စစ်သင်္ဘောတွေကို ဖောက်ခွဲဖို့ လင်းပိုင်တွေကို လေ့ကျင့်ပေးထားတယ်ဆိုတဲ့ အီရန်

Twitter/US Department of Defense

အီရန်ဟာ စစ်သင်္ဘောတွေကို အသေခံဖောက်ခွဲမယ့် လင်းပိုင်းတွေရှိတယ်လို့ ဆိုပါတယ်။ ဒီလင်းပိုင်တွေကို သူတို့ ကောင်းကောင်း လေ့ကျင့်ပေးထားပြီး၊ ပါရှန်းပင်လယ်ကွေ့မှာ ရန်သူသင်္ဘောတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ .ယခင်တုန်းက ဆိုဗီယက်ယူနီယံ ခေတ်ကလည်း ဒီလိုပဲ လင်းပိုင်တွေကို ဖောက်ခွဲရေးပညာတွေ သင်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အဲဒီလင်းပိုင်တွေဟာ ဒုတိယကမ္ဘာစစ်က ဂျပန်တွေ ကျင့်သုံးခဲ့တဲ့ ကာမီကာဇေ အသေခံတိုက်ခိုက်ရေးသမားများကဲ့သို့ ရန်သူ့သင်္ဘောတွေကို ခြေမှုန်းမှာဖြစ်ကြောင်း သိရပါတယ်။ ရုရှားတွေ အထူးလေ့ကျင့်ထားတဲ့ ဒီတိုက်ခိုက်ရေး လင်းပိုင်တွေကို အီရန်က (၂၀၀၀)ပြည့်နှစ်မှာ ဝယ်ယူခဲ့တယ်လို့ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Twitter/nadswa

ဒီလင်းပိုင်တွေဟာ ရုရှားစစ်သင်္ဘောလား၊ အမေရိကန်စစ်သင်္ဘောလားဆိုတာကိုတောင် ကောင်းစွာ ခွဲခြားနိုင်သူတွေဖြစ်ပြီး၊ အချင်းချင်း ရေအောက်ဆက်သွယ်မှုစနစ်တွေနဲ့ စကားတွေ ပြောနိုင်တယ်လို့တောင် ဆိုပါတယ်။ အဲဒီလင်းပိုင်းတွေဟာ ရန်သူသင်္ဘောတွေဆီကို ကူးသွားပြီး သူတို့မှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲရေးကိရိယာတွေနဲ့ ဖောက်ခွဲမှုတွေ ပြုလုပ်မှာပါ။

ဒီလင်းပိုင်တွေကို နာမည်ကြီး လင်းပိုင်သင်ကြားရေးဆရာ Boris Zhurid က တိုက်ခိုက်ရေးပညာတွေ သင်ပေးခဲ့တာလို့ သိရပြီး၊ သူ့ကို ရုရှားက စစ်ရေးစီမံကိန်းများအတွက် ရံပုံငွေ စိုက်ထုတ်ပေးထားတယ်လို့ သိရပါတယ်။ Zhurid ကောင်းကောင်း လေ့ကျင့်ပေးထားတဲ့ လင်းပိုင်တွေကို အီရန်ဆီ လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။

Twitter/US Department of Defense

အီရန်ကို မရောင်းခင်က Zhurid ဟာ ဒီလင်းပိုင်တွေကို ပြသပြီး ဝင်ငွေရှာခဲ့ပေမယ့်၊ နောက်ဆုံး သူ့မှာသုံးစရာ ပိုက်ဆံမရှိတော့တဲ့အချိန်မှာ အီရန်ကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ အမေရိကန်ဘက်က တားမြစ်မှုတွေရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Zhurid က သူ့ရဲ့လင်းပိုင်တွေ အဆင်ပြေသမျှ ကာလပတ်လုံး သူ့အနေနဲ့ အလ္လာဆီမှာပဲဖြစ်ဖြစ် ငရဲပြည်မှာပဲဖြစ်ဖြစ် သွားရဲတယ်လို့ ဆိုပါတယ်။

လင်းဇော်ကို

SHARE