မိခင်ရဲ့ iPhone X ကို Face ID သုံးပြီးဖွင့်ပြခဲ့တဲ့ (၁၀)နှစ်အရွယ်ကလေး

iPhone X က ဈေးကွက်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် အသုံးပြုသူတွေက Face ID စနစ်ကို လှည့်စားနိုင်ဖို့အတွက် မျက်နှာဖုံးအတုပြုလုပ်တဲ့နည်းလမ်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြတာကို တွေ့ရှိရမှာပါ။ Apple က အမွှာတွေ၊ ၁၃ နှစ်အောက်သာရှိသေးတဲ့ သွေးသားတော်စပ်သူတို့အတွက် မှားယွင်းတဲ့အဖြေတွေ ဖြစ်နိုင်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဗွီဒီယိုမှာတော့ (၁၀)နှစ်အရွယ် ကလေးငယ်က မိခင်ဖြစ်သူရဲ့ iPhone ကို ဖွင့်ပြခဲ့တဲ့အပြင် မျက်နှာအနေအထားဆင်တူတဲ့ မည်သည့် မိသားစုဝင်မဆို Face ID စနစ်ကို ကျော်ဖြတ်ဖို့ အလားအလာရှိကြောင်း ပြောပြခဲ့ပါတယ်။

အဆိုပါဗွီဒီယိုမှာ မိခင်ဖြစ်သူက Face ID စနစ်ကို ပြုလုပ်ထားပေမယ့် သူမရဲ့ သားဖြစ်သူက သူ့ရဲ့မျက်နှာကို အသုံးပြုပြီး ဖုန်းကို ဖွင့်ပြနိုင်ခဲ့တာကိုတွေ့ရမှာပါ။ မိခင်ဖြစ်သူရဲ့ ဖုန်းကို ပထမအကြိမ်မှာတင်ဖွင့်ပြနိုင်ခဲ့သလို ဖခင်ဖြစ်သူရဲ့ ဖုန်းကို ပထမဦးဆုံးအကြိမ်မှာမရခဲ့ပေမယ့် နောက်တကြိမ်မှာ ဖွင့်ပြနိုင်ခဲ့ကြောင်း Wired သတင်းဌာနက သတင်းပေးပို့ခဲ့ပါတယ်။

READ
ဂိမ်းထဲမှာပဲ လေ့ကျင့်ဖူးပေမယ့် လက်တွေ့ပြိုင်ပွဲမှာပါ အံ့အားသင့်သွားစေခဲ့တဲ့ ပြိုင်ကားသမား
Photo source: Internet

မိခင်ဖြစ်သူက မတူညီတဲ့ အလင်းရောင်အောက်မှာ Face ID ကို ပြန်လည်ပြုလုပ်လိုက်တဲ့အခါ သားဖြစ်သူက ဖွင့်မရတော့ပေမယ့် အနည်းငယ်ပိုမှိန်တဲ့ အလင်းရောင်အောက်မှာ Face ID ကို ပြန်လည်ပြုလုပ်လိုက်တဲ့အခါမှာတော့ သားဖြစ်သူက ပြန်လည် ဖွင့်ပြနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

Photo source: Internet

Face ID က Touch ID များထက် လုံခြုံမှုပိုရှိတယ်လို့ Apple က ပြောဆိုခဲ့ပေမယ့် အမြွာများနှင့် သွေးသားညီကို သက်တူရွယ်တူများအကြား Face ID ရဲ့  မှားယွင်းတဲ့ရလဒ်များအပေါ် မေးခွန်းထုတ်စရာ ပိုမိုဖြစ်ပွားလျက်ရှိတာကို တွေ့ရှိရပါတယ်။ Apple က ပြောဆိုခဲ့သလို အသက် (၁၃)နှစ်အောက် မျက်နှာအနေအထား အပြည့်အစုံမဖွံ့ဖြိုးသေးတဲ့ အနေအထားတွေမှာဆိုရင် အမှားအယွင်းရှိနိုင်ကြောင်း ဆိုခဲ့သလို၊ အခု ကလေးငယ်က အသက် (၁၀)နှစ်သာရှိသေးလို့ အခုလို ပြုလုပ်နိုင်တယ်လို့ ယူဆရမလို ဖြစ်နေပါတယ်။

SiThu (Shwemom)

READ
Hackerတစ်ယောက်က သင့်ဘဝကိုဘယ်လောက်အထိဖျက်ဆီးနိုင်လဲ
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE