Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်သူ Jude Law ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Sherlock Holmes, Enemy at the Gates, King Arthur: Legend of the sword အစရှိတဲ့ နာမည်ကြီး ရုပ်ရှင်တော်တော်များများနဲ့ ကျော်ကြားခဲ့တဲ့ Jude Law ဟာ အင်မတန်မှ သရုပ်ဆောင်ကောင်းတဲ့ မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း Jude ရဲ့ သမီးတစ်ယောက်ဖြစ်သူ Iris Law ဟာ တော်တော်လေးကို လူစိတ်ဝင်စားခံနေရပါတယ်။ အကြောင်းကတော့ သူမရဲ့ Instagram မှာ တင်ခဲ့တဲ့ ရေကူးဝတ်စုံဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကြောင့်ဖြစ်ကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Jude နဲ့ သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ Sadie Frost တို့ရဲ့ သမီးဖြစ်သူ Iris ဟာ အခုဆိုရင်တော့ အသက် ၂၀ ရှိနေပြီဖြစ်ပြီး မော်ဒယ်လောကမှာ နာမည်ရ မော်ဒယ်တစ်ဦး ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အပေါ်မှာ တွေ့ရတဲ့ Iris ပုံကတော့ UK နိုင်ငံမှာရှိတဲ့ သူမခြံထဲက ဥယျာဉ်မှာ ရိုက်ကူးထားတဲ့ ရေကူးဝတ်စုံနဲ့ပုံပဲ ဖြစ်ပါတယ်။ ပန်းပြာရောင် ရေကူးဝတ်စုံလေးနဲ့ Iris ဟာ တော်တော်လေးကို လှပနေပြီး သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကိုလည်း လုံးဝပေါ်လွင်အောင် ရိုက်ပြထားတာကြောင့် တော်တော်လေး လူစိတ်ဝင်စားခံရတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။
View this post on Instagram
အဆိုပါ ရေကူးဝတ်စုံကိုတော့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Stella McCartney က ချုပ်လုပ်ပေးခဲ့တာဖြစ်ပြီး Stella ရဲ့ swimsuit collection တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုး ချုပ်ပေးပြီး သူမကို ဝတ်ဆင်ဖို့ အခွင့်အရေးပေးခဲ့တာကြောင့် Iris ကလည်း သူမအနေနဲ့ Stella ကို ကျေးဇူးတင်ကြောင်း သူမရဲက ဆိုရှယ်မီဒီယာအကောင့်မှာ ပို့စ်တင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီလိုမျိုး Iris တစ်ယောက် မော်ဒယ်လောကထဲကို ခြေချနိုင်အောင် အများကြီး ကူညီထောက်ပံ့ပေးခဲ့တဲ့ သူမရဲ့ အမေ Sadie ကိုလည်း Iris က ကျေးဇူးအရမ်းတင်မိကြောင်း ဖော်ပြခဲ့ပါသေးတယ်။
View this post on Instagram
Pyi Hein Kyaw