Red Velvet အဖွဲ့ဝင် Irene နဲ့ Seulgi တို့ရဲ့ ‘Monster’ official MV သစ်ထွက်ရှိ

Instagram/RedVelvet

Red Velvet ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Irene နဲ့ Seulgi တို့ရဲ့ သီချင်းသစ်လေး ‘Monster’ official MV ကတော့ ထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် သီချင်းသစ်ထွက်ရှိမယ့် အချိန်က ကြန့်ကြာမှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ SM Entertainment က ဒီနေ့ နေ့လည် 12 နာရီမှာပဲ KST ကနေ သူတို့ရဲ့ official MV လေးကို ကြေညာပေးခဲ့တယ်ဆိုတဲ့အကြောင်းကို allkpop က ဖော်ပြထားပါတယ်။

https://www.instagram.com/p/CB4ARv8HGp1/?utm_source=ig_embed&utm_campaign=loading

သီချင်းက လုံးဝကို အမိုက်စားဖြစ်ပြီးတော့ သီချင်းစာသားတွေက အိပ်စက်နေတဲ့အချိန်မှာ ခြောက်လှန့်တတ်တဲ့ မကောင်းဆိုးဝါးပုံပြင်လေးတစ်ပုံကို သီဆိုထားတာပါ။ Irene နဲ့ Seulgi တို့နှစ်ယောက်က ချိုမြိန်နေတဲ့ အိပ်မက်လေးထဲကို ဝင်ရောက်ခြောက်လှန့်ဖို့ အသင့်ဖြစ်နေကြသူတွေအဖြစ် မြင်တွေ့ရမှာပါ။

READ
သိုးကလေးတစ်ကောင်လို အမွှေးဖွားဖွားနဲ့ လုံးလုံးလေးဖြစ်နေတဲ့ ခွေးကလေး

Irene နဲ့ Seulgi တို့ရဲ့ အမိုက်စား တင်ဆက်မှုတွေ၊ အကတွေက တကယ့်ကို သီချင်းနဲ့ ထပ်တူကျမှုရှိတယ်ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ သီချင်းထွက်မယ့် ရက်ကို ရွေ့ဆိုင်းမှုတွေ ရှိခဲ့ရပေမယ့် စောင့်ရကျိုးနပ်အောင်ကို မတူညီတဲ့ ရသတစ်မျိုးကို ပေးမယ့် သီချင်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Khin

 

SHARE