ခွေးလေးတွေကိုစိတ်ကြိုက်ခရစ်စမတ်လက်ဆောင်ရွေးယူစေခဲ့တဲ့ အိုင်ယာလန်ခွေးဂေဟာ

YouTube- DogsTrustIreland

ခရစ်စမတ်ဟာ မိသားစုဝင်ပဲဖြစ်ဖြစ်၊သူငယ်ချင်းတွေပဲဖြစ်ဖြစ် မိမိချစ်ခင်ရသူတွေကို တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာမှုကို ပြသပြီး လက်ဆောင်လေးတွေ အပြန်အလှန်ပေးတဲ့ရာသီတစ်ခုဆိုလည်း မမှားပါဘူး။ နှစ်တစ်နှစ်အတွင်း အတူကုန်ဆုံးခဲ့တဲ့ အံ့သြဖွယ်အချိန်တွေအတွက် ကျေးဇူးတင်တယ်ဆိုတဲ့ အဓိပ္ပာယ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီထဲမှာ ကျွန်တော်တို့မမေ့သင့်တာက တိရစ္ဆာန်လေးတွေဟာလည်း လူတွေရဲ့ဂရုစိုက်မှုကို တကယ်လိုအပ်ကြတယ်ဆိုတာပါပဲ။

YouTube- DogsTrustIreland

ဒါကို မမေ့လျော့တဲ့ နေရာတစ်ခုရှိနေပါတယ်။ အဲဒါကတော့ Ireland နိုင်ငံ၊ Dublin မြို့ရှိ Dogs Trust Ireland’s Rehoming Center ဆိုတဲ့ခွေးဂေဟာတစ်ခုပါပဲ။  ဟာ သူတို့ ကယ်ဆယ်ထားတဲ့ ပိုင်ရှင်မယ့်ခွေး(၃၅)ကောင်ကို အမှတ်တရနဲ့ ခရစ်စမတ်လက်ဆောင်တွေပေးခဲ့ကြပါတယ်။ 

ဝန်ထမ်းတွေက အခန်းထဲမှာ အရုပ်လေးတွေကို တန်းစီထားပြီးတော့ ခွေးလေးတွေကို သူတို့လိုချင်တဲ့ ခရစ်စမတ်လက်ဆောင် အရုပ်တွေကို ရွေးယူခိုင်းခဲ့တာပါ။

YouTube- DogsTrustIreland
YouTube- DogsTrustIreland

 ခွေးတွေအားလုံး စုပြုံပြီး အခန်းထဲထည့်ထားတဲ့အခါ အဆင်မပြေဖြစ်နိုင်တဲ့အတွက် တစ်ကောင်ချင်းစီ ထည့်ပြီး သူတို့လိုချင်တဲ့အရုပ်ကို ရွေးချယ်ယူခိုင်းခဲ့ပါတယ်။ 

အဲ့ဒီအချိန် အရုပ်လေးနဲ့သူတို့ အရမ်းပျော်နေတာကို တွေ့ရပြီးတော့ ၊ တစ်ချို့ခွေးတစ်ကောင်နှစ်ကောင်က အရုပ်ထက် လူရဲ့ဂရုစိုက်မှုကို ပိုလိုချင်တာချင်ပြီး တိုးဝှေ့ပွတ်သပ်နေကြပါတယ်။

ဂေဟာမှာ ၂၀၁၇ ခုနှစ်ကတည်းက ခွေးလေးတွေကို အခုလို ခရစ်စမတ်လက်ဆောင်ပေးတဲ့အစီအစဉ် ပြုလုပ်လာခဲ့တာဖြစ်ပြီးတော့၊ အချိန်တိုင်းလည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ 

YouTube- DogsTrustIreland

ခွေးလေးတွေရဲ့ တကယ်ကိုကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကိုလည်း ရိုက်ယူထားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကို ဒီတိုင်းလက်ဆောင်ပေးလိုက်တာထက် သူတို့လိုချင်တာကိုရွေးချယ်ခိုင်းတာက ပိုကောင်းတယ်ဆိုပြီး အကြံခဲ့ရလို့၊ ၂၀၁၈ ခုနှစ်မှာ အရုပ်လေးတွေကို တန်းစီပြီးရွေးချယ်ခိုင်းခဲ့တာပါ။ 

သူတို့အရမ်းပျော်ရွှင်နေတာကိုတွေ့ရတဲ့အတွက် ဒီနှစ်မှာလည်း အလှူရှင်တွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ Dogs Trust Ireland စင်တာကဆိုပါတယ်။

YouTube- DogsTrustIreland

ဒီစင်တာဟာ အိုင်ယာလန်မှာ အကြီးဆုံးခွေးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာဖြစ်ပြီး၊ ၂၀၀၅ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ အရွယ်အစား၊ အရောင်၊ ပုံသဏ္ဍာန်၊ အမျိုးအစားမတူကြတဲ့ ခွေးလေးတွေကို ပျော်ရွှင်တဲ့ဘ၀ရအောင် ပြန်လည်ထူထောင်ပေးပြီးတော့၊ မလိုအပ်ဘဲ အသတ်ခံရတဲ့ ဘ၀မရောက်အောင် ကူညီကယ်ဆယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကယ်ဆယ်ခဲ့တာဖြစ်တယ်လို့လည်း ဂေဟာတာဝန်ရှိသူတစ်ဦးကဆိုခဲ့ကြောင်း Bored Panda မှာ ဖော်ပြထားခဲ့ပါတယ်။

Khaing

SHARE