(၂၀၂၀) ခုနှစ်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

pexels/CoWomen

စာဖတ်သူအနေနဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်းကို မီဒီယာတွေမှာ ဒါမှမဟုတ် သူငယ်ချင်းတွေပြောတာကို ကြားဖူးမှာပါ။ ဒါပေမယ့် အဲ့ဒီနေ့ဟာ ဘာအတွက်လဲ။ ရိုးရိုးအခမ်းအနားပွဲလား၊ ဒါမှမဟုတ် ဆန္ဒပြတာလား၊ အပြည်ပြည်ဆိုင်ရာအမျိုးသားနေ့နဲ့ရော အတူတူပဲလား စသဖြင့် တွေးမိမှာပါ။ ကမ္ဘာတစ်ဝှမ်းက လူတွေက မတ်လ(၈) ရက်နေ့ကို အမျိုးသမီးတွေအတွက် အထူးနေ့ရက်အဖြစ် သတ်မှတ်ထားကြတာ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ အောက်ဘက်မှာတော့ BBC သတင်းကတဆင့် သိရတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဟာ (၁၉၀၈) ခုနှစ်ကတည်းက စတင်သန္ဓေတည်လာခဲ့တာပါ။ အမျိုးသမီးပေါင်း (၁၅,၀၀၀) ဟာ အလုပ်ချိန်တွေလျှော့ပေးဖို့၊ လစာတိုးပေးဖို့နဲ့မဲပေးခွင့်အတွက် နယူးယောက်မြို့မှာ တောင်းဆိုခဲ့ကြတာပါ။ တစ်နှစ်အကြာမှာတော့ ၄င်းနေ့ကို ပထမဆုံးနိုင်ငံတော်အမျိုးသမီးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

pexels/@thiszun

(၁၉၁၀) ခုနှစ်မှာတော့ ကိုပင်ဟေဂင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ညီလာခံမှာ ကလာရာဇက်တ်ကင်ဆိုသူ အမျိုးသမီးက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပေးဖို့ အဆိုတင်သွင်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီတုန်းက အကြံသာရှိခဲ့ပြီး သေချာနေ့ရက်သတ်မှတ်တာမျိုးမရှိခဲ့ပါဘူး။

READ
တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်သုံးခြင်းက သာမန် သက်တမ်းထက် (၂)နှစ်ပိုရှည်နိုင်...

(၁၉၁၇) ခုနှစ်မှာတော့ ရုရှားအမျိုးသမီးတွေက ၄င်းမတ်လ (၈) ရက်နေ့မှာပဲ အမျိုးသမီးတွေအခွင့်အရေးအတွက် (၄) ရက်တိုင် ဇာဘုရင်ကို ဆန္ဒပြခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဇာဘုရင်ဟာ နန်းစွန့်ခဲ့ရပြီး ယာယီအစိုးရဟာ အမျိုးသမီးတွေကို ပါဝင်မဲပေးဖို့ခွင့်ပြုခဲ့ရပါတယ်။ အမျိုးသမီးတွေဆန္ဒပြခဲ့တဲ့ အဲဒီနေ့ဟာ ဂရီဂိုးရီးယန်းပြက္ခဒိန်အရဆိုရင် မတ်လ (၈) ရက်နေ့ဖြစ်တဲ့အတွက် အဲ့ဒီနေ့ကိုပဲ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

pexels/Andrea Piacquadio

ပထမဆုံး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို (၁၉၁၁) ခုနှစ်မှာ သြစတြီးယား၊ ဒိန်းမတ်၊ ဂျာမနီနဲ့ ဆွစ်ဇာလန်တို့မှာ စတင်ကျင်းပခဲ့ပါတယ်။ ယခုနှစ်ကတော့ သေချာတွက်ချက်ပြီးပြောရမယ်ဆိုရင် (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ရှိသလို အပြည်ပြည်ဆိုင်ရာ အမျိုးသားနေ့လည်း ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသားများနေ့ဟာ နိုဝင်ဘာ (၁၉) ရက်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းလည်း သိရပါတယ်။

READ
ပုရိသတွေအကြား ရေပန်းစားနေတဲ့ ဒူဘိုင်းရောက် ကိုရီးယားမော်ဒယ်မလေး

လင်းလင်း (ShweMom)

SHARE