နှင်းသွေးယုအောင်ပြောတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ယုံကြည်မှု

Miss Universe ပြိုင်ပွဲကြီးဟာ ကမ္ဘာပေါ်က နာမည်အကြီးဆုံး၊ အကျော်ကြားဆုံးနဲ့ အခမ်းနားဆုံးသော မယ်ပြိုင်ပွဲကြီးတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ကျော့ရှင်းလှပ တင့်တယ်မှုအပြင် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ မိန်းမလှလေးတွေကို ရွေးချယ်လေ့ရှိတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုအစဉ်အလာ ကြီးမားလှတဲ့ ပြိုင်ပွဲကြီးဆီကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး သွားရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေသူလေးကတော့ Miss Universe Myanmar 2018 နှင်းသွေးယုအောင်ပဲ ဖြစ်ပါတယ်။ သူမရဲ့ယုံကြည်ချက်နဲ့ ဘ၀ဖြတ်သန်းမှုတွေကို Shwemom ပရိသတ်ကြီးဆီကို ဝေမျှပေးချင်တာကြောင့် အခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။

Credit Hhin Thway Yu Aung Facebook Page
အရင်ဆုံး Miss Universe Myanmar ၀င်ပြိုင်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။

ပြိုင်ပွဲဝင်ပြိုင်ဖြစ်တာကတော့ ကျိုင်းတုံ၊ တာချီလိတ်မှာ ၂၀၁၆ခုနှစ်က ပထမဆုံးလုပ်တဲ့ပွဲမှာ အရင်ဆုံးဝင်ပြိုင်ဖြစ်တယ်။ အဲ့ဒီ့ကနေ ပိုးဝင်သွားတယ်ပေါ့။ ပြီးတော့ ၂၀၁၇မှာ ပဲခူးကိုယ်စားပြုအနေနဲ့ ၀င်ပြိုင်ရင်း မြန်မာနိုင်ငံကိုယ်စားပြု ရခဲ့တယ်ပေါ့နော်။ ၀င်ပြိုင်ဖြစ်ဖို့ ဘာတွေက တွန်းအားပေးလဲဆိုရင်တော့ နှင်းသွေးရဲ့ နေ့စဉ်ဘ၀ကို ရိုးလာလို့ပါ။ နှင်းသွေးက အရင်က မျက်မှန်ဆိုင်လေး ဖွင့်ထားတယ်ပေါ့နော်။ မနက်ဆို ဆိုင်သွားတယ်။ ဆိုင်ထိုင်တယ်။ ညနေကျရင် ဆိုင်သိမ်းပြီး ပြန်တယ်ပေါ့။ အဲ့လိုနေရင်းနဲ့ ပျင်းလာတော့ challenge အသစ်တွေ လိုချင်လာတယ်။ Miss တစ်ယောက် လုပ်ဖို့က ကိုယ်နဲ့လည်းလိုက်တယ်။ ၀ါသနာလည်း ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ career တစ်ခုလည်း ဖြစ်တာကြောင့် နှင်းသွေးအနေနဲ့ ဒီလမ်းကို လျှောက်ဖြစ်တာပါ။

အခုဆိုရင် အင်တာနေရှင်နယ်ပွဲကိုလည်း သွားပြိုင်တော့မယ်ဆိုတော့ ဒီနေ့လိုရလဒ်မျိုး ရလာဖို့ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါသလဲ။

နှင်းသွေးက နယ်ကလည်းဖြစ်တော့ အခက်အခဲကတော့ အများကြီးပေါ့နော်။ တစ်ဆင့်ပြီးတစ်ဆင့် တက်ရပါတယ်။ ပထမဆုံးပွဲမှာ Winner မရလိုက်ဘဲနဲ့ 1st Runner Up ဒုတိယဆုပဲ ရခဲ့တယ်ပေါ့နော်။ ပတ်ဝန်းကျင်မှာလည်း သွားပြိုင်ပြီးတော့ မရလာခဲ့ဘူးဆိုတဲ့ အပြောတွေကိုလည်း ခံခဲ့ရပါတယ်။ ပဲခူးပွဲမှာ နောက်ထပ်တစ်နှစ် သွားပြိုင်တော့လည်း ကိုယ်ကရလာတဲ့အချိန်မှာ တစ်ချို့က ပဲခူးသူမဟုတ်ဘဲ ၀င်ပြိုင်ပြီး ရသွားတယ်ဆိုတာမျိုး ပြောတာမျိုးလေးတွေ ရှိခဲ့တယ်ပေါ့နော်။ နှင်းသွေးက ပဲခူးကမဟုတ်ပေမယ့် နှင်းသွေးအမေကတော့ ပဲခူးဇာတိပါ။ အဲ့မှာ ပဲခူးမြို့သူကမရဘဲနဲ့ နှင်းသွေးက ရသွားတယ်ဆိုပြီးတော့ ဝေဖန်မှုလေးတွေ၊ တိုက်ခိုက်မှုလေးတွေ၊ မကျေနပ်မှုလေးတွေတော့ ခံခဲ့ရပါတယ်။ အဲ့ဒါနဲ့ ရန်ကုန်ကို ရောက်လာတဲ့အချိန်မှာလည်း နှင်းသွေးအနေနဲ့ အဆင်မပြေသေးပါဘူး။ ဘာလို့လည်းဆိုတော့ နှင်းသွေးက နယ်ကနေ တစ်ယောက်တည်း တက်လာရတဲ့လူဖြစ်တယ်။ နှင်းသွေးရဲ့ City Director က သူတတ်နိုင်သလောက် ပံ့ပိုးပေးပေမယ့် တကယ့်တကယ် struggle တွေကို ရင်ဆိုင်ရတာက နှင်းသွေးကိုယ်တိုင်ပဲပေါ့နော်။ အိမ်နဲ့ဝေးပြီး ရန်ကုန်မှာ တစ်ယောက်တည်း လာနေရတယ်ဆိုတော့ သွားတာလာတာ၊ စားတာသောက်တာ၊ နေတာထိုင်တာကအစ အကုန်တစ်ယောက်တည်း ရုန်းကန်ရတယ်ဆိုတော့ အင်မတန်ခက်တယ်လေ။

READ
အသားအရေလှတဲ့ ကောင်မလေးဖြစ်စေမယ့် လျှို့ဝှက်ချက်များ

အဲ့လိုနဲ့ပဲ ဒီအခက်အခဲတွေ ကျော်ဖြတ်လာပြီး Miss Universe Myanmar တစ်ယောက်ဖြစ်လာတဲ့အချိန်မှာလည်း Miss Universe ပြိုင်ပွဲက နိုင်ငံခြားမှာ သွားပြိုင်ရမှာဆိုတော့ ရန်ကုန်မှာ နေမှအဆင်ပြေမှာဆိုတော့ အခက်အခဲတွေများစွာကြားကပဲ ရန်ကုန်မှာ တစ်ယောက်တည်း ရုန်းကန်ပြီး နေရတယ်ပေါ့နော်။ ဒါကလည်း ပေးဆပ်မှုတစ်ခုပဲပေါ့နော်။ နှင်းသွေးအနေနဲ့ အခက်အခဲတွေကတော့ ပတ်ဝန်းကျင်က ဝေဖန်ပြောဆိုတာတွေ၊ ပရိသတ်တွေက ကိုယ့်ကိုအားမရတာတွေနဲ့ ကိုယ့်မှာ life style တစ်ခုလုံးကို ပြောင်းပစ်ထားရတာတွေ ရှိတာပေါ့နော်။ ကိုယ်ကအရင်က နယ်မှာနေပြီး သာမန်ဘ၀နဲ့ အရောင်းဆိုင်လေး ဖွင့်ထားတဲ့လူဆိုတော့ အခု Runway ပေါ်မှာ လမ်းလျှောက်ရတာမျိုး၊ ကိုယ်နဲ့လုံးဝမသိတဲ့ လူတွေနဲ့ စကားပြောရတာမျိုးတွေ လုပ်လာရတယ်ဆိုတော့ challenge တွေက တဖြည်းဖြည်း ကြီးလာတယ်ပေါ့နော်။ အဲ့ဒါတွေကတော့ နှင်းသွေးရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလို့ မြင်ပါတယ်။

Credit Hhin Thway Yu Aung Facebook Page
Confidently Beautiful ဆိုတဲ့ Miss Universe ပြိုင်ပွဲကြီးရဲ့ဆောင်ပုဒ်နဲ့ညီအောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ဘယ်လိုမွေးမြူခဲ့ရပါသလဲ။

နှင်းသွေး သတိထားမိသလောက်တော့ ခပ်ငယ်ငယ် ၈တန်း၊၉တန်းအရွယ်လောက်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ နှင်းသွေးငယ်ငယ်တုန်းကလည်း စာတော်ခဲ့တယ်ဆိုတော့ ဒီစာကို ငါကျက်ရင် ရရမယ်။ ဒါမှမဟုတ် အဆင့်က ဘယ်လောက်ရရမယ်ဆိုတဲ့ ယုံကြည်မှုပေါ့နော်။ ဆရာ၊ဆရာမတွေကလည်း နှင်းသွေးကို ယုံကြည်တယ်။ နှင်းသွေး ပြောချင်တာက ငယ်ငယ်လေးတည်းက နှင်းသွေး ကိုယ့်ကိုယ်ကို ယုံကြည်တယ်ပေါ့နော်။ စာစီစာကုံး ပြိုင်တယ်ဆိုရင်လည်း “ငါ ပထမ ရရမယ်”ဆိုတဲ့ ယုံကြည်မှုရှိတယ်။ ဘယ်လိုပြောရမလဲ။ faith ပေါ့နော်။ အဲ့လိုမျိုးနဲ့ပဲ ကြိုးစားခဲ့တယ်။ တာချီလိတ်မှာ ပြိုင်တာရော၊ ပဲခူးမှာပြိုင်တဲ့ဟာရောကို faith တစ်ခုတည်းနဲ့ပဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်နဲ့ပဲ ကြိုးစားလာခဲ့ပါတယ်။ အခု Miss Universe Myanmar တစ်ယောက် ဖြစ်လာတဲ့အထိလည်း ဟိုဘက်မှာ သွားပြိုင်မယ်ဆိုရင် အဲ့ဒီ့ faith နဲ့ပဲ နှင်းသွေး ဆက်သွားမှာပါ။ ကိုယ်ကြိုးစားသလောက် ကိုယ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိတာကြောင့် နှင်းသွေး ကိုယ့်ကိုယ်ကို အပြည့်အ၀ ယုံကြည်ပါတယ်။ နယ်ပွဲဆိုလည်း နယ်ပွဲအလျောက် သူနဲ့ထိုက်တန်တဲ့ ကြိုးစားမှုမျိုးနဲ့ ကြိုးစားခဲ့ပါတယ်။ အခု ကမ္ဘာ့စင်မြင့်က နိုင်ငံကိုယ်စားပြုတစ်ယောက် ဖြစ်တဲ့အချိန်မှာလည်း အဲ့ဒီ့အတွက်ထိုက်တန်တဲ့ ယုံကြည်မှုနဲ့ ကြိုးစားမှုနဲ့က နှင်းသွေးကို ပိုပြီးတော့ အဆင်ပြေစေပါတယ်။

နှင်းသွေးကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့အရာတွေက ဘာတွေများဖြစ်ပါမလဲ။

နှင်းသွေးကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတာကတော့ နှင်းသွေးရဲ့နေထိုင်မှုပုံစံ life style က နှင်းသွေးကို ယုံကြည်မှုတွေ တိုးလာစေတာပေါ့။ နှင်းသွေးတို့အနေနဲ့ကျတော့ ကိုယ့်ကိုချစ်တဲ့လူများလို့ရှိရင် ကိုယ်ကပိုလှတယ်လို့ ယုံကြည်ထားတယ်။ ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက် အရှိန်အ၀ါ တက်တဲ့အချိန် မတူဘူးပေါ့နော်။ တစ်နေ့နဲ့တစ်နေ့ အဲ့ဒီ့အရှိန်အ၀ါ တက်တာချင်းက မတူဘူးဆိုတော့ အဲ့ဒီ့အချိန်မှာ ယုံကြည်မှုက ကိုယ့်ရဲ့ကိုယ်ရောင်ကိုယ်ဝါနဲ့လည်း ဆိုင်တယ်။ ကိုယ့်ကို လူအများချစ်တဲ့အပေါ်မှာလည်း မူတည်တယ်ပေါ့နော်။ နှင်းသွေးအနေနဲ့ အဲ့လိုမျိုး မြင်ပါတယ်။

READ
ပညာရေးမှာ မိဘတွေရဲ့ပံ့ပိုးမှုက ဘယ်လောက်အရေးပါသလဲ
Credit Hhin Thway Yu Aung Facebook Page
Miss တစ်ယောက်ရဲ့ လှပတဲ့ ခန္ဓာကိုယ်အသားအရေ ရရှိဖို့ ဘယ်လိုထိန်းသိမ်းပါသလဲ။ 

ဒါကတော့ အမှန်အတိုင်းပြောရရင် Brand Ambassador ဖြစ်လို့ ညွှန်းပြောတာတော့ မဟုတ်ပါဘူး။ နှင်းသွေးအနေနဲ့ မှတ်မှတ်ရရ ဆယ်တန်းအရွယ်လောက်တည်းက LUX ဆပ်ပြာရည်ကို သုံးခဲ့ပါတယ်။ အဲ့ဒါက မိတ္ထီလာဘက်မှာ ဆယ်တန်း သွားတက်တော့ တာချီလိတ်က ရာသီဥတုနဲ့ အညာက ရာသီဥတုနဲ့ လုံးဝမတူပါဘူး။ အဲ့ဒီ့တုန်းက မှတ်မှတ်ရရ LUX ပန်းရောင်လေးကို စသုံးဖြစ်ခဲ့တယ်။ နှင်းသွေးက အဲ့ဒီ့အနံ့လေးကို အရမ်းကြိုက်တယ်။ ပြီးတော့ ခရမ်းရောင် Magical Spell ကိုလည်း သုံးဖြစ်တယ်။ အဲ့ဒီ့နှစ်မျိုးကတော့ အမြဲတမ်း သုံးဖြစ်တယ်။ အစတုန်းက နှင်းသွေးရဲ့ အသားအရေက မျက်နှာရော၊ ဘော်ဒီရော အသားအရမ်းခြောက်တဲ့ထဲမှာ ပါတယ်။ အဲ့ဒါကြောင့် အခုအချိန်ထိပဲ ရေချိုးရင် LUX နဲ့ပဲ ရေချိုးတယ်။ ရေချိုးပြီးရင်တော့ moisturizer ပါတဲ့ body lotion လိမ်းတယ်။ LUX က သူ့ရဲ့အနံ့ကလည်း နှင်းသွေးကို ပိုပြီးတော့ယုံကြည်မှုရှိစေသလို သူ့မှာပါတဲ့ အသားအရေအတွက်ကောင်းတဲ့ အာနိသင်လေးတွေကလည်း နှင်းသွေးအတွက် ပိုပြီးတော့ အဆင်ပြေစေတယ်ပေါ့နော်။ ပြီးတော့ အသားအရေ ထိန်းသိမ်းတဲ့နေရာမှာဆိုရင် ပုံမှန် တစ်နေ့ကို ရေနှစ်လီတာ သောက်ဖို့ လိုအပ်တယ်ဆိုပေမယ့် နှင်းသွေး တစ်နေ့ကို ရေသုံးလီတာနဲ့အထက် သောက်ပါတယ်။ နောက်ပြီးတော့ အရည်ရွှမ်းတဲ့အသီး များများစားတယ်။ ပုံမှန် skin care ကတော့ နှစ်ပတ်ကို တစ်ခါလောက် လုပ်ဖြစ်ပါတယ်။

Credit Hhin Thway Yu Aung Facebook Page
နှင်းသွေးလိုပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လှပချင်တဲ့ မိန်းကလေးတွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။ 

စကားလက်ဆောင်အနေနဲ့ကတော့ မြန်မာနိုင်ငံက မိန်းကလေးတွေကို ရည်ရွယ်ပြီး ပြောချင်ပါတယ်။ မြန်မာနိုင်ငံက မိန်းကလေးတွေဟာ လိုတာထက်ပိုပြီး အရှက်အကြောက်ကြီးကြတယ်ပေါ့နော်။ တစ်ခုခုလုပ်ချင်ပြီဆိုရင် ကိုယ့်ကိုဘယ်သူက ဘာပြောမလဲ။ ပတ်ဝန်းကျင်က ဘာပြောမလဲ။ သူငယ်ချင်းတွေက ဘယ်လိုထင်မလဲ။ “ငါ လုပ်နိုင်ပါ့မလား”ဆိုတဲ့ အတွေးတွေက အရမ်းဝင်တတ်တာကြောင့် ကိုယ်ဖြစ်ချင်တဲ့ဟာ၊ ကိုယ် passion ရှိတဲ့ဟာကို အာရုံစိုက်ပြီးတော့ ကြိုးစားပါလို့ ပြောချင်ပါတယ်။ လူတိုင်းရဲ့ဝေဖန်စကားတွေက ကိုယ့်ကို influence အရမ်း မဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။

Sponsored by LUX

SHARE