ယူကရိန်းလေယာဉ်ကို ပစ်ချခဲ့မိကြောင်း ၀န်ခံလိုက်ပြီဖြစ်တဲ့ အီရန်

Twitter / IreneGentle

အမေရိကန်နဲ့ စစ်ဖြစ်ဖို့ ရှောင်လွှဲနိုင်ခဲ့ပြီဆိုပေမယ့်လည်း အီရန်နိုင်ငံကတော့ ယူကရိန်း၊ ကနေဒါ အပါအ၀င် အခြားနိုင်ငံတွေနဲ့ တင်းမာမှုအသစ်တွေ စတင်လိုက်သလို ဖြစ်သွားခဲ့ပါပြီ။ အကြောင်းကတော့ ဇန်န၀ါရီ (၈)ရက်နေ့ကျ ပျက်ကျခဲ့တယ်ဆိုတဲ့ ယူကရိန်းလေယာဉ်ပျံကို သူတို့ ပစ်ချလိုက်မိတယ်ဆိုတာ အီရန်တွေက ၀န်ခံလိုက်တဲ့အတွက်ပါပဲ။

တဟီရန်မြို့တော်ကနေ ပျံသန်းသွားခဲ့တဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ဟာ အီရန်နိုင်ငံတွင်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည်တွေအားလုံး အသက်ဆုံးရှုံးခဲ့ရတာပါ။

အစပိုင်းမှာ အီရန် အစိုးရရဲ့ တာဝန်ရှိသူတွေဟာ ဒီလေယာဉ်ပျက်ကျမှုကို မတော်တဆမှုကြောင့် ပျက်ကျတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ သူတို့ ပစ်ချလိုက်တာသာ ဖြစ်ကြောင်း ၀န်ခံသွားခဲ့တာပါ။

READ
ပြူတင်းပေါက်သံကွန်ယက်မှာ လည်ပင်းညပ်ပြီး တန်းလန်းကြီးဖြစ်နေတဲ့ ကလေးငယ်

ဒီလေယာဉ်ပျက်ကျမှုမှာ လူပေါင်း (၁၇၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အီရန်နိုင်ငံသားတွေက အများဆုံး ပါဝင်သွားခဲ့ကာ ဒုတိယအများဆုံးကတော့ ကနေဒါ နိုင်ငံသားတွေဖြစ်ပါတယ်။

အစောပိုင်းမှာ အီရန်နိုင်ငံက လေယာဉ်ရဲ့ Black Box ကို ပြန်ပေးဖို့ ငြင်းဆန်ထားခဲ့ပြီး ၊ မတော်တဆဖြစ်ပုံနဲ့မတူတဲ့ လေယာဉ်အပိုင်းအစတွေကလည်း စုံစမ်းသူတွေကို မသင်္ကာဖြစ်စေခဲ့တာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ အီရန်အစိုးရ က သူတို့အနေနဲ့ ဒီလေယာဉ်ကို မှားယွင်းစွာ ပစ်ချခဲ့မိကြောင်း ၀န်ခံသွားခဲ့ပြီး ဒီဖြစ်ရပ်ဟာ ရည်ရွယ်ချက်မရှိပဲ ပစ်ခတ်မိသွားတာဖြစ်ကြောင်းနဲ့ လူပုဂ္ဂိုလ်တွေရဲ့ မှားယွင်းဆုံးဖြတ်ချက်တွေကြောင့်သာ ဖြစ်ကြောင်း ဖွင့်ဟလိုက်တာပါ။

အမေရိကန်ရဲ့ အရာရှိတွေကတော့ အီရန်ဟာ ရုရှားလုပ်ဒုံးကျည်နှစ်လုံးနဲ့ လေယာဉ်ကို ပစ်ချခဲ့တာလို့ အစောပိုင်းကတည်းက ထင်ကြေးပေးထားခဲ့ကြပြီး အီရန်ဟာ ဒီဖြစ်ရပ်ကြောင့် ယူကရိန်း၊ ကနေဒါ နိုင်ငံအစိုးရတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ဖြစ်သွားခဲ့ပါပြီ။

READ
ခွဲစိတ်ခန်းထဲမှာ ချီလီ-ပေါ်တူဂီပွဲစဉ်ကိုကြည့်ပြီး အောင်ပွဲခံလို့ ဝေဖန်ခံနေရတဲ့ ဆရာဝန်များ

Linn

SHARE