အားနည်းချက်ကို စီးပွားအရေးအဖြစ်ပြောင်းလဲကာ မီလီယံနာဖြစ်သွားတဲ့အမျိုးသမီး

Instagram

အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမခန္ဓာကိုယ်က အားနည်းချက်လို့ယူဆရတဲ့ ဝခြင်းကို နမူနာယူကာ စီးပွားရေးဥာဏ်လေးနဲ့ အကောင်အထည်ပေါ်ကာ အမြတ်ငွေများတဲ့ လုပ်ငန်းရှင်သူဌေးမတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဝတာဟာ တကယ်တော့ သိမ်ငယ်စရာမဟုတ်တဲ့အပြင် အားနည်းချက်တစ်ခုလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုအခက်အခဲရှိတာကတော့ ကိုယ်နဲ့အဆင်ပြေတဲ့ အဝတ်အစားဆိုတာ သိပ်မရှိတဲ့ပြဿနာပါပဲ။

Instagram

Brie ဟာလည်း ထိုနည်းတူစွာနဲ့ သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဘဝင်မကျမှုမရှိခဲ့ပေမယ့်လည်း တစ်ခေါက် Edinburgh  ခရီးစဉ်ကိုသွားရင်း အရမ်းစိတ်ညစ်သွားခဲ့တာပါ။ အကြောင်းကတော့ Brie ဝတ်ထားတဲ့ အသားကပ်ဘောင်းဘီဟာ ဗိုက်နဲ့ခါးနားမှာအရင်ကတည်းကကြပ်နေတဲ့အတွက် လမ်းလျှောက်များလေ အောက်ကိုတစ်ပြီးပြန်လိပ်ကျနေဖြစ်နေခဲ့ပါတယ်။ ခဏခဏဆွဲတင်ပေမယ့်လည်း ပြန်ပြန်လိပ်ကျနေတဲ့အတွက် လူကြားထဲရှက်ရွံ့စိတ်ဖြစ်ကာ အိမ်သာထဲသွားပြီး ချွတ်လိုက်ရတဲအ့ထိ ဖြစ်သွားခဲ့ပါတယ်။

အနောက်နိုင်ငံကအမျိုးသမီးတွေတော်တော်များများက stocking ကို ဝတ်လေ့ရှိကြပါတယ်။ အသားကပ်ဘောင်းဘီလို့ လွယ်လင့်တကူခေါ်ကြပါတယ်။ အသာားကပ်ဘောင်းဘီတွေဟာ လမ်းများများလျှောက်တဲ့အခါ ပေါင်ပွန်းခြင်းကိုသက်သာစေတဲ့အပြင် စမတ်ကျတဲ့ အသွင်အပြင်ကိုလည်း ပေးပါတယ်။ ဒါကြောင့် သူတို့ဆီကအမျိုးသမီးတိုင်းစီမှာ အသားကပ်ဘောင်းဘီကောင်းကောင်းတစ်ထည်တော့ အမြဲဆောင်ထားလေ့ရှိကြပါတယ်။

READ
မီးလျံထဲရောက်နေတဲ့ ကလေးတွေကို အပင်ပန်းခံပြီး ကယ်တင်ခဲ့တဲ့ ခွေးမကြီးရဲ့ မိခင်မေတ္တာ
Instagram

ဒီလောက်အထိ ဝယ်လိုအာားများနေတာတောင် အသားကပ်တွေအနေနဲ့ ဆိုဒ်နဲ့လာတယ်ဆိုတာ ရှိပေမယ့် သိပ်ကိုရှားပါတယ်။ များသောအားဖြင့် free size နဲ့ လာတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ပြည့်တဲ့လူတွေအတွက်ကတော့ လုံးဝကိုအဆင့်မပြေတာပါ။ ခရီးကပြန်လာတဲ့ Brie တစ်ယောက် အဲဒီအချိန်ကစပြီး သူ့ခန္ဓာကိုယ်ကိုသူ လုံးဝအယုံအကြည်မရှိတော့ပါဘူး။ စိတ်ဓာတ်ကျရောက်လောက်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

Instagram

အမှန်က Brie အနေနဲ့ ဒီလုပ်ငန်းကိုစလို့ဖို့ရာ လုံးဝစိတ်ကူးမရှိခဲ့ပါဘူး။ သူဝတ်ဖို့အတွက် အသာားကေပ်ကောင်းတစ်ထည်ရရှိဖိွုှ့တွက် လိုက်ရှာရင်း တံဆိပ်ပေါင်းစုံက အသားကပ်ဘောင်းဘီတွေကို လိုက်ရှာပါတယ်။ နောက်တော့ Brie သိလိုက်ရတာက သူ့အပါအဝင် ၇၀%သော အမျိုးသမီးတွေဟာ ပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ ခန္ဓာကိုယ်နဲ့ကွက်တိကျတဲ့ အသားကပ်ဘောင်းဘီကိုရှာတွေ့တယ်ဆိုတာ မရှိသလောက်ပါပဲ။ စိတ်ကူးတစ်ခုရသွားရင်း အသားကပ်ဘောင်းဘီကို ကိုယ်တိုင်ထုတ်ရောင်းမယ်ဆိုပြီး ဆိုင်တွေကနေအသားကပ်ဘောင်းဘီတွေကို ဝယ်ကာ အရှည်တွေ၊ အတိုင်းအတာတွေကို မှတ်ခဲ့ပါတယ်။

Instagram

စီးပွားရေးသစ်တစ်ခုစတင်ဖို့ဆိုတာဟာ အရင်းအနှီးငွေရှိမှရမှာပါ။ အသားကပ်ဆိုတော့ ကိုယ်တိုင်ချုပ်လုပ်လို့မရပြန်တော့ စက်ရုံတွေနဲ့ချိတ်ဆက်အလုပ်လုပ်ရမှာမို့လို့ Brie အတွက် ငွေလိုပါတယ်။Brie ဟာ နီးစပ်ရာ ဆွေမျိုးတွေဆီကနေ ပိုက်ဆံယူကာ Snag ဆိုတဲ့လုပ်ငန်းလေးကို ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင်တည်ထောင်ခဲ့ပါတယ်။

READ
နှစ်လိုဖွယ်အရမ်းကောင်းတဲ့ အပြုအမူနဲ့ နှလုံးသားများစွာကို သိမ်းပိုက်ခဲ့တဲ့ ကောင်ကလေး
Instagram

အရင်ဆုံး ပေါင် ၁၃၀,၀၀၀ နဲ့ လုပ်ငန်းကို စတင်ကာ website ကနေတစ်ဆင့် ရောင်းချခဲ့ပါတယ်။ နှစ်မကူးခင်မှာဘဲ ယူထားတဲ့ပိုက်ဆံတွေကိုလည်း ပြန်ဆပ်နိုင်ခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ Snag ကရတဲ့ ငွေဟာ တစ်နှစ်ကို ပေါင် ၂ သိန်းကျော်လောက် မြတ်နေပြီဖြစ်ပါတယ်။ ပိန်လွန်းတဲ့လူကစလို့ ပေါင် ၃၀၀ အထိရှိတဲ့ အမျိုးသမီးတွေအထိပါ သက်တောင့်သက်သာနဲ့ဝတ်နိုင်မယ့် အသားကပ်တွေကို ထုတ်လုပ်ခဲ့တာမို့လို့ အမျိုးသမီးတိုင်းရဲ့ရင်ထဲမှာ Snag မှ Snag ဖြစ်နေခဲတာပါ။

Instagram

Source: Mirror

Penny

 

 

 

SHARE