ကမ္ဘာ့ထိပ်တန်း နံပါတ်တစ် ရေကူးဝတ်စုံ မော်ဒယ်အဖြစ် သတ်မှတ်ခံရတဲ့ Irina Shayk

မကြာသေးခင်ကမှ ဟောလီဝုဒ်မင်းသာ Bradley Cooper နဲ့ လမ်းခွဲပြီး  ခက်ခဲတဲ့ နေ့ရက်တွေကို ဖြတ်ကျော်ခဲ့ရတဲ့ Irina Shayk အတွက် ကောင်းသတင်းတွေ ဝေဆာလာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် မော်ဒယ်ဟာ ကမ္ဘာ့ ထိပ်တန်း ရေကူးဝတ်စုံမော်ဒယ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး Emily Ratajkowski နဲ့ Candice Swanepoel တို့ ဖြတ်ကျော်သွားခဲ့ပါတယ်။ ဒီလ အစောပိုင်းတုန်းကကလည်း Caroline Roitfel x LuisaViaRoma နှစ် ၉၀ ပြည့်ပွဲမှာ Gigi Hadid တို့နဲ့ အတူ ပါဝင်လျှောက်လှမ်းခဲ့ပါသေးတယ်။

bluebella/instagram.com

Irina က အင်စတာဂရမ်မှာ ပိုစ့်တစ်ခုကို စတာလင်ပေါင် ၆၀၀၀၀၀ နဲ့ အထက်ရရှိနေပါတယ်။ သူမက LV နဲ့ ရေကူးဝတ်စုံ ဘရန်း Hunza G တို့အတွက် မော်ဒယ်လုပ်ပေးနေတဲ့ သူပါ။ အခုလိုမျိုး နှိုင်းယှဉ် သတ်မှတ်ချက်ကိုတော့ lingerie နဲ့ swimsuit တွေကို ထုတ်လုပ်ရောင်းချတဲ့ နာမည်ကျော်  BlueBella က ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

READ
Taylor Swiftနှင့်ခဏတာ အင်တာဗျူး
Alessandra Ambrosio/instagram.com

ဒုတိယနေရာမှာတော့ အသက် ၃၈ နှစ်အရွယ် Victoria Secret ရဲ့ ဘရာဇီးလ်မော်ဒယ် Alessandra Ambrosio က ချိတ်ခဲ့တယ်။ အဲ့ဒီ့နောက် အသက် ၂၈ နှစ်အရွယ် Emily Ratajkowski က တတိယနေရာမှာ ရှိနေခဲ့တယ်။

Emily Ratajkowski/instagram.com

Emily ရဲ့ ပိုစ့်တစ်ခုဟာ အနည်းဆုံး Likes ၂ သန်းလောက်ရပေမယ့် အများစုဟာ အမျိုးသားတွေဆီက ဖြစ်နေတဲ့အတွက် အလုံးစုံး လွှမ်းမိုးနိုင်စွမ်းမရှိဘူးလို့ ယူဆခဲ့ကြပါတယ်။

Ashley Graham/instagram.com

စတုတ္ထနေရာကိုတော့ ပရိသတ်အင်အား ၈.၆ သန်းရှိတဲ့ plus size မော်ဒယ် Ashley Graham က ရောက်လာခဲ့ပြီး ပဉ္စမနေရာမှာတော့ အာဖရိကန် မော်ဒယ် Candice Swanepoel က ရပ်တည်နေပါတယ်။

READ
ပရိသတ်တွေသဘောကျနေတဲ့ စိုးမြတ်သူဇာနဲ့ မြင့်မြတ်တို့ရဲ့ ဇာတ်ဝင်ခန်းပုံရိပ်များ
Candice-Swanepoel/Instagram

Bluebella က ရွေးချယ် သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ ထိပ်တန်း ရေကူးဝတ်စုံမော်ဒယ် စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Matthew (ShweMOM)

SHARE