IP Man 4 ဇာတ်ကား Trailer ထွက်ရှိ

ဟောင်ကောင်မင်းသားကြီး Donnie Yen ရဲ့ နာမည်ကြီးဇာတ်ကား IP Man ကတော့ အခုဆိုရင် IP Man 4 ဆိုပြီး ထွက်ရှိလာတော့မှာပါ။ IP Man 4  ကိုတော့ (၂၀၁၉) ဇူလိုင်လကစပြီး ရုံတင်ပြသတော့မှာပါ။ IP Man ဇာတ်ကား တွေကို နှစ်သက်အားပေးတဲ့ ပရိသတ်တွေ အတွက် မကြာခင်ပြသတော့မယ့် IP Man 4 ရဲ့ teaser trailer ထွက် ရှိလာခဲ့ပါပြီ။ဒါကိုတော့ Shaw Theatres ကနေ Post တင်ပေးခဲ့တာပါ။ နောက်ဆုံး IP Man စီးရီး ဖြစ်တဲ့ IP Man 4  မှာတော့ မင်းသားကြီး Donnie Yen  ၊ မင်းသား Scott Adkins  နဲ့ ရင်ဆိုင်တိုက်ခိုက်မှာပါ။

youtube
youtube

Ip Man ကတော့ ဟောင်ကောင်ရဲ့ ကိုယ်ခံပညာဇာတ်ကားကောင်းတစ်ကားပါ။(၂၀၀၈)ခုနှစ် က စတင်ရိုက်ကူး ခဲ့တာပါ။(၂၀၁၀)မှာတော့ IP Man 2 နဲ့ (၂၀၁၅)မှာတော့ IP Man 3 ဆိုပြီး ထွက်ရှိခဲ့ပါတယ်။ဇာတ်ကားသုံးကား လုံးကိုတော့ ဒါရိုက်တာ Wilson Yip က ရိုက်ကူး၊ဇာတ်ညွှန်းကတော့ Edmond Wong နဲ့ ထုတ်လုပ် တာကတော့ Raymond Wong နဲ့ Donnie Yen ပါ။ ပထမနှစ်ကားကိုတော့ ဟောင်ကောင်မှာ ထွက်ရှိခဲ့ပါတယ်။ ဘတ်ဂျက် ($24.6) သန်းလောက် အကုန်အကျခံခဲ့ရပြီး ၀င်ငွေ ($37 ) သန်း ကျော် အထိ ရခဲ့ပါတယ်။ ဒီဇာတ်ကား တွေက Wing Chun ရဲ့ အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။

READ
တိရိစ္ဆာန်လေးတွေကို ချစ်တတ်သူတွေကြည့်သင့်တဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားကောင်းများ

Source Wiki/geekculture

SHARE