CR ပြက္ခဒိန် အတွက် ပုံအမိုက်စားတွေ ရိုက်ကူးပေးခဲ့တဲ့ Irina Shayk နဲ့ Cindy Crawford

Image Source:CR

ကမ္ဘာကျော် မော်ဒယ် တွေဖြစ်တဲ့ Irina Shayk နဲ့ Cindy Crawford တို့ ကတော့ အယ်ဒီတာ  Carine Roitfeld ရဲ့ CR Calendar 2020  အတွက် အမိုက်စားပုံတွေ ရိုက်ကူးပေးခဲ့ပါတယ်။ ဒီတစ်ခါ ပြက္ခ ဒိန် ကတော့ အရင်က ဟာတွေ နဲ့ လုံးဝ မတူပါဘူး။ ရာသီခွင် Zodiac Sign  တွေရဲ့ အ ငွေ့ အသက်တွေ အပြည့်ပါတဲ့ ပုံစံ မျိုးနဲ့ ရိုက်ကူးခဲ့တာပါ။ရာသီခွင် သ င်္ကေ တတွေရဲ့ ပြယုဂ် ပုံစံ မျိုးတွေနဲ့ ရိုက်ကူးခဲ့တာပါ။ အသက် (၃၄)နှစ်အရွယ် Irina Shayk နဲ့ အပြိုင် အသက်ကြီး ပေမယ့်မ ပျက်စီး သေးတဲ့ အသက် (၅၃)နှစ်အရွယ် Cindy Crawford  က သူမရဲ့ မော်ဒယ် Skill တွေ  ထုတ်ပြ ထားပါတယ်။ Irina ကတော့ မကာရ (Capricorn) ရာသီခွင် အတွက် အနက်ရောင် မိန်းမ ၀တ်အင်္ကျင်္ီကို ၀တ်ဆင်ပြီး ခန္ဓာကိုယ်ကို  ရေထဲမှာ လှဲ နေတဲ့ ပုံမျိုး ပုံဖော်ခဲ့ပါတယ်။

Image Source:CR
Image Source:CR

မကာရ ရာသီဖွားတွေဟာ ရည်မှန်းချက် ကြီးပြီး  အရမ်းခေါင်းမာ တဲ့ သူတွေဆိုပြီး Irina က  သူမရဲ့ ရာသီခွင်ကို မှတ် ချက်ပေးပြောခဲ့ပါတယ်။(၂၀၁၉) ကတော့ Irina  အတွက် ခက်ခဲ ပင်ပန်းတဲ့ နှစ် တစ်နှစ် ဖြစ်ခဲ့ ပြီး (၂၀၂၀)ကတော့ သူမ အတွက် အကောင်းဘက်ကို သွားတဲ့ နှစ် တွေ ဖြစ်လာမယ်လို့ ကမ္ဘာကျော် နက္ခတ်ဗေဒင်ပညာရှင် Susan Miller က  ဟော ခဲ့ပါတယ်။(၂၀၁၉)မှာ အဆင် မပြောခဲ့ သမျှ (၂၀၂၀)မှာတော့ ကံကောင်းလာမယ်လို့ ကို အတိအကျ ပြောခဲ့ တာပါ။ဒီနှစ်ရဲ့ ပြက္ခဒိန်မှာတော့ အကန့် အသတ်နဲ့ သာ ထုတ်တဲ့  limited edition T-shirts  တွေကိုပါ  ၀ယ်ယူနိုင်မှာပါ။

READ
လိင်ပိုင်းစော်ကားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ Lee Jin Wook ရဲ့ အမှုကို တရားရုံးမှ စီရင်ချက်ချ
Image Source:CR
Image Source:CR

ဖေ ဖော်ဝါရီ အတွက်ကတော့ အဖြူရောင်တီရှပ်နဲ့ ရေစိုနေတဲ့ အလှ ပုံစံမျိုးနဲ့ ရိုက်ကူးခဲ့ပါတယ်။မတ် လ အတွက်ကတော့ မတ် အတွက်ကတော့ ငါးပုံစံမျိုးနဲ့ ရိုက်ခဲ့ပါတယ်။အဖြူ ရောင် ၀တ်စုံကို ၀တ်ပြီး ငါးတစ်ကောင်လို ကူးခတ် နေတဲ့ ပုံမျိုး နဲ့ Cindy Crawford  က ရိုက်ခဲ့ ပါတယ်။နက္ခတ်ဗေဒင်ပညာရှင် Susan Miller  ကတော့ မိန် (Pisces) ရာသီဖွား တေါ ကတော့ ရာသီခွင် တွေထဲမှာ စိတ်ကူးအယဉ် ဆုံး ရာသီခွင် တွေ ဖြစ်ကြောင်း၊ နဲ့ ငွေ နောက် မလိုက်တတ်ပဲ ငွေက သူတို့ ကြိုးစားမှုရဲ့ နောက်မှာ ကပ်ပါလာတဲ့ ရလဒ် ဆိုပြီး ပြောခဲ့ပါတယ်။

 

Image Source:CR

 

တောင်ဆူဒန် မော်ဒယ် Alek Wek ကတော့ ဧပြီ လ မွေး မိဿ (Aries) ရာသီ ဖွား တွေ အတွက် ကိုယ်စားပြု ရိုက်ကူးပေးခဲ့ပါတယ်။Stella Maxwell  က တော့ ပြိဿ (Taurus) ရာသီဖွား တွေကို ကိုယ်စားပြု ခဲ့ပါတယ်။

READ
ဂီတအစည်းအရုံးမှာ တိုင်ကြားခံရတဲ့အကြောင်းအရင်းကို ဖွင့်ဟလာတဲ့ Key
Image Source:CR

Carolyn Murphy ကတော့ မေထုန် (Gemini) ရာသီ ကိုယ်စားပြု ခဲ့ပါတယ်။Miss Fame  ကတော့ ကရကဋ် (Cancer) အတွက် အနက်ရောင် ရှေ့ခွဲ ၀တ်စုံ ရှည်ကို ၀တ်ဆင် ရိုက်ကူးခဲ့ပါတယ်။Kris Grikaite က တော့ သိဟ် (Leo) အတွက် ကိုယ်စားပြု ခဲ့ပါတယ်။

Image Source:CR
Image Source:CR

Guinevere Van Seenus ကတော့ ကန် (Virgo) ကိုယ်စားပြု အ နေနဲ့ ငှက်မွှေးကို ပါးစပ်မှာ ကိုက်ပြီး ရိုက်ခဲ့ပါတယ်။Candice Swanepoel  ကတော့ တူ (Libra) ၊ Mariacarla Boscono  က တော့ဗြိစ္ဆာ (Scorpio) အတွက် ကိုယ်စားပြု ရိုက်ခဲ့ပါတယ်။Anok Yai က တော့ ဓနု (Sagitarius) ရာသီခွင်တို့ ကို အသီးသီး ကိုယ်စားပြု  ရိုက်ခဲ့ပါတယ်။

Image Source:CR
Image Source:CR

Source:Dailymail

SHARE