ကျွန်တော်တို့များတော့ ဖုန်းလေးကွဲမှာဆိုးလို့ အိပ်ယာပေါ်တောင် ပစ်မချရဲနေတာ အခု သတင်းကြားပြီးတော့ တော်တော်လေးကို မျက်လုံးပြူးမျက်စံပြူးတောင်ဖြစ်သွားခဲ့တယ်။ Lad Bible မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် Kody Madro ဟာ တကယ့်ကို လူတစ်မျိုးပါ။ သူဟာ skydiving လုပ်တယ်၊ နှင်းလျှောစီးတယ်၊ အမြင့်တွေကနေပြီး ရေထဲကို ဒိုင်ဗင်ခုန်ချတယ်။ အဲလိုအလုပ်တွေကို လုပ်ပြီးတော့ ပျော်ရွှင်မှုကိုရှာဖွေနေတဲ့သူပါ။
View this post on Instagram
View this post on Instagram
တစ်ရက် Kody တစ်ယောက် skydiving လုပ်ရင်းနဲ့ ဘယ်လိုမှ မထင်မှတ်ထားတဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ ဝေဟင်ပေါ်ရောက်နေတုန်း သူ့ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းဟာ ပြုတ်ကျသွားခဲ့တာပါ။ ပြုတ်ကျသွားတဲ့အမြင့်ကတော့ အမြင့်ပေ ၁ သောင်းကျော်တောင်ရှိနေပါတယ်။
အမြင့်ပေ ၁ သောင်းမပြောနဲ့ ကျွန်တော်တို့များဆိုရင် ခါးလောက်ပဲရှိတဲ့ စားပွဲပေါ်ကနေ ပြုတ်ကျသွားခဲ့တာတောင်မှပဲ ကွဲကြေအက်သွားတာ။ Kody တစ်ယောက် အောက်ရောက်တော့ ဖုန်းကို အမောတကောရှာခဲ့တာပေါ့။ ဖုန်းကလည်း iPhone ဆိုတော့..
ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ Kody ရဲ့ ဖုန်းလေးဟာ အကောင်းပကတိအတိုင်းပဲ ပြန်ရှာတွေ့ခဲ့တာပါတဲ့လေ။ ဖုန်းအပေါ်မှန်ကတော့ ကွဲသွားခဲ့ပေမယ့် အကုန်လုံး ပုံမှန်အတိုင်းပဲ သုံးလို့ရနေဆဲပါတဲ့။ ဖုန်းကိုတော့ location on ထားတဲ့အတွက် Find my iPhone န့ ရှာခဲ့တာပါ။
ဒါကတော့ မူရင်းဗီဒီယိုပဲဖြစ်ပါတယ်။
View this post on Instagram
penny