အမေရိကန်တို့ စစ်ရေးအရ လှုပ်ရှားမယ်ဆိုရင် ပြင်းထန်စွာတုန့်ပြန်မယ်လို့ အီရန်သတိပေး

အမေရိကန်အနေနဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ရေးအရှိန်မြင့်တင်မှုတွေ ပြုလုပ်လာပါက အီရန်က လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ဘဲ၊ တိုက်ရိုက်တုန့်ပြန်သွားမယ်လို့ သမ္မတထရမ့်ကို သတိပေးလိုက်ပါတယ်။ အီရန်လေတပ်မတော်မှ ဗိုလ်ချုပ်ကြီး Amirali Hajizadeh က အခုလို သတိပေးလိုက်တာပါ။

Amirali က “ အရင်က သူတို့က လေယာဉ် အစီး(၄၀)(၅၀)လောက် တင်နိုင်တဲ့ သင်္ဘောတွေရှိတယ်လို့ ခြိမ်းခြောက်တယ် … အခု ကြောက်စရာမလိုတော့ဘူး … အခု အဲဒီခြိမ်းခြောက်မှုက ကျွန်တော်တို့အတွက် အားသာချက် ဖြစ်သွားပြီ …. သူတို့ဘက်ကသာ စလှုပ်ရှားကြည့်စမ်းပါ … ခေါင်းကို ဖြတ်ရိုက်ချပစ်လိုက်မှာ ”လို့ ပြောခဲ့တာပါ။

RFE

Amirali ဟာ ဒီဝင့်ကြွားမှုကို အီရန်ကျောင်းသားတွေရဲ့ News Agency နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာပါ။ ဒီခြိမ်းခြောက်မှုဟာ သမ္မတထရမ့်က ပါရှန်းအငူကို ရေတပ်သင်္ဘောတွေစေလွှတ်ပြီး ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုအပြီး ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တာပါ။

တကယ်လို့ အီရန်အစိုးရက ဒါမှမဟုတ် အီရန်စစ်တပ်က အမေရိကန်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် ပြေးဆွဲနေတဲ့ သင်္ဘောတွေ၊ ဆီတင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်လာမယ်ဆိုပါက အီရန်နဲ့စစ်ဖြစ်ဖို့အရေးဟာ ဖြစ်နိုင်ခြေတစ်ဖြည်းဖြည်း မြင့်တက်လာနေပြီလို့ အမေရိကန်စစ်ဘက်ဆိုင်ရာက အတည်ပြုခဲ့ပါတယ်။

REF

အရှေ့အလယ်ပိုင်းရေးရာသတင်းတွေကို တင်ဆက်နေတဲ့ ISNA news agency က “ ဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ အမေရိကန်စစ်တပ်တွေကို အီရန်က ဒုံးကျည်တစ်ချက်တည်းနဲ့ ဖျက်ဆီးပြမယ် ”လို့ ခေါင်းကြီးပေးပြီး ဖော်ပြခဲ့ပါတယ်။ အီရန်ဟာ အမေရိကန်ဘက်က နြူစာချုပ် တစ်ဖက်သက်ဖျက်သိမ်းခံရပြီးနောက်၊ ကန်အပေါ်မှာ အတော်လေး အမျက်ရှနေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်သမ္မတ ထရမ့်က အီရန်က တာဝန်ရှိသူတွေအနေနဲ့ နြူလက်နက်ဖျက်သိမ်းဖို့အတွက် မိမိနဲ့လာရောက်တွေ့ဆုံဆွေးနွေးဖို့ တင်တင်စီးစီး ဖိတ်ခေါ်ခဲ့ရာ၊ အီရန်ဘက်ကလည်း အချိန်မရွေးတိုက်ခိုက်မယ်လို့ တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်။

လင်းသုတ (Shwemom)

READ
တက်တူးအပြည့်နဲ့ ငါးကြီးတစ်ကောင် ဖိလစ်ပိုင်မှာ ဖမ်းဆီးရမိ

Source : express.co.uk

SHARE