တစ်ချိန်က လွတ်လပ်ခွင့်မှာ ကမ္ဘာကြီးတန်းတူနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တဲ့ အီရန်မိန်းမသားများ

ရာစုနှစ်တစ်ဝက်လောက်တုန်းက အီရန်ရဲ့လူနေမှုအဆင့်အတန်းတွေကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေဟာ အနောက်တိုင်းနိုင်ငံများနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ခဲ့ကြပါတယ်။

Instagram

အီရန်ဟာ သိပ်ကို ပွင့်လင်းလွတ်လပ်တဲ့နိုင်ငံတွေထဲ တစ်နိုင်ငံဖြစ်ခဲ့သလို အမျိုးသမီးများရဲ့ အခွင့်အရေးကိုလည်း အဲဒီခေတ်အခါတုန်းက ဦးစားပေးတဲ့နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လို့ရမှာပါ။

ရေကူးဝတ်စုံပေးဝတ်တယ်၊ မီနီစကပ်ဝတ်တာကို ကြည့်မယ့်လူမရှိဘူး၊ နောက်ပြီး မျက်နှာတွေကိုလည်း စိတ်ကြိုက်ခြယ်မှုန်းပြင်ဆင်နိုင်ပါသေးတယ်။ ဒီအပြင် အမျိုးသားများနဲ့လည်း ခင်ခင်မင်မင် အပေါင်းအသင်းပြုနိုင်ပြီး ပညာရေးကိုလည်း အားပေးတဲ့အပြင် အလုပ်နေရာတွေမှာပါ မိန်းမသားတွေကို ထဲထဲဝင်ဝင်ပါဝင်ခွင့်ရကြပါတယ်။

Instagram

 

View this post on Instagram

 

A post shared by Images of Iran Before 1979 (@iranbefore79) on Feb 14, 2019 at 5:33pm PST

ဒီအကြောင်းကို ဖော်ပြချင်တဲ့ရည်ရွယ်ချက်ကတော့ အီရန်လို့ဆိုလိုက်တာနဲ့ လူတော်တော်များများက လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံလို့ ထင်နေကြတာမို့ ၁၉၇၀ ဝန်းကျင်လောက်အထိ ဖြစ်နေခဲ့တဲ့ အီရန်ရဲ့လူနေမှုဘဝကို ဗဟုသုတရရန်အလို့ငှာ ဖော်ပြချင်ရုံ သက်သက်ကြောင့်ရယ်ပါ။

READ
ခွေးဆိုးတစ်ကောင်နဲ့ မဖြစ်မနေကြုံလာရတဲ့အခါ တုံ့ပြန်ရမယ့် အပြုအမူများ
Instagram

ဒီပုံတွေဟာ အီရန်မှာဖြစ်ခဲ့တဲ့တော်လှန်ရေးမတိုင်ခင် ၁၉၇၉ ခုနှစ် နောက်ဆုံးထားပြီး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။

ဒါဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ အိမ်ထောင်သည်ဘဝမှာတောင် တန်းတူအခွင့်အရေးပေးခဲ့ကြတယ်ဆိုတာကို သက်သေပြနေတဲ့ပုံလေးဖြစ်ပါတယ်။

Instagram

အပြင်မှာမဆိုထားနဲ့၊ လူအများဖတ်ကြတဲ့ ဂျာနယ်၊ ကြော်ငြာ၊ မဂ္ဂဇင်းတွေနဲ့ ရုပ်ရှင်တွေမှာတောင် ခေတ်မီအဝတ်အစားတွေ ဝင်ခွင့်ရခဲ့ကြပါတယ်။ 

အဲဒီတုန်းက အမျိုးသမီးတွေအတွက် စာပေပညာရပ်ဆိုတာ အမျိုးသားများနဲ့တန်းတူ ပညာသင်ခွင့်တွေရရှိခဲ့ကြပါတယ်။

Instagram

စိတ်လွတ်ကိုယ်လွတ်နေခွင့်ရခဲ့ကြတဲ့ အီရန်အမျိုးသမီးများ

Instagram
Instagram

ဘိုကေနဲ့ လက်ပြတ်ဝတ်ကာ အမျိုးသားတစ်ယောက်နဲ့ လွတ်လပ်စွာစကားပြောနေတဲ့ ရုပ်ရှင်မင်းသမီး

Instagram

ကမ္ဘာကျော် VOUGE မဂ္ဂဇင်းမှ ရိုက်ကွင်းတစ်ခု

READ
ကွန်ပြူတာအသုံးပြုသူတိုင်း သိထားသင့်တဲ့ Keyboard shortcut များ
Instagram

၁၉၇၀ ဝန်းကျင်က မြင်ကွင်းတစ်ခု

Instagram

Source: Instagram, Bright Side

Penny

SHARE