iPhone သုံးရင်း Gay စိတ်ဝင်လာခဲ့တယ်ဆိုပြီး Apple ကို တရားစွဲခဲ့တဲ့ အမျိုးသား

Twitter / TheMoscowTimes

ရုရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ iPhone အသုံးပြုခြင်းက မိမိကို Gay စိတ်ပေါက်စေခဲ့တယ်လို့ သေချာပေါက် ယူဆပြီးနောက် အမေရိကန်ဧရာမ နည်းပညာကုမ္ပဏီကြီးကို တရားစွဲလိုက်ကြောင်း သိရပါတယ်။ Apple ကုမ္ပဏီကြီးကို တရားစွဲတဲ့ အမျိုးသားနာမည်ကတော့ D Razumilov လို့သာ ဖော်ပြထားပါတယ်။

သူု့ကို Gay ဖြစ်စေတာကတော့ iPhone မှာပါတဲ့ App တစ်ခုကြောင့်လို့ သူက တထစ်ချယူဆခဲ့တာပါ။ ဒါကြောင့်လည်း သူက တရားစွဲတာပါတဲ့။ သူဟာ အဲဒီ App သုံးခဲ့ခြင်းကြောင့် ဟိုမိုစိတ်၊ Gay စိတ်တွေ သိသိသာသာ ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။

 

Razumilov ဟာ ဒီဂျစ်တယ်ငွေကြေး App တစ်ခုကို (၂၀၁၇)တုန်းက Down ပြီး အသုံးပြုခဲ့ရာ၊ 69 GayCoins ကို လက်ခံရရှိခဲ့ကြောင်း၊ ဘယ်သူက ပို့လို့ပို့မှန်း မသိခဲ့သော်လည်း စာထဲမှာ အင်္ဂလိပ်လို “ ဘာမှ မကြိုးစားပဲနဲ့ အကဲဖြတ်ခြင်း မပြုပါနဲ့”လို့ အဓိပ္ပါယ်ရတဲ့ စာကို ပို့ပေးခဲ့ကြောင်း၊ ဒီစာလေးက သူ့ကို ဟိုမိုတစ်ယောက် ဖြစ်စေခဲ့တယ်လို့ သူက ပြောပါတယ်။

READ
Facebook ပေါ် ဓာတ်ပုံတင်လိုက်မှ အဖမ်းခံခဲ့ရတဲ့ စုံတွဲ

Razumilov က “ ကျွန်တော်တွေးတာက တကယ်တော့ … ဘာကိုမှ မလုပ်ရသေးဘဲ .. ဘာကို အကဲဖြတ်ရမှာလဲပေါ့ … အဲဒီနောက် … စိတ်ထဲမှာ ဟိုမိုတစ်ယောက်လို နေကြည့်ချင်စိတ် ပေါက်လာခဲ့တာ … နှစ်လလောက် ကြာတော့ ကျွန်တော် တကယ့်ကို Same-sex တစ်ယောက် ဖြစ်လာခဲ့ပြီ .. ဒီနွံထဲက မရုန်းထွက်နိုင်တော့ဘူး ”လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ အခုဆို ကျွန်တော့်မှာ လိင်တူချစ်သူ ရှိနေပြီ … ဒါကို မိဘတွေကို ဘယ်လို ပြောရမှန်း မသိတော့ဘူး … ”လို့ ပြောခဲ့ပါတယ်။ သူရဲ့ နစ်နာမှုအတွက် သူဟာ ရုရှားရူဘယ် (၁)သန်း သို့မဟုတ် ပေါင် (၁၂၅၄၉) ရလိုကြောင်း တရားစွဲဆိုခဲ့တာပါ။ သူရဲ့ဘဝဟာ အဲဒီမက်ဆေ့ကို လက်ခံရရှိပြီးကတည်းက ပြောင်းလဲခဲ့ရတာလို့ ဆိုပါတယ်။

READ
မင်္ဂလာပွဲကို ကိုယ်တိုင်ကားမောင်းသွားတဲ့ သတို့သမီး၊ ကားမတော်တဆမှုဖြင့် ကွယ်လွန်

ဒီတရားစွဲဆိုမှုကို မော်စကိုက Presnensky District Court တရားရုံးက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လက်ခံခဲ့ပြီး၊ လောလောဆယ် မှတ်တမ်းသဘောမျိုးလောက်သာ ထားရှိထားတယ်လို့ သိရပါတယ်။ ရုရှားအစိုးရဟာ ပြီးခဲ့တဲ့နှစ်လောက်ကတည်းက အရှိန်ကောင်းလာတဲ့ LGBT+ လှုပ်ရှားမှုတွေကို ရသလောက် ဖိနှိပ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

လင်းသူရိန်

SHARE