ရင်ဘတ်ထဲမှာ လျို့ဝှက်ကင်မရာထည့်ထားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ရည်ရွယ်ချက်

Twitter / Whitney Zelig

နယူးယော့ခ်ကအမျိုးသမီးတစ်ဦးဟာ ရင်​သားကင်​ဆာအတွက် ဆန်းသစ်တဲ့နည်းလမ်းတစ်ခုနဲ့ သတိ​ပေးနှိုး​ဆော်​မှုတွေကိုလုပ်ဆောင်ခဲ့ပါတယ်။အဆိုပါအမျိုးသမီးဟာ သူမရဲ့ရင်ဘတ်ထဲမှာ လျှို့ဝှက်ကင်မရာတစ်ခုကို ထည့်ထားခဲ့ပြီး မြို့ရဲ့လမ်းပေါ်ကိုထွက်ကာ လမ်းတစ်လျှောက်မှာရှိတဲ့သူမရင်ဘတ်ကိုကြည့်ကြတဲ့ အမျိုးသားအမျိုးသမီးတွေကို မှတ်တမ်းရိုက်ယူခဲ့ပါတယ်။

Whitney Zelig အမည်ရှိတဲ့ အသက်(၂၉)နှစ်အရွယ်အမျိုးသမီးဟာ Manhattan မြို့ရဲ့လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန် သူမရဲ့ရင်ဘတ်ကြားနေရာကို ကြည့်ရှုသူဘယ်လောက်ရှိခဲ့တယ်ဆိုတာကို ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုကိုရိုက်ကူးရတဲ့အရေးကြီးတဲ့အကြောင်းရင်းတစ်ခုကတော့ စောစီးစွာရင်သားကင်ဆာအကြောင်းသိပြီး အမျိုးသမီးတွေကိုယ်တိုင်သွားရောက်စစ်ဆေးဖို့တွန်းအားပေးတဲ့အနေနဲ့ အခုလိုစီစဉ်ရိုက်ကူးမှုလုပ်ခဲ့တာဖြစ်ပါတယ်။

ရင်သားကင်ဆာဖြစ်ပွားနေတာကို စောစီးစွာသိမယ်ဆိုရင် ကုသမှုတွေကိုအမြန်လုပ်ဆောင်နိုင်တာကြောင့် အခုလိုလုပ်ရတာဖြစ်တယ်လို့ Whitney Zelig ကပြောပါတယ်။

ဗီဒီယိုထဲမှာ Whitney Zelig သွားတဲ့လမ်းတစ်လျှောက် သူမဖြတ်သွားတဲ့အချိန်မှာ လူတိုင်းလိုလိုဟာ ကြည့်သွားကြတာကိုတွေ့ရပါတယ်။ အမျိုးသား၊အမျိုးသမီးတွေအပါအ၀င် တစ်နေရာမှာဆို ရင် ခွေးတစ်ကောင်ကပါကြည့်ရှုခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာ သတိပေးစာတစ်ခုကိုထည့်သွင်းရေးထားတာကိုတွေ့ရပါ တယ်။အမျိုးသမီးတွေ ရင်သားတွေကို စစ်ဆေးဖို့မမေ့ကြပါနဲ့။ စောစီးစွာသိရှိမယ်ဆိုရင် အသက်ရှည်ရှည်နေထိုင်နိုင်မယ်ဆိုတဲ့  စာတမ်းတစ်ခုကိုရေးထားပါတယ်။

အမေရိကန်နိုင်ငံမှာ ရင်သားကင်ဆာဖြစ်ပွားမှုဟာ အမျိုးသမီး(၈)ယောက်မှာ (၁)ယောက်ကရင်သားကင်ဆာဖြစ်ပွားေ နတယ်လို့ အမျိုးသားရင်သားကင်ဆာဖောင်ဒေးရှင်းရဲ့အချက်အလက်တွေအရသိရပါတယ်။ဗြိတိန်မှာဆိုရင်ေ တာ့ အမျိုးသမီး(၇)ယောက်မှာ တစ်ယောက်ကတော့ ရင်သားကင်ဆာဖြစ်ပွားနေတာကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ဗြိ တိန် ကင်ဆာသုတေသနဌာနရဲ့ဖော်ပြချက်တွေအရသိရပါတယ်။

Whitney ဟာ အခုလို အမျိုးသမီးတွေကိုတိုက်တွန်းတဲ့ဗီဒီယိုရိုက်ကူးရတဲ့ရည်ရွယ်ချက်ကတော့ သူမရဲ့အမေ ဟာ ရင်သားကင်ဆာရောဂါဖြစ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဒီဗီဒီယိုကို Whitney ဟာ သူမရဲ့အကို Chris နဲ့သူမရဲ့သူငယ်ချင်း CJ Koegel တို့ပူးပေါင်းပြီး အခုလိုရိုက်ကူးခဲ့ တာဖြစ်ပါတယ်။

ဒီဗီဒီယိုကို ကြည့်ရှုသူ(၁၄)သန်းကျော်အထိရှိခဲ့တာကြောင့် သူတို့ရဲ့လုပ်ရပ်ဟာ အောင်မြင်ခဲ့တယ်လို့ဆိုရ မှာဖြစ်ပါတယ်။

Thae

SHARE