ကမ္ဘာကြီးတစ်ဖန်ြ ပန်လည်စိမ်းလန်းလာဖို့ သစ်ပင် သန်း(၄၄၀) စိုက်မယ့် Ireland

Nick Cozier/iStock

ကမ္ဘာကြီးပူနွေးလာတာကြောင့် ရာသီဥတုဖောက်ပြန်တာတွေက  ကမ္ဘာ့နေရာ အနှံ့မှာဖြစ်နေပါတယ်။ ဒါကိုတားဆီးနိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုးပမ်းအားထုတ်နေကြပါတယ်။ Ireland နိုင်ငံအစိုးရကတော့ ရာသီဥတုဖောက်ပြန်တာတွေကို တားဆီးနိုင်ဖို့ နောက်လာမယ့် ၂၀၄၀ ထိ သစ်ပင် သန်း ၄၄၀ စိုက်မယ့် အကြောင်းပြောကြားခဲ့တယ်လို့ Irish Times သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မိုးလေဝသဆိုင်ရာဌာနမှ ပြောရေးဆိုခွင့်ရှိတဲ့ အမျိုးသမီးတစ်ယောက်က ဒီလုပ်ဆောင်ချက်ကနေတဆင့် သစ်တောတွေပြန်ပြီး စိမ်းလန်းများပြားလာဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို လျော့ချဖို့ ရည်ရွယ်ထားကြောင်းနဲ့ နောက်လာမယ့်နှစ်တွေအထိ ဆက်ပြီးလုပ်ဆောင်သွားဖို့ရှိနေကြောင်းပြောခဲ့ပါတယ်။

Florian GIORGIO/Unsplash

သစ်တောတွေပြန်ပြီး စိမ်းလန်းစိုပြေဖို့ဆိုရင်တော့ တစ်နှစ်ကို သစ်ပင်ပေါင်း ၂၂ သန်း လောက်စိုက်ဖို့လိုအပ်ကြောင်း၊ ဒီလိုနှုန်းနဲ့စိုက်မယ်ဆိုရင် နောက်နှစ် ၂၀ မှာ သစ်ပင် ၄၄၀ လောက်စိုက်ပြီးနေလိမ့်မယ်လို့ အဆိုပါအမျိုးသမီးကပြောခဲ့ပါတယ်။

READ
ပိုကောင်းတဲ့ မနက်ဖြန်တွေရဖို့ ကြိုးစားနေသူတွေရဲ့ အားတက်ဖွယ်ပုံပြင်များ

Ireland အစိုးရရဲ့ သစ်ပင်စိုက်ပျိုးရေးအစီအစဉ်ကို တစ်ချို့လယ်သမားတွေက ပါဝင်ဆောင်ရွက်တာမျိုး မရှိသေးတဲ့ အတွက် သူတို့ကို ပါဝင်လာစေဖို့ အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါမှလည်း နှစ် ၂၀ အတွင်းမှာ သစ်ပင်ပေါင်း ၄၄၀ စိုက်ပြီးနေဖို့မျှော်လင့်လို့ရနိုင်မှာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်ပင်စိုက်ပျိုးနေကြတာ အရမ်းအားကျစရာပါပဲ။

Bjorn Snelders/Unsplash

Ireland ရဲ့ ညီအစ်မနိုင်ငံလို့တင်စားထားတဲ့ Scotland နိုင်ငံ မှ Scotland’s Forestry Agency က Scotland အနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် စိုက်ပျိုးခဲ့တဲ့ အပင်အရေအတွက် က ရည်မှန်းထားတာထက်ကျော်ပြီးစိုက်ပျိုးနိုင်ခဲ့ကြောင်း ကြေငြာပြီးနောက်မှာ Ireland အစိုးရက သစ်ပင်တွေစိုက်ပျိုးဖို့ အစီအစဉ်ဆွဲခဲ့တာပဲဖြစ်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံအနှံ့မှာ အစည်းအဝေးပွဲတွေကျင်းပစေပြီး ရပ်ရွာလူထုနဲ့ အဖွဲ့အစည်းတွေကို မျှော်လင့်ထားတဲ့ သစ်ပင်အရေအတွက် ရရှိဖို့ အားပေးလုပ်ဆောင်တာတွေလည်းရှိပါတယ်။ နိုင်ငံတကာမှာ ကမ္ဘာကြီးပြန်လည်စိမ်းလန်းဖို့အရေး ကြိုးပမ်းနေကြချိန်မှာ စာဖတ်သူအနေနဲ့ လည်းတစ်ထောင့်တစ်နေရာကပါဝင်လိုစိတ်ဖြစ်လာစေဖို့ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်ရပါတယ်။

READ
ကမ္ဘာ့အံ့မခန်းဖွယ်ရာ ရေနေသတ္တ၀ါတွေရဲ့ ဓာတ်ပုံရိုက်ချက်များ

Lwin Min

SHARE