ချောကလက် များများစားခြင်းက ကျန်းမာရေးကို ကောင်းစေနိုင်လား ဆိုးစေနိုင်လား … ?

Freepik_Floss

ကလေးတွေဟာ တော်တော်များတော့ ချောကလက် ကြိုက်ကြလေ့ ရှိပါတယ်။ လူကြီးတွေထဲလည်း ချောကလက်ကို အရူးအမူ ကြိုက်သူတွေ ရှိပါတယ်။ ချောကလက်စားခြင်းဟာ အဆီကျစေတယ်၊ ဝိတ်ကျစေတယ်၊ သွေးတွင်း ကိုလက်စထရောတွေကို လျှော့ချပေးတယ် …. စသဖြင့် ဖတ်ဖူးမှတ်ဖူးကြမှာပါ။

ဒါပေမယ့် ချောကလက်ရဲ့ဆိုးကျိုးကိုတော့ သိတဲ့သူ နည်းပါလိမ့်မယ်။ အနီးစပ်ဆုံး ဆိုးကျိုးကတော့ ချောကလက် အစားများရင် ခဏချင်း အိပ်ပျော်ဖို့မလွယ်ပါဘူး။ ဒါကတော့ လူတိုင်း သတိထားမိမှာပါ။ ဒါပေမယ့် မမြင်နိုင်တဲ့ဘက် အခြမ်းမှာ အန္တရာယ်ကြီးတွေ ရှိနေပါတယ်။

Freepik/deliciousLiv

ချောကလက်တို့၊ အခွံမာအသီးတွေတို့၊ ဘယ်ရီသီးတွေတို့လို Antioxidant ကြွယ်ဝစွာပါတဲ့ အစားအစာတွေဟာ အူမကြီးအတွင်းက ဘက်တီးရီးယားတွေနဲ့ အပြန်အလှန် ဓာတ်ပြုကြပါတယ်။ ချောကလက်ထဲမှာပါတဲ့ ပရိုတိန်းဓာတ်တစ်မျိုးဟာ ကင်ဆာဖြစ်နိုင်ချေကို ကာကွယ်တယ်လို့ ဆိုထားပေမယ့်-

အစ္စရေးအခြေစိုက် Hebrew University of Jerusalem မှ သိပ္ပံပညာရှင်တွေရဲ့ ဖော်ထုတ်မှုအရ ချောကလက်များများစားရင် အူမကြီးကင်ဆာဖြစ်ဖို့ အခွင့်အလမ်းပိုများကြောင်း ဆိုပါတယ်။ ချောကလက်ကြိုက်သူတွေ သတိထားသင့်တဲ့ ကိစ္စဖြစ်လာပါပြီ။

Hebrew University of Jerusalem

ပါမောက္ခ Yinon Ben-Neriah က သိပ္ပံပညာရှင်တွေဟာ အူတွေအတွင်းက Microbiomes တွေကို အထူးအာရုံစိုက် လေ့လာနေပြီး၊ ကြွက်တွေကို ပြုပြင်ပြောင်းလဲထားတဲ့ ပရိုတိန်းနဲ့ စမ်းသပ်ခဲ့ပါတယ်။ ယင်းပရိုတိန်းကို ကြွက်တွေရဲ့ အူမကြီးထဲကို ထည့်သွင်း စမ်းသပ်တဲ့အခါ၊ ကင်ဆာကို အခြေနေပိုဆိုးစေကြောင်း တွေ့ခဲ့ရတာပါ။

ပါမောက္ခ Yinon က အူမကြီးကင်ဆာ ဖြစ်တန်ချေရှိသူများအနေနဲ့ သူတို့စားသောက်မယ့်အစားအစာကို နှစ်ကြိမ်လောက်တော့ သင့်မသင့် စဉ်းစားဖို့လိုတယ်လို့ အကြံပေးခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ Antioxidant ဓာတ်ဟာ လူကို အများအားဖြင့် အကျိုးပြုသော်လည်း ဆဲလ်တွေကို တားဆီးရင်းက နှလုံးရောဂါ၊ ကင်ဆာများနဲ့၊ တခြားရောဂါတွေကို ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့တာပါ။

လင်းသူရိန်

SHARE