မြန်မာ့သူရဲကောင်းလေယာဉ်မှူးအကြောင်း နိုင်ငံတကာ သတင်းဌာနများက ချီးကျူးဖော်ပြခဲ့

ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းကွန်ရက်တွေပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့သတင်းကတော့ မြန်မာလေ့ကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။

အဆိုပါ လေယာဉ်ဟာ ဆင်းသက်ဖို့ကြိုစားစဉ်မှာ Landing Gear အလုပ်မလုပ်တော့လို့၊ ဆီကုန်အောင် အရင်ဝဲပျံမောင်းနှင်ပြီး လေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးကလည်း အဖြစ်အပျက်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Facebook
Twitter
Twitter

လေယာဉ်ကို တာဝန်ယူမောင်းနှင်ခဲ့သူကတော့ ဦးမြတ်မိုးအောင်ဖြစ်ပြီး လေယာဉ်ရှေ့ဘီးအသုံးပြုလို့မရဘဲ ဦးခေါင်းစိုက်အနေအထားနဲ့ ဆင်းသက်ခဲ့ရတာလို့ သိရပါတယ်။ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာတော့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ကို ချီးကျူးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒီအခင်းဖြစ်စဉ်ကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထွက်ခွာ/ဆိုက်ရောက်မယ့် လေကြောင်းခရီးစဉ်အချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ခရီးသည် ဦးစိုးမိုးကျော်က AFP သတင်းနဲ့ တွေ့ဆုံစဉ်မှာ “ အောက်ကိုရောက်တော့ လေယာဉ်ကနေ မီးခိုးနည်းနည်း ထွက်လာတယ် … ခရီးသည်တွေ ဘေးကင်းကြပါတယ် ”လို့ ပြောခဲ့ပါတယ်။

မကြာသေးခင် ရက်ပိုင်းက ရန်ကုန်လေဆိပ်မှာလည်း Biman Bangladesh Airplanes လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး မတော်တဆမှု ဖြစ်ခဲ့သေးပြီး၊ ထိုဖြစ်စဉ်မှာတော့ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ အခုဖြစ်စဉ်မှာတော့ လေယာဉ်ပေါ်မှာ ခရီးသည်(၈၂)ဦး၊ လေယာဉ်အမှုထမ်း (၇)ဦး ပါဝင်ခဲ့ပြီး အားလုံး ဘေးမသီရန်မခခဲ့ကြပါဘူး။

လင်းသူရိန် (Shwemom)

READ
ဝက်ဝံကြီးကိုကြောင်လေးတစ်ကောင်လိုပွတ်သပ်ကျီစယ်ပြီးဓာတ်ပုံအတူတွဲရိုက်ခဲ့တဲ့မိန်းကလေး

Source : mirror.co.uk

SHARE