နေ့စဉ် အားဖြည့်အချိုရည်(၁)လီတာလောက် ပုံမှန်သောက်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး

Pixabay-Lernestorod, freepik.driller

Invervargill မှ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်လနုစဉ်မှာပဲ ရုတ်တရက်သေဆုံသွားခဲ့ကာ အဲဒီဒေသတစ်ဝှက်မှာတော့ လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံနေခဲ့ရတဲ့ အမှုတစ်ခုပဲဖြစ်ပါတယ်။

သူ့ာမည်ကတော့ Amy Louise Thorpe ပါ။ ၂၀၁၈ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးစဉ်မှာတော့ ကိုယ်ဝန်ဟာ ၁၅ ပတ်ရှိလို့နေခဲ့ပါပြီ။ သေဆုံးတဲ့အမှုကတော့ ဝက်ရူးပြန်ရောဂါကြောင့် ရုတ်တရက်တက်ကာ သေဆုံးသွားခဲ့တာပါလို့ NZ Hearld မှာ ဖော်ပြထားခဲ့ပါတယ်။

ဒါပေမဲ့ Amy Louise အနေနဲ့ သူမမှာ ဝက်ရူးပြန်ရောဂါရှိမနေပါဘူး။ ဒါပေမဲ့လည်း မသိဆုံးခင် တစ်ပတ်ကျော်လောက်တုန်းက Amy ဟာ ခဏခဏ တက်တက်သွားလေ့ရှိတယ်ဆိုပြီး မိသားစုဝင်တွေက ပြောပြလာခဲ့ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တောင် သွားပြခဲ့ရပါသေးတယ်တဲ့။

READ
နှစ်(၅၀) အတွင်း တစ်ကြိမ်သာ စကားများခဲ့ဖူးတယ်ဆိုတဲ့ ဗြိတိန်ရဲ့ အပျော်ရွှင်ဆုံးစုံတွဲ
Pixabay-drobotdean

ဆေးစစ်ကြည့်လိုက်တဲ့အခါ Amy ဟာ ခန္ဓာကိုယ်မပိန်ပေမယ့်လို့ သူ့ဆီမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်တွင်းအာဟာရတွေ မရှိသလောက်ဖြစ်နေပါတယ်။ ဒါကြောင့် သူ့ရဲ့တစ်နေ့တာစားသုံးမှုကို မေးကြည့်လိုက်တဲ့အခါမှာတော့ တစ်နေ့ကို နာမည်ကြီးဂတ်စ်ပါတဲ့အအေးနဲ့ အင်အားဖြည့်အချိုရည်တို့ကို လီတာဝက်ခန့် သို့မဟုတ် တစ်လီတာပုလင်း တစ်ပုလင်းလောက်ကုန်အောင် သောက်လေ့ရှိပါတယ်တဲ့။

Amy ကို တာဝန်ယူပြီး အာဟာရမျှတအောင်အကြံပေးဆွေးနွေးပေးနေခဲ့တဲ့ ဆရာဝန် Coroner Robinson က EEG တောင် ရိုက်ခဲ့ရပါသေးတယ်။ နောက် ဆေးစစ်ချက်ကတော့ ခန္ဓာကိုယ်ထဲ caffeine ဓာတ်အဆမတန်များပြားနေတဲ့အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အတက်ရောဂါကို ခံစားလာရတာပါ။ Caffeine ဓာတ်ဆိုတာ ကော်ဖီနဲ့လက်ဘက်ရညတို့မှာတင် ပါဝင်တာမျိုးမဟုတ်ဘဲ အားဖြည့်အချိုရည်တွေမှာလည်း ပါဝင်တဲ့အရာမျိးပါ။

Pixabay-Lernestorod
Pixabay-Gadini

အခုလို ၂ နှစ်လောက်ကြာတဲ့အခါမှ Royal New Zealand College နဲ့ Epilepsy New Zealand တို့မှ အဖွဲ့ဝင်တွေဟာ ဒီကိစ္စကို သေချာစစ်ဆေးတဲ့အခါကျတော့မှ Amy ရဲ့သေဆုံးမှုဟာ အချိုရည်အဆမတန်သောက်သုံးမှုကြောင့် အများကြီးဖြစ်နိုင်ချေရှိနေတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတော့တယ်။ ကာယကံရှင် Amy Louise ရဲ့ ဓာတ်ပုံကိုတော့ privacy ကြောင့် မဖော်ပြထားပါဘူး။

READ
ရုရှဆရာဝန်က လူနာကို လက်သီးနဲ့ထိုးသတ်ခဲ့သည့် ရုပ်သံတစ်ခု ထွက်ပေါ်

Penny

SHARE