လူတောင်အရည်ပျော်ကျမတတ်ဖြစ်ရမယ့် အိုဘားမားမောင်နှံရဲ့ အတွင်းကျကျဓာတ်ပုံများ

အမေရိကန်သမ္မတဟောင်းဖြစ်တဲ့ ဘားရတ်ခ်အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်အိုဘားမားတို့ဟာ လူအများက အားကျအထင်ကြီးရလောက်တဲ့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြသူတွေပါ။ ဘားရတ်ခ်ဟာ မစ်ရှဲလ်ကို လက်ထပ်ခွင့်တောင်းတုန်းကလည်း အရမ်းကို ရိုဆန်လွန်းခဲ့သူပါ။ ဇနီးလောင်းကို လက်ထပ်ခွင့်မတောင်းခင်မှာ စိတ်ဆိုးစိတ်တိုရအောင် အရင်လုပ်ပြီးမှ ထူးထူးခြားခြား စပရိုက်လုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့သူလည်း ဖြစ်ပါတယ်။

သူတို့စုံတွဲကို တွေ့မြင်ရတဲ့အခါတိုင်း ပရိသတ်တွေအနေနဲ့လည်း ကြည်နူးချမ်းမြေ့မှုကို ခံစားရမယ် ထင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ခိုးနမ်းတာလေးတွေ၊ နွေးထွေးတဲ့ အကြည့်တွေနဲ့ ရင်းရင်းနှီးနှီးပွေ့ဖက်တာတွေကို မြင်ရုံနဲ့တင် သူတို့နှစ်ဦးရဲ့အချစ်ဟာ ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ လူကြားသူကြားထဲမှာလည်း မရှောင်ပဲ မစ်ရှဲလ်ကို ကလူကျီစယ်နေတဲ့ အိုဘားမားကို ကြည့်ရင် သူ့ရဲ့အကြည့်၊ အမူအရာတွေမှာ မစ်ရှဲလ်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို မြင်နေရပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက် (၂၆) နှစ်တောင် ကျော်လာခဲ့ပြီဖြစ်တဲ့ အိုဘားမားမောင်နှံရဲ့ အချစ်ပုံရိပ်လေးတွေကို ကြည်နူးဖွယ် စုစည်းဖော်ပြပေးလိုက်ပါတယ်။

READ
ကိုယ်ထက်အသက်ကြီးတဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်း (၅)ချက်

(၁၉၉၂) ခုနှစ် အောက်တိုဘာ(၁၈) ရက်တုန်းက လက်ထပ်ခဲ့ကြတဲ့ အိုဘားမားမောင်နှံရဲ့ မင်္ဂလာဓာတ်ပုံ

boredpanda

(၁၉၉၂) ခုနှစ်တုန်းက ကင်ညာမှာ တွေ့မြင်ရတဲ့ ဘားရတ်နဲ့ မစ်ရှဲလ်

boredpanda

(၂၀၁၂) တုန်းက အမေရိကန်အိုင်အိုဝါပြည်နယ်မှာ မိန့်ခွန်းပြောနေတဲ့ အိုဘားမားမောင်နှံ

boredpanda

ရုပ်အတူတူ ပြောင်နေကြတဲ့ အိုဘားမားမောင်နှံ။ (၂၀၁၁) ခုနှစ်တုန်းက လန်ဒန်မြို့ ဘုရင်မကြီး အဲလစ်ဇဘက်နဲ့ ဖီးလစ်မင်းသားကြီး ရောက်ရှိလာစဉ် မျက်နှာတွေကို ပြောင်ပြနေတဲ့ အိုဘားမားမောင်နှံ

boredpanda

(၂၀၀၉) ခုနှစ် ဇန်န၀ါရီ (၂၀) ရက်တုန်းက ၀ါရှင်တန်ဒီစီမှာ ကုန်တင်ဓာတ်လှေကားထဲ နှစ်ယောက်ထဲရှိနေတဲ့အလား အကြည်ဆိုက်နေကြတဲ့ မောင်နှံ

boredpanda

(၂၀၁၂) ခုနှစ် ဇူလိုင်(၁၆) ရက် ၀ါရှင်တန်မှာ ကျင်းပတဲ့ အိုလံပစ်ဘတ်စကတ်ဘောပြိုင်ပွဲကို တက်ရောက်ရင်း ဇနီးသည်ကို အနမ်းခြွေနေတဲ့ အိုဘားမား

boredpanda

(၂၀၁၅) ခုနှစ် အိမ်ဖြူတော်က သံတမန်ခန်းမှာ ခင်ပွန်းသည်ကို မူယာပိုပြနေတဲ့ မစ်ရှဲလ်

boredpanda

အသက်(၁၀၆) နှစ်ရှိတဲ့ အမယ်အိုကြီးနဲ့ တွဲကနေတဲ့ မစ်ရှဲလ်ကို ချစ်မြတ်နိုးစွာ ကြည့်နေခဲ့တဲ့ သမ္မတဟောင်းအိုဘားမား

boredpanda

(၂၀၁၆) ခုနှစ် မတ်လ(၂၈) ရက် ၀ါရှင်တန်ဒီစီက အိမ်ဖြူတော် မျက်ခင်းပြင်မှာ ရုပ်စုံဖတ်ရင်း ရုပ်ပြောင်နေခဲ့တဲ့ ကြည်နူးဖွယ်မောင်နှံ

boredpanda

(၂၀၀၈) ခုနှစ်မှာ ကမ်ပိန်းဆင်းတာနောက်ကျပြီးနောက် ဘတ်စ်ကားပေါ်မှာ အတူစီလာတဲ့ ဘားရတ်ခ်နဲ့ မစ်ရှဲလ်

boredpanda

ဘဲဥပုံရုံးခန်းတွင်းက မိသားစုဓာတ်ပုံ

boredpanda

လင်းလင်း (ShweMom)

READ
Ex ရဲ့ ဓာတ်ပုံကို သိမ်းထားသင့်သလား/ဖျက်ပစ်သင့်သလား?

Ref: boredpanda

SHARE