အဆိုတော် သေဆုံးမှုကြောင့် ဆူပူမှု ဖြစ်နေတဲ့ အီသီယိုးပီးယားမှာ အင်တာနက် ဖြတ်တောက်ခံရ

Image:IG/hayat_mikael46

အီသီယိုးပီးယားနိုင်ငံ တစ်ဝန်းမှာတော့  ဇွန်လ (၃၀)ရက်နေ့က အင်တာနက်တွေ ဖြတ် တောက်ပစ်လိုက် ပါတယ်။အ ဆိုတော် တက်ကြွ လှုပ်ရှားသူ Hachalu Hundessa ပစ်ခတ်ခံရပြီး သေဆုံး ပြီး နောက် နိုင်ငံတစ်ဝန်း ဆန္ဒ ပြ ပွဲ တွေ ဖြစ် နေတဲ့  ကြားက အင်တာနက် ဖြတ် တောက်တဲ့ ကိစ္စ ဖြစ်ခဲ့တာပါ။Hachalu က တော့ Oromo လူ မျိုးစု ရဲ့  ထင် ရှားတဲ့ သူ တစ်ယောက်ပါ။သူဟာ ပြီးခဲ့တဲ့ တနလာင်္ နေ့ တုန်းက မြို့တော် Addis Ababa မှာရှိတဲ့ Gelan ကွန်ဒို မှာ ပစ်သတ် ခံလိုက်ရတာပါ။ဒီ သတင်းကိုတော့ CNN မှာ ဖော်ပြထားပါတယ်။

ဇွန်လ (၃၀)ရက်နေ့ မှာတော့ မြို့ တော်နဲ့ Oromia ဒေသ တွေ မှာ ဆန္ဒပြ ပွဲ တွေ စတင် ဖြစ် ပေါ် ခဲ့ပါတယ်။အီသီ ယိုး ပီးယားမှာရှိတဲ့ အ မေရိကန် သံရုံး က ဆိုရင် သံရုံးဝန်ထမ်း တွေ နဲ့ အီသီယိုးပီးယား ရောက် အ မေရိကန် တွေ ကို လုံခြုံ ရေး အတွက် တပ်လှန့် သတိ ပေး ထားပါတယ်။ဆန္ဒပြ သူ တွေ ကလည်း အဆိုတော် သေဆုံး မှု နဲ့ ပတ် သက် ပြီး အ မေရိကန် သံရုံး ရှေ့ မှာ ဆန္ဒပြ  နေကြပါတယ်။အင်တာနက် စောင့်ကြည့်ရေး NGO အဖွဲ့ ဖြစ် တဲ့ Netblocks က တော့ နိုင်ငံတစ်ဝန်းမှာ ဇွန်လ (၃၀)  ဒေသစံ တော်ချိန် မနက် (၉)နာရီ လောက်က အင်တာ နက် တွေ ဖြတ် တောက် ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အီသီယိုးပီးယား အစိုးရဟာ ဆန္ဒပြ ပွဲ နဲ့ ဆူပူအုံကြွ မှုတွေ ဖြစ် နေတဲ့ ကာ မျိုးတွေ ဆိုရင် အင်တာနက် နဲ့ ဖုန်း ဆက်သွယ် ရေး တွေ အားလုံး ကို အစိုးရ က ဖြတ် တောက် ပစ်တယ်လို့ အရင်ကလည်း စွပ်စွဲ ပြော ဆိုတာ မျိုး  ခံခဲ့ရ ဖူးပါတယ်။ဒီတစ်ကြိမ် မှာလည်း အစိုးရ လက်ချက် လို့ အားလုံးက ယုံ ကြည့်ေ နကြပါတယ်။

 

 Ethio Telecom က တော့ အီသီယိုးပီးယားမှာရှိတဲ့ တစ်ခုတည်း သော telecom ဖြစ်ပြီး အစိုးရက လက်ဝါးကြီး အုပ် ချယ် လှယ် ထား တာပါ။ဝန်ကြီးချုပ် Abiy Ahmed က တော့ သူ့ရဲ့ တွစ်တာ စာမျက်နှာ ပေါ်မှာ Hachalu ရဲ့ မိသားစု နဲ့ သူ ငယ် ချင်း မိတ် ဆွေ တွေ အတွက် စာနာ ၀မ်း နည်း ကြောင်း ပြော ခဲ့ပါတယ်။စုံစမ်းစစ်ဆေး မှု တွေ ကိုလည်း လုပ် ဆောင် နေပြီး နိုင်ငံသူ နိုင်ငံသား တွေ လည်း ငြိမ်းငြိမ်းချမ်းချမ်း နေ ပေး ဖို့ တိုက် တွန်း ထားပါတယ်။ ပစ်ခတ်မှု ရဲ့ သံသယ ရှိ သူ တွေကို ဖမ်းဆီး ထားပြီလို့ ရဲ တွေ က တော့ ပြောပါတယ်။Hachalu က တော့ သာမန် အဆို တော် မဟုတ်ပါဘူး။သူဟာ Oromo မျိုးနွယ်စု အတွက် ရသင့်ရ ထိုက်တဲ့ အခွင့်အ ရေး တွေ ရ ဖို့ တောင်း ဆို ပေး နေတဲ့ တက်ကြွ လှုပ်ရှားသူတစ်ယောက်ပါ။ဒါတင် မက သေး ပါဘူး။သူရဲ့ သီချင်းတွေ က လူငယ်တွေ ကို လှုံ့ ဆော်စည်းရုံးနိုင်ခဲ့ပြီး (၂၀၁၈) တုန်းက နိုင်ငံ အတွင်း နိုင်ငံ ရေး ပြုပြင် ပြောင်းလဲ မှုတွေကို ဦးတည် စေခဲ့ပါတယ်။

#SHWEMOM

SHARE