Jackie Chan ရဲ့ Sex Scene ကြောင့် အီရန်ရုပ်သံအကြီးအကဲ အလုပ်ပြုတ်ခဲ့

Jackie Chan ကတော့ ကမ္ဘာကျော်မင်းသားကြီးပါ။သူ့ရဲ့ ဖိုက်တင်ခန်းတွေက ပရိသတ်တွေကြား မှာ အရမ်းကို နာမည်ကြီး ပါတယ်။မင်းသားကြီး Jackie Chan  ကြောင့် အီရန်ရဲ့ နိုင်ငံပိုင်ရုပ်သံ Irib ရဲ့ အကြီးအကဲ တစ်ယောက် အလုပ်ပြုတ်ခဲ့ ရပါတယ်။အခုလို အလုပ်ပြုတ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ Jackie Chan ပါဝင်ထားတဲ့ ရုပ်ရှင်ကားထဲက sex scene ကြောင့်ပါ။

pinterest

Irib ရုပ်သံကနေ Jackie Chan ရဲ့ဇာတ်ကားကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ဒါပေမယ့် ရုပ်ရှင်ကားထဲမှာပါတဲ့ sex scene အခန်းတစ်ခန်းကို ဆင်ဆာ မဖြတ်လိုက်မိပဲ ဒီအတိုင်း ပြသခဲ့မိတာပါ။ Shinjuku Incident (2009) ဇာတ် ကားထဲမှာ Jackie Chan  နဲ့ အမျိုးသမီးတစ်ယောက် လိင်ဆက်ဆံနေတဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ပါပါတယ်။အဲ့ဒီ အခန်း ကို မဖြတ်လိုက်မိတာပါ။ဆင်ဆာမဖြတ်ပဲ ပြလိုက်မိတာကို Kish Island ကျွန်းနေ ကြည့်ရှုသူတစ်ယောက်က အွန်လိုင်းပေါ်မှာ ဗီဒီယိုဖိုင် တစ်ခု တင်ခဲ့ပါတယ်။

READ
အရင်ချစ်သူနဲ့ ပြတ်စဲရတာဟာ ရွှေမှုံကြောင့် မဟုတ်ပါဘူးလို့ ထုတ်ပြောလိုက်တဲ့ ရွှေထူး

 

တင်းကျပ်လွန်းတဲ့ ဆင်ဆာစည်းမျဉ်းတွေကို ချိုးဖောက်ပြီး sex scene ကို ဆင်ဆာ မဖြတ်ပဲ အီရန် ရုပ်သံ ကနေ ပြသလိုက်မိတဲ့ ကိစ္စဟာကြည့်ရှုသူတွေ ကြား ဝေဖန်ပြစ်တင်ခံခဲ့ရပါတယ်။ ဆင်ဆာမဖြတ်ပြလိုက်မိတာနဲ့ ပတ်သက်ပြီး အီရန်မီဒီယာတစ်ခုကနေ “မသင့်တော်တဲ့ အခန်းကို Kish TV ကနေ ထုတ်လွှင့်ပြသမိခဲ့ ကြောင်း၊ Irib ရုပ်သံက လိုက်နာရမယ့် ဆင်ဆာစည်းမျဉ်းတွေကို လုံးဝချိုးဖောက်လိုက်တာ..” လို့ ပြောခဲ့ပါတယ်။အီရန်မှာဆိုရင် အမျိုးသားနဲ့ အမျိုးသမီး ထိတွေ့ဆက်ဆံတဲ့ ပုံရိပ်မြင်ကွင်းတွေကို screen ပေါ်မှာ ပြသတာမျိုးကို လုံးဝပိတ်ပင်ထားပါတယ်။ရုပ်သံ တွေအနေနဲ့ ဒီလိုအခန်းတွေကို ဖြတ်တောက်ပေးဖို့ လိုအပ်ပါတယ်။Sex Scene တွေ တင်မဟုတ်ပဲ ကြမ်းတမ်းတဲ့ စကားတွေ၊ပြက်လုံးတွေ၊အမျိုးသမီးတွေရဲ့ မလုံ့တလုံ့အဖော်အချွတ်ပုံတွေ၊အမျိုးသမီးတွေရဲ့မျက်နှာအနီးကပ်ပုံ၊ လ ည်ပင်း အဟိုက်တွေ၊ရဲနဲ့ မုတ်ဆိတ်အမျိုးသားတွေအပေါ် မကောင်းတဲ့ သဘောဆောင်တဲ့ စကားအသုံးအနှုန်း တွေ …ကိုလည်း ဆင်ဆာ တားမြစ်ထားပါတယ်။

pinterest
pinterest

Tasnim သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ Irib ရုပ်သံအကြီးအကဲ Aliasgari Ali Askari ကို ဒီ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းမှုလုပ်ဖို့၊ဒီကိစ္စအပေါ် မကျေနပ်တဲ့ လူထုနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ကို တောင်းပန်ဖို့၊ေ ဆွးနွေး ညှိနှိုင်းဖို့ အမိန့်ထုတ်ပြန်ထား ပါတယ်။အီရန်ပြည်သူတစ်ချို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုပ်သံရဲ့ဆိုရှယ်မီဒီယာေ ပ်ါက  တုံ့ပြန်မှုအပေါ် #Kish_channel in Persian လို့ ရေးပြီး လှော်ပြောင်သရော်နေကြပါတယ်။ မကြာသေးခင် က ဖြစ်ပွားခဲ့တဲ့ ကျောင်းသား၊ကျောင်းသူ (၁၀) ယောက်သေဆုံးခဲ့တဲ့ Teheran’s Azad တက္ကသိုလ်ရဲ့ ဘတ်စ် ကားတိမ်းမှောက်မှုမှာတော့ ဘယ်သူမှ အလုပ်ထုတ်ခံရတာ၊တာဝန်ယူတာမျိုးမရှိခဲ့တာကို ထောက်ပြပြောဆိုခဲ့ ကြပါတ ယ်။”ဘတ်စ်ကားမှောက်တာ၊သင်္ဘောမြုပ်တာ၊လေယာဉ်ပျက်ကျတဲ့ ဖြစ်ရပ်တွေမှာကျတော့ ဘယ်သူမှ အလုပ်ဖြုတ် မခံ ရဘူး။Jackie Chan ရဲ့ Sex Scene စက္ကန့်ပိုင်းလေး ပြမိတာကျတော့ အဲ့ဒီအပိုင်းမှာ တာဝန်ရှိတဲ့  ၀န်ထမ်းတွေ အားလုံး ကို တာဝန်ယူခိုင်းပြီး အလုပ် ထုတ် ပစ်တယ်..”  ဆိုပြီး တွစ်တာ အသုံးပြုသူတစ်ယောက်က မကျေနပ်ချက်ကို ရေးသား ခဲ့ပါတယ်။

READ
Box Office ရဲ့ ၀င်ငွေအကောင်းဆုံး Top 5 စာရင်းဝင် ဇာတ်ကားများ
pinterest
pinterest

Source BBC

SHARE