ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ထုတ်ထားတဲ့ ထူးထူးဆန်းဆန်းပစ္စည်းလေးများ

Reddit

လူတွေဟာ ခေတ်မှီတိုးတက်ပြောင်းလဲလာတာနဲ့အမျှ တီထွင်မှုစိတ်ကူးတွေဟာလည်း ဆန်းသစ်လို့လာခဲ့ပါပြီ။ ဒီလို စိတ်ကူးစိတ်သန်းကောင်းတွေကို အသုံးချပြီး ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအတွက်ဆိုပြီး အသုံးဝင်မယ့် ပစ္စည်းလေးတွေကိုလည်း ဖန်တီးထုတ်လုပ်ထားခဲ့ကြပါတယ်။ အဲဒီပစ္စည်းလေးတွေအကြောင်း Bored Panda မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Florence မှာရှိတဲ့ Uffizi Gallery ဟာဆိုရင် မျက်မမြင်တွေပန်းချီကားကို ခံစားလို့ရအောင်လို့ အခုလိုမျိုး ဖောင်းကြွလေးတွေနဲ့ ပန်းချီကားပုံစံတူကို ထားပေးထားပါတယ်တဲ့။

Reddit-Peanut_Legend

ဒီခွဲစိတ်ဆရာနာမည်ကတော့ Ted Rummel ပါ။ အောက်ပိုင်းသေသွားခဲ့ပေမယ့် အခုလိုမျိုး wheelchair ကို အသုံးပြုပြီး ခွဲစိတ်ခန်းတွေ ဝင်နေတုန်းပါပဲ။

Reddit-Peanut_Legend

ဟောင်ကောင်မှာရှိနေတဲ့ မြင်းရထားမှာ ဝှီးချဲနဲ့ကလေးတွေအတွက် ဒီလိပ်ကလေးက အသင့်ရှိနေပါတယ်။

Reddit-cuttyranking

ဒါဟာလည်း ဝှီးချဲနဲ့ကလေးတွေ စီးနိုင်မယ့် ဒန်းလေးပါ။

Reddit-Kittenblack

ဝှီးချဲနဲ့သာ သွားလာလို့ရတဲ့ ဇနီးသည်အတွက် Zack Nelson မှ တောင်တက်ဘီးကို စက်တွေနဲ့ဖန်တီးပေးခဲ့တာပါ။

READ
အော်နေတဲ့ပုံစံ ထူးဆန်းမမ်မီရုပ်အလောင်းရဲ့ ဖြစ်ရပ်မှန်ကို ထုတ်ဖော်နိုင်ခဲ့

Website-lnotawheelchair.com

ဒါကတော့ color blind တွေအတွက် ရှုခင်းကြည့်မှန်ဘီလူးပေါ့။ ဒီထဲကကြည့်ရင် အရောင်အမှန်တွေို မြင်ရပါမယ်။

Reddit-aegist1

စင်္ကာပူမှာရှိနေတာလေးပါ။ အဘိုးအဘွားတွေကို ပေးထားတဲ့ ကတ်လေးနဲ့ဆိုရင် ဒီမီးပွိုင့်ဟာ အချိန်ကြာကြာ နီပေးပါတယ်တဲ့။ ဘိုးဘိုးဘွားဘွားတွေက လမ်းကူးရင်ကြာတော့ ဒါမျိုးလေးနဲ့ဆို အဆင်ပြေတာပေါ့။

Reddit-Caesar95

တူရကီရဲ့ Kızkalesi မှာရှိနေတဲ့ ကမ်းခြေတစ်ခုမှာတွေ့ရတာပါ။ ဝှီးချဲနဲ့လည်း ပင်လယ်ထဲဆင်းလို့ရနေပြီနော်။

Reddit-Creapills

ဒါကတော့ ဘာလင်လေဆိပ်မှာထားပေးထားတဲ့ အရာလေးပါ။ ကြမ်းပြင်နားမှာ ရှိနေတဲ့ကြိုးလေးတွေဟာ တစ်ယောက်ယောက် လဲကျသွားခဲ့ရင် သူများတွေကို အသိပေးဖို့အတွက် ဆွဲရမယ့် ကြိုးလေးတွေပါတဲ့။

Reddit-EGPL21

ကိုယ်တိုင်တီထွင်ထားတဲ့ ဆိုင်ကယ်ကြီးနဲ့

Reddit-AirsGaming

ဝှီးချဲသမားတွေ၊ တုတ်ကောက်သမားတွေအတွက် လမ်းလျှောက်ရင် သဲထဲမနစ်အောင်။

Reddit-canadianvintage

ဘီးတပ်ကုလားထိုင်ပေါ်ကနေ ထိုင်ကြည့်လည်း မှန်မြင်ရအောင်တဲ့။

Reddit-p_o_l_o

ဝှီးချဲတင်ပြီး ခလုတ်နှိပ်လိုက်ရင် မ ပေးမယ့် ကား။

Reddit-fiddlydiddles

ဂျာမနီရဲ့ Lidl မှာရှိတဲ့ စူပါမားကတ်တစ်ခုမှာပါ။ ဝှီးချဲသမားတွေ ဈေးဝယ်ရလွယ်အောင်။

READ
မီးလောင်ချိန်မှာ လူတွေပြုလုပ်လေ့ရှိတဲ့ အန္တရာယ်အများဆုံး အပြုအမူများ
Reddit-Dom24seven

အဆေက်အအုံထဲ အရေးပေါ်တစ်ခုခုကြုံလာလို့ လှေကားကနေ ဆင်းတဲ့အခါ ဘီးတပ်ကုလားထိုင်နဲ့လူတွေအတွက် ထားပေးထားတာပါ။

Reddit-nikini845

ဒါကတော့ ဂျပန်နိုင်ငံရဲ့ လမ်းမတွေတော်တော်များများမှာ တွေ့မြင်ရမှာပါ။ မျက်မမြင်တွေအတွက် လမ်းလျှောက်ဖို့ အမှတ်လေးတွေနဲ့လမ်း။

Reddit-DrTommyNotMD

penny

SHARE