အတု၊ အစစ် အငြင်းပွားနေတဲ့ အွန်လိုင်းပေါ်က ထူးဆန်းတဲ့ ငါး

Image:twitter/RaffNasir

အွန်လိုင်းပေါ်မှာ တော့ ထူးထူးဆန်းဆန်း ငါးတစ်ကောင် နာမည်ကြီး နေပါတယ်။ဒီငါးကို တော့ မ လေး ရှားမှာ ဖမ်းမိတာ ဆိုပြီး တော့ ပြော နေကြ ပါတယ်။ ငါးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အရာ က တော့ ပါး စပ် နေရာမှာပါ။ငါးရဲ့ ပါးစပ်က လူနှုတ်ခမ်း၊သွားက လူ သွား တွေ လို ဖြစ်နေတာပါ။ဒီ အ  ကြောင်းကို တော့ nypost မှာ ဖော်ပြထားတာပါ။ငါးရဲ့ ပုံ ကိုတော့ ဇူလိုင် (၂) ရက်နေ့က အင်ဒိုနီးရှား တစ်ယောက် က နေ တွစ်တာ ပေါ် တင်လိုက်တာပါ။ သူမရဲ့ နှုတ်ခမ်း တွေ က ငါ့ထက် တောင် ပို မိုက် နေတယ် .  လို့ Caption ရေးပြီး တင်လိုက်တာပါ။Filler ထိုး လို့ စူ ထွက်လာတဲ့ နှုတ်ခမ်း မျိုးနဲ့ တူ နေတာ ပါ။

Image:twitter/RaffNasir

ဒီငါးနဲ့ ပတ်သက်ပြီး တွစ်တာ အသုံးပြု သူတွေ က တော့ အမျိုးမျိုး မှတ် ချက် ပေးခဲ့ ကြပါတယ်။ဂျိုလီ ငါး  လို့ လည်း နာမည်ပေး ကြတဲ့ သူတွေ ရှိပါတယ်။ တစ်ချို့ ကလည်း Photoshop လား ၊ တကယ်လား ဆိုပြီး အငြင်းပွား နေကြပါတယ်။ပညာရှင် တွေ က တော့ သွား က တော့ တကယ် အစစ် ဖြစ် ကောင်း ဖြစ် နိုင် တယ်လို့ သုံး သပ်ခဲ့ပါတယ်။ triggerfish လို ငါးမျိုး ဆိုရင် တော့ လူနဲ့ တူ တဲ့ သွားမျိုး ရှိတတ်တယ်လို့ သုံး သပ်ခဲ့ပါတယ်။တစ်ချို့ ကလည်း အတု ဖြစ် နိုင်တယ်လို့ ပြော ကြတာ မျိုးတွေ လည်းရှိပါတယ်။

ဒါပေမယ့်လည်း ထူးဆန်းတဲ့ အ ကောင်တွေ၊တစ်ချို့က မတူ တဲ့ အ ကောင် မျိုးစိတ် ခြင်း မျိုးစပ် ပြီး ထူးခြားတဲ့ ပုံစံ မျိုးနဲ့ ထွက်လာ တဲ့ အ ကောင်တွေ လည်း အများကြီးရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက တော့ ကယ်လီ ဖိုးနီးယားက ကမ်း ခြေ မှာ အမျိုးသား လိင်အင်္ဂါ နဲ့ တူတဲ့  “penis fish,” တွေ စုပုံ ခဲ့ဖူးပါတယ်။

READ
အသက်ကြီးလည်း တက်တူးတွေနဲ့ဂေါ်နိုင်တယ်ဆိုတာ သက်သေပြနေတဲ့ ဖိုးဖိုးဖွားဖွားများ
Image:twitter/nypost

#SHWEMOM

SHARE