မကပ်တဲ့အိုးတွေမှာပါတဲ့ ဓာတ်တုဓာတ်က အမျိုးသားလိင်အင်္ဂါ အရွယ်အစားကို ထိခိုက်စေနိုင်

ဆီကြော်တွေကို အလွန်စားသုံးမှုကြောင့်နဲ့ ဖြစ်လာတဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက အမြဲ သတိပေးနေတာ အားလုံးအသိပါပဲ။ အခုလည်း အီတလီနိုင်ငံက သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အသစ်က အမျိုးသားတွေ့အဖို့တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ

မကပ်တဲ့ အကြော်အိုးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတစ်မျိုးက အမျိုးသားတွေရဲ့ လိင်အင်္ဂါကို အဘက်ဘက်ကနေ လက်မ၀က်အထိ သေးငယ်သွားစေပါသတဲ့။ PFCs လို့ ခေါ်တဲ့ ဓာတုပစ္စည်းဟာ အမျိုးသားတွေရဲ့ ဟော်မုန်း မိခင်ရဲ့ ၀မ်းဗိုက်အတွင်းမှာ ရှိနေတဲ့ အချိန်ကတည်းက ထိခိုက်စေနိုင်ပြီး လိင်အင်္ဂါရဲ့ အရွယ်အစားမှာ သိသိသာသာ တိုသွားတာ၊ သေးသွယ်သွား စေနိုင်တဲ့ အလားလာရှိတာကို တွေ့ရှိခဲ့ကြပါတယ်။

PA

ဒီ ဓာတုသက်ရောက်မှုဟာ ကိုယ်ဝန်ဆောင်ချိန်မှာမှ မဟုတ်ဘဲ ဆယ်ကျော်သက်အရွယ်တွေမှာပါ ဖြစ်ပွားနိုင်တာကို တွေ့ရှိခဲ့ကြရပါတယ်။

သိပ္ပံပညာတွေက တွေ့ရှိချက်အရ PFCs သက်ရောက်မှုနှုန်းမြင်နေတဲ့ အမျိုးသားတွေဟာ သာမန်အမျိုးသားတွေရဲ့ အရွယ်အစားအထက် (၁၂.၅) ရာခိုင်နှုန်း တိုသွားပြီး (၆.၃) ရာခိုင်နှုန်း သေးသွယ်သွားနိုင်တယ်ဆိုတဲ့အတွက်ကြောင့် အမျိုးသားတွေအတွက်တော့ ရင်လေးစရာဖြစ်နေပါတယ်။

READ
ကမ္ဘာ့နိုင်ငံအသီးသီးက အံ့သြဖွယ် အယူဝါဒအစွဲများ

ဒီ လေ့လာမှုကို University of Padua မှာ ပျှမ်းမျှ (၁၈) နှစ်အရွယ် အမျိုး (၃၈၃) ယောက်နဲ့ စမ်းသပ်လေ့လာခဲ့ကြတယ်။ အဲ့ဒီ့လို လေ့လာရာမှာ ကမ္ဘာပေါ်က အရပ်ဒေသ လေးနေရာမှာ တစ်နေရာတိုင်းက PFC သက်ရောက်မှုနှုန်းမြင့်တက်နေတာကို တွေ့ရှိခဲ့ရတယ်။

metro

(၁၉၇၇) ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့တဲ့ PFC ရဲ့ ရေထုညစ်ညမ်းမှုကပဲ စတင်ပြီး အခုနောက်ပိုင်း မျိုးဆက်တစ်ခုလုံးမှာ ပြန်ပွားလာတာဖြစ်တယ်လို့ လေ့လာမှုရဲ့ ဦးဆောင်သူ ဒေါက်တာ Andrea Di Nisio က ပြောပြပါတယ်။

ဒီ ဓာတုဓာတ်က မွေးဖွားတဲ့အခါ ကလေး ပေါင်မပြည့်တာ၊ ကိုလက်စထရောတွေ မြင့်တက်လာတာ၊ သည်းခြေအိတ် ကင်ဆာတွေနဲ့လည်း ဆက်စပ်နေပြီး သက်ရောက်မှုတွေက ကင်ဆာ ဖြစ်ဖို့ အလားလားအများကြီးရှိကြောင်း သိရပါတယ်။

ဒီ ဓာတုဓာတ်ကို အစာနဲ့ ရေကတစ်ဆင့် အူက စုပ်ယူတယ်၊ အဲ့လိုမှမဟုတ်ရင် အသက်ရှုမှုကတစ်ဆင့် သွေးကြောထဲကို ၀င်ရောက်နိုင်ပါတယ်။ ကိုယ်ဝန်သည် အမျိုးသမီးတွေဆို  သန္ဓေသား အဆိပ်သင့်တာ၊ အမျိုးသားတွေဆို လိင်အင်္ဂါသေးငယ်သွားတာ စတာတွေကို ဖြစ်စေပါတယ်။

READ
ဗြိတိန်တော်ဝင် မိသားစုဝင်တွေရဲ့ နာမည်ကျော်ခဲ့တဲ့ အပုပ်နံ့များ
WPDH

PFC ဓာတ်သက်ရောက်မှုမရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါဟာ အဆုံးထိ တင်းရင်းခြင်း မရှိသေးချိန်မှာ သာမန်အားဖြင့် (၃.၉) လက်မ ရှိပြီး ဓာတုဓာတ် သက်ရောက်မှုနှုန်းမြင့်တဲ့ ဒေသက သူတွေကတော့ (၃.၄) လက်မသာရှိကြောင်းတွေ့ရှိရတယ်။

ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သာမန် လိင်အင်္ဂါ လုံးပတ်က (၄) လက်မဖြစ်ပြီး PFC ညစ်ညမ်းမှု များတဲ့ အရပ်က အမျိုးသားဟာ (၃.၇) လက်မသာ ရှိကြောင်းသိရပါတယ်။

ဒီလေ့လာချက်ကို Clinical Endocrinology and Metabolism ဂျာနယ်မှာလည်း ဖော်ပြထားပါတယ်။

Ref: Lad Bible

Matthew (ShweMOM)
SHARE