ဝေဖန်ခံနေရတဲ့ Chris Pratt ဘက်ကနေ ၀ိုင်းဝန်းကာကွယ်ပေးခဲ့တဲ့ မိတ်ဆွေဆယ်လီများ

[email protected] prattprattpratt

Gurdians of the Galaxy ဇာတ်ကားထဲမှာ အဓိကမင်းသား Star-Lord ဇာတ်ကောင်နေရာက သရုပ်ဆောင်တဲ့ Chris Pratt ကိုတော့ Marvel ပရိသတ်တော်တော်များများနဲ့ စူပါဟီးရိုးပရိသတ်အများစု သိရှိကြပြီး ဖြစ်မှာပါ။ Chris ဟာ Gurdians of the Galaxy ဇာတ်ကားသာမက Avengers: Infinity War, Avengers: End Game ဇာတ်ကားတွေမှာပါ ပါဝင်ခဲ့တဲ့ မင်းသားတစ်ယောက်ပါပဲ။ အခုလည်း Twitter ပေါ်က challenge တစ်ခုကြောင့် Chris Pratt ကို လူအများအပြားက ဝေဖန်နေတဲ့အပေါ်မှာ Marvel ဘက်တော်သားများက Chris Pratt ဖက်ကနေ ဝိုင်းဝန်းကာကွယ်ပြောဆိုပေးခဲ့ကြပါတယ်။ အဆိုပါ Marvel ဘက်တော်သားတွေကတော့ Iron Man အဖြစ် သရုပ်ဆောင်တဲ့ Robert Downey Jr., Hulk အဖြစ်သရုပ်ဆောင်တဲ့ Mark Ruffalo နဲ့ Gurdians of the Galaxy ဇာတ်ကားရဲ့ ပင်တိုင်ဒါရိုက်တာဖြစ်သူ James Gunn တို့ပဲဖြစ်ကြောင်း ew.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က Twitter ပေါ်က challeng ပို့စ်တစ်ခု တက်လာခဲ့ပါတယ်။ အဆိုပါ ပို့စ်ကိုတော့ Amy Berg လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်တစ်ယောက်က တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပို့စ်ထဲမှာတော့ Chris Pratt, Chris Hemsworth,Chris Evans နဲ့ Chris Pine တို့ရဲ့ ပုံလေးပုံကို တန်းစီခဲ့ပြီး Chris တွေအရမ်းများနေတဲ့အတွက် ဘယ် Chris ကို Hollywood က ထွက်ခိုင်းမလဲဆိုပြီး စနောက်ကာ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပရိသတ်တော်တော်များများက Chris Pratt ကိုသာ Hollywood ထဲကနေ ထွက်သွားခိုင်းဖို့ တညီတညွတ်တည်း မှတ်ချက်ပေးခဲ့သလို တစ်ချို့ပရိသတ်တွေကလည်း Chris Pratt ဟာ Marvel မှာ ဘာမှအသုံးမဝင်တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ကြောင်း၊ သူ့ကြောင့် တစ်ခြား Avengers တွေပါ သိက္ခာကျကြောင်း၊ Chris Pratt အနေနဲ့ Marvel မှာ လုံးဝသရုပ်မဆောင်သင့်တော့ကြောင်း အစရှိသဖြင့် ဝေန်တိုက်ခိုက်ခဲ့ကြပါတယ်။

READ
"ဆိုဒ်ထဲ သဲလေးလာကူပေးပါရစေ..." ဆိုတဲ့ ကဗျာကို

 

“Chris Pratt ဟာ တစ်ကယ်တော်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါပဲ။ Gurdians of the Galaxy ဇာတ်ကားတစ်ကားတည်းမှသာမဟုတ်ပဲ တစ်ခြားဇာတ်ကားတွေမှာပါ တစ်ကယ်ကို ထူးချွန်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ ဘာကြောင့်သူ့ကို လူတွေက ဝိုင်းတိုက်ခိုက်နေကြလဲ ကျွန်တော်နားမလည်ပါဘူး။ ကျိန်းသေတာကတော့ လူတွေဟာ ကိုယ်နဲ့မဆိုင်တဲ့ နေရာတွေဆို အရမ်းပါဝင်နေချင်ကြတာပါပဲ”လို့ Robert Downey Jr. က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE