ့မှာ လရောင်ခံဖို့အတွက် အလူမီဒီနီယံနဲ့ပြုလုပ်ထားတဲ့ အ၀ိုင်းလေးတစ်ဝိုင်းကို ယူပါ။ ငွေကြေးအဆင်ပြေချင်တယ်ဆိုရင် အလူမီနီယံဝိုင်းလေးရဲ့ အလယ်မှာ ဆန်စေ့နည်းနည်းလေး ထားပေးပါ။

အချစ်ရေးကံကောင်းချင်တယ်ဆိုရင် အ၀ိုင်းရဲ့အလယ်မှာ မိမိအနှစ်သက်ဆုံး အ၀တ်အစားကို ထည့်ထားနိုင်ပါတယ်။ တကယ်လို့ကိုယ့်ရဲ့ ဆန္ဒတွေကို အတိအကျပြည့်ဝစေချင်တယ်ဆိုရင်တော့ စာရွက်မှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုရေးပြီး အ၀ိုင်းရဲ့အလယ်မှာ ထားပေးနိုင်ပါတယ်။

READ
ကလေးချင်း သေနတ်ပစ်တမ်းဆော့ရာမှ မတော်တဆ ပစ်ခတ်မှုဖြစ်ပြီး၊ မိခင်ဖြစ်သူ အဖမ်းခံခဲ့ရ

နောက်တစ်နေ့မှာတော့ အလူမီနီယံအ၀ိုင်းပေါ်မှာ ကိုယ်တင်ထားခဲ့တဲ့ပစ္စည်းတွေကို ပြန်ယူပြီး နောက်လပြည့်နေ့ မရောက်မချင်း သေတ္တာတစ်လုံးထဲမှာ သိမ်းထားပေးပါ။ စူပါမွန်းက ကံကောင်းခြင်းတွေကို ယူဆောင်လာတယ်လို့ ယုံကြည်ကြတာကြောင့် လိုချင်တဲ့ဆန္ဒတွေ ပြည့်ဝမယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် တစ်သက်မှာတစ်ခါပဲ ကြုံတွေ့ခွင့်ရှိတဲ့ မနက်ဖြန်ထူးခြားလဖြစ်စဉ်ကို စာဖတ်သူတွေအနေနဲ့ စောင့်ကြည့်သင့်ပါကြောင်း။

လင်းလင်း(ShweMom)

SHARE