ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး ဆိုရှယ်မီဒီယာအကောင့်တွေကို အသုံးပြုလာကြပြီပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာဆိုတာ သုံးတတ်ရင် အရမ်းအကျိုးရှိသလို မသုံးတတ်ရင်လည်း တစ်နေကုန်နီးပါး ဒီဆိုရှယ်မီဒီယာသုံးနေရင်းနဲ့ပဲ အချိန်တွေ သူ့အလိုလို ကုန်ဆုံးသွားတတ်ပါတယ်။ အခုပြောချင်တာကတော့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ ဆိုရှယ်မီဒီယာကို မှန်မှန်ကန်ကန်နဲ့ အကျိုးရှိရှိ အသုံးချခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့်ပဲ ရဲအရာရှိတစ်ဦးဟာ အဆိုပါ ကျောင်းသားလေးကြောင့် ဘတ်စ်ကားပြေးဆွဲတဲ့ အချိန်ကို ပြောင်းလဲပေးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
@CRUT_BBSR @arunbothra
Respected Sir,
I want to state that I am a student of MBS public school, Bhubaneswar. I use Mo Bus as my daily transportation means to go to school. Nowadays the timing of the buses are changed.— Sai Anwesh Amrutam Pradhan (@AnweshSai) January 8, 2021
အဆိုပါ ကျောင်းသားလေးကတော့ အိန္ဒိယနိုင်ငံ၊ Bhubaneshwar မြို့ရှိ MBS Public School မှာ ပညာသင်ကြားနေတဲ့ Sai Anwesh Amrutam Pradhan အမည်ရ ကျောင်းသားလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Sai ဟာ သူကျောင်းသွားတဲ့ အခါတိုင်းမှာ မြို့ထဲပြေးဆွဲနေတဲ့ ဘတ်စ်ကားကိုပဲ စီးနင်းပြီး ကျောင်းတက်လေ့ရှိတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဘတ်စ်ကားပြေးဆွဲချိန်ဟာ အချိန်ပြောင်းလဲသွားခဲ့ပါတယ်။ အရင်တုန်းကတော့ အဆိုပါ ဘတ်စ်ကားစီးပြီး ကျောင်းသွားတဲ့ အချိန်မှာ ကျောင်းတက်ချိန် ၇ နာရီခွဲမတိုင်ခင်မှာ ကျောင်းကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဘတ်စ်ကားချိန် ပြောင်းသွားပြီးတဲ့ နောက်မှာတော့ Sai ဟာ ကျောင်းကို အချိန်တော်တော်ကြာမှ ရောက်နေလို့ပဲ ဖြစ်ပါတယ်။
@CRUT_BBSR @arunbothra
So I would be grateful to You if You kindly look into the matter and take some immediate action.Yours Truly,
Sai Anwesh A. Pradhan— Sai Anwesh Amrutam Pradhan (@AnweshSai) January 8, 2021
ဘတ်စ်ကားထွက်ချိန်ဟာ မနက် ၇နာရီ မိနစ် ၄၀ မှ ကားဂိတ်က ထွက်တာကြောင့် Sai တစ်ယောက်ဟာ ကျောင်းကို အချိန်တော်တော်လေး ကြာပြီးမှ ရောက်တဲ့ရက်တွေ တော်တော်လေး ဆက်သွားပါတယ်။ ဒါ့ကြောင့် Sai ဟာ သူ့ရဲ့ Twitter အကောင့်မှာ IPS(India Police Service) ရဲအရာရှိ Arun Bothra ကို mention ပြီး ပြောကြားခဲ့ပါတယ်။ Arun ကလည်း ချက်ချင်းဆိုသလို Sai အပါအဝင် တစ်ခြားကျောင်းသားလေးတွေ အဆင်ပြေအောင်လို့ ဘတ်စ်ကားထွက်ခွာချိန်ကို ၇ နာရီသို့ ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်အပြန်အလှန်ပြောထားတဲ့ ပို့စ်ကို တွေ့သမျှ Twitter အသုံးပြုတိုင်းကတော့ IPS Officer တစ်ဦးဖြစ်တဲ့ Arun ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။
Dear Sai#MoBus moves with love of commuters like you. The timing of your bus will be changed from Monday. The first bus will start at 7 AM. You won’t be late for school.
With affection from entire team of @CRUT_BBSR. https://t.co/kimd85bXIg
— Arun Bothra (@arunbothra) January 9, 2021
Pyi Hein Kyaw