Henry Cavill နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

Twitter/HenryCavill

Henery Cavill လို့ပြောလိုက်ရင် ရုပ်ရှင်ပရိသတ်အများစုကတော့ Man of Steel ရုပ်ရှင်ထဲက Superman ဆိုပြီး သိကြမှာပါ။ အဲ့ကားကြောင့်ပဲ   Henry Cavill ဟာ မထင်မရှား သရုပ်ဆောင်ဘ၀ကနေ နာမည်ကြီး အက်ရှင်မင်းသားဘ၀ကို ရောက်ခဲ့ပါတယ်။ အက်ရှင်မင်းသား တစ်ယောက်ဆိုပေမယ့် Henry Cavill ရဲ့ ပြင်ပလူနေမှု စရိုက်ကတော့ ရုပ်ရှင်ထဲက ပုံစံနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။ ShweMom ပရိသတ်တွေအတွက် Henry Cavill နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖွယ် အကြောင်းအရော အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1.Henry Cavill ဟာ Hollywood ရဲ့ ကံအဆိုးဆုံး သရုပ်ဆောင်တွေထဲက တစ်ဦးပါ။       

Imdb_DawnofJustice

Henry ဟာ နာမည်ကြီး  ဇာတ်ကောင်တွေနေရာက သရုပ်ဆောင်ရမယ့် အခွင့်အရေး အတော်များများကို လက်လွတ်ဆုံးရှုံးခဲ့ ဖူးပါတယ်။ Henry ဟာ James Bond ဇာတ်ကောင်ကို သရုပ်ဆောင်ရဖို့ အလွန်နီးစပ်ခဲ့ပြီးမှ Daniel Craig ကို အရှုံးပေးခဲ့ရပါတယ်။။ Henry ဟာ SupermanးFlyBy ရုပ်ရှင်ကားအတွက် ၀င်ရောက် အရွေးခံခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း  အခြားမင်းသားတစ်ဦးဖြစ်တဲ့ Brandon Routh ကို မကျော်လွှားနိုင်ခဲ့ပါဘူး။

(၂၀၁၃)ခုနှစ်မှာတော့ Brandon Routh က အသစ်ရိုက်ကူးမယ့် Superman ရုပ်ရှင် Man of Steel မှာ Superman အဖြစ် သရုပ်ဆောင်ပါရစေဆိုပြီး ဒါရိုက်တာ Zack Snyder ကို တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကံကြမ္မာက Henry ကို မျက်နှာသာပေးခဲ့ပါတယ်။ ဒါရိုက်တာ Zack Snyder ဟာ Superman အဖြစ် Henry ကို ရွေးချယ်ခဲ့သလို Man of Steel ရုပ်ရှင်ကလည်း အောင်မြင်တဲ့ DC ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။

READ
အနက်ရောင်ဖက်ရှင်နဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ မအေးသောင်း

2.World of Warcraft ဂိမ်းကြောင့် Superman ဇာတ်ကောင်ကိုလက်လွှတ်ခဲ့ရမလို ဖြစ်ခဲ့ပါသေးတယ်။

WorldofWarcraft

Henry ဟာ  အွန်လိုင်းဂိမ်း World of Warcraft ရဲ့  အကြီးစားပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဂိမ်းကို နေ့မအိပ်ညမအိပ်တည်း ကစားသူဖြစ်ပြီး သူနဲ့အတူ ကစားတဲ့ အွန်လိုင်းဖော်က သူငယ်ချင်းအဖွဲ့လည်း ရှိပါတယ်။တစ်နေ့ Henry ကိုဂိမ်းကစားနေတုန်း  တစ်ယောက်ယောက် ဖုန်းခေါ်လာပါတယ်။ Henryက  ဂိမ်းထဲက သူငယ်ချင်းတွေကို ထားခဲ့လို့မရဘူးဆိုပြီး  ဖုန်းမကိုင်ပဲ နေခဲ့ပါတယ်။ ဒါပေမယ့်  အောက်ငုံ့ကြည့်လိုက်တော့ သူတစ်ချိန်လုံး စောင့်စားနေခဲ့ရတဲ့ Man of Steel ရုပ်ရှင်နဲ့ ဒါရိုက်တာ Zack Snyderမှ န်းလဲသိရော  အမြန်ကောက်ကိုင်လိုက်ပေမယ့် ဖုန်းကျသွားခဲ့ပါပြီိ။ ဒါပေမယ့်လည်း Henry က ဖုန်းပြန်ခေါ်ခဲ့ပြီး Superman ဖြစ်ခွင့်ရရှိခဲ့ပါတယ်။

3.Henry မှာ ညီအစ်ကို (၄) ယောက်ရှိပါတယ်။

Instagram/Henry Cavill

 

Henry တို့ မိသားစုကတော့ ထူးခြားတယ်လို့ ပြောရမှာပါ။ Henry ရဲ့ အဖေနဲ့ အမေဟာ Henry အပါအ၀င် သားယော်ကျာ်းလေးတွေချည်း (၅)ယောက်တိတိ မွေးဖွားခဲ့ပါတယ်။ Henry ရဲ့ ညီအစ်ကိုတွေကတော့ Nick,Charlie,Piers နဲ့ Simon တို့ပဲ ဖြစ်ပါတယ်။ Henry က ညီအစ်ကို(၅)ယောက်ထဲမှာ ဒုတိယအငယ်ဆုံးလဲ ဖြစ်ပါတယ်။

4.Henry က ဘန်လို့ခေါ်တဲ့ လင်းနို့တစ်ကောင်ကို မွေးစားခဲ့ပါသေးတယ်။

Twitter/HenryCavill

Henry က ရုပ်ရှင်ထဲမှာ  Supermanအဖြစ်နဲ့   ကမ္ဘာကြီးကို ကယ်တင်သလို တကယ့်ဘ၀မှာလည်း   အသက်တွေကယ်ပါသေးတယ်။ Henry ဟာ လင်းနို့လေးရဲ့ နာမည်ကို သူနဲ့အတူ Batman VS Superman မှာ သရုပ်ဆောင်တဲ့ Ben Affleck ရဲ့ နာမည်အတိုင်း Ben လို့ပေးပြီး မွေးစားခဲ့ပါတယ်။

READ
Hater တွေကို တုံ့ပြန်ပြီး ချစ်သူမမဘက်က ရပ်တည်ပေးလိုက်တဲ့ Nick Jonas

5.Twilight ၀တ္တုတွေရဲ့ စာရေးဆရာမက Henry ကို Edward Cullen ဖြစ်စေချင်ခဲ့တာပါ။

Twilight ၀တ္တုတွေကို ရေးသားခဲ့တဲ့ နာမည်ကျော် စာရေးဆရာမ Stephanie Meyer က Henry Cavill ရဲ့  ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ သူမက “ဒီဇာတ်ကောင်အတွက် မင်းသားရွေးဖို့က အလွန်ခက်ခဲလှပါတယ်။ ဒီဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့သူကတော့ Henry Cavill ပဲ ဖြစ်ပါလိမ့်မယ်” လို့ဆိုပြီး သူမရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါပေမယ့် Twilight ၀တ္တုတွေကို ရုပ်ရှင်တွေအဖြစ် အသက်သွင်းမယ့် Paramount ကုမ္ပဏီကတော့ Edward နေရာမှ သရုပ်ဆောင်ဖို့ Henry Cavill က အသက်ကြီးလွန်းတယ်ဆိုပြီး  သူ့ထက် (၃)နှစ်ကြီးပေမယ့် ပိုမိုနုပျိုပုံပေါက်တဲ့ Robert Pattinson ကို ရွေးချယ်ခဲ့ပါတယ်။

6.Henry ဟာ ဘာသာစကား(၄)မျိုး ပြောတတ်ပါတယ်။

Henry Cavill ဟာ English,French,Spanish,Italian စတဲ့ ဘာသာစကား(၄)မျိုးကို ကျွမ်းကျွမ်းကျင်းကျင် ပြောနိုင်ပါတယ်။

7.Henry မှာ Superman နာမည်နဲ့ခွေးတစ်ကောင်ရှိပါတယ်။

Instagram/Henry Cavill

(၂၀၁၄)ခုနှစ်လောက်က Henry နဲ့ သူ့ရည်းစားဟောင်း Gina Carano တို့ နှစ်ယောက်အတူ ခွေးတစ်ကောင်မွေးခဲ့ပါတယ်။   အဲ့ခွေးလေးကိုတော့ Superman ရဲ့  နာမည်အရင်းဖြစ်တဲ့ Kal-El  ကို အစွဲပြုပြီး Kal လို့ နာမည်ပေးခဲ့ပါတယ်။

Thaw Tar

SHARE