တရုတ်က အကြွေးနဲ့သိမ်းတာ ခံရတော့မယ်လို့ သတိပေးခံနေရတဲ့ အာဖရိကန်နိုင်ငံတွေ

AFP_InkStone News

လန်ဒန်မှာ ကြီးမှူးလုပ်ဆောင်ခဲ့တဲ့ Overseas Development Institute ညီလာခံရဲ့ ထုတ်ပြန်ကြေငြာချက်အရ အာဖရိကန်-ဆာဟာရ၊ အာဖရိကတိုက်ရဲ့ ၄၀% သော နိုင်ငံဒေသတွေဟာ အကြွေးဒဏ်တွေ ဆိုးဆိုးရွားရွားခံစားနေရတယ်လို့ သိခဲ့ရပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ဒီအကြွေးတွေရဲ့ အဓိကတရားခံဟာ အာဖရိကနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးမှ အစပြုတယ်လိုလည်း ဆိုကြပြန်ပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ (၅)နှစ်အတွင်း အာဖရိကန်နိုင်ငံတွေဟာ အခြားနိုင်ငံတွေကို ကျော်တက်ပြီး အကြွေးနှုန်းတွေမြင့်တက်လာကြောင်း International Monetary Fund (IMF) မှ အာဖရိကကို သတိပေးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အာဖရိကန် နိုင်ငံတွေနဲ့အတူ အခြားနိုင်ငံပေါင်း (၁၈) နိုင်ငံတို့ဟာ သတ်မှတ်ထားတဲ့ အကြွေးနှုန်းဖြစ်တဲ့ ၅၀% ထက် ကျော်လွန်နေတဲ့အတွက်  စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေကြောင်း ပြောကြားခဲ့ပါသေးတယ်။

The News Times

တရုတ်နိုင်ငံအပေါ် အာဖရိကအကြွေးတင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ အာဖရိကတိုက်အတွင်း ခြေခံအဆောက်အဦးတွေ တည်ဆောက်ရာမှာ တရုတ်ဖက်မှ ပိုက်ဆံတော်တော်များများ ထုတ်ပေးနေခဲ့ပါတယ်။ ဒီလို ချေးငွေထုတ်ပေးတာတွေဟာ အာဖရိကန်ဒေသတွေအားလုံးပေါင်းပြီး ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း စုစုပေါင်း (၁၃၂) ဘီလီယံဒေါ်လာ တရုတ်ကိုပေးရန် ရှိနေပါတယ်။ အာဖရိကဟာ တရုတ်နိုင်ငံဆီမှာ ၂၀% ၊ ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းတွေမှာ ၃၅% နဲ့ ပုဂ္ဂလိကငွေချေးသူတွေဆီမှာတော့ ၃၂% အနေနဲ့ အသီးသီးအကြွေးတင်လျက်ရှိပါတယ်။

READ
တရုတ်နိုင်ငံတွင်ပေ၆၀ ရှည်တဲ့အရိုးစုကို တွေ့ရှိခဲ့ပြီး နဂါးအရိုးဟုထင်မြင်နေကြ
Johns Hopkins SAIS China-Africa Research Initiative

တရုတ်ပြည်ဟာ OECD (Organisation for Economic Cooperation and Development) ရဲ့ အဖွဲ့ဝင်မဟုတ်ဘဲ ဒီနှစ်ကုန်ပိုင်းမှာ အာဖရိကကို (၆၀) ဘီလီယံဒေါ်လာ ထပ်မံထုတ်ချေးမယ်လို့ ကတိကဝတ်ပြုထားခဲ့ပြန်တယ်။

နိုင်ငံအပေါ် ဧည့်သည်တွေရဲ့အမြင် လှပတိုးတက်စေချင်တာကြောင့်ပဲ အာဖရိကတိုက်တွင်းဒေသတော်တော်များများက တရုတ်နိုင်ငံမှ ချေးငွေယူကာ တံတားတွေ၊ လမ်းတွေနဲ့ စက်ရုံအဆောက်အဦပေါင်းများစွာကို ဆောက်လုပ်ခဲ့ကြပါတယ်။ ၂၀၁၀ တုန်းက တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားအတွက် ကမ္ဘာအဆင့်မီဘောလုံးကွင်းတွေတည်ဆောက်ပေးခဲ့တာ သက်သေပါပဲ။

READ
အိမ်ထောင်စု(၄)သိန်းကျော်အတွက် ဒေါ်လာသန်း(၂၀) ထောက်ပံ့ပေးမယ့် စင်္ကာပူအစိုး

အာဖရိကတိုက်အတွင်းကမှ Djibouti, Republic of Congo နဲ့ Zambia တို့ဟာ တခြားအာဖရိကန်နိုင်ငံဒေသများထက် တရုတ်အပေါ် အကြွေးနှုန်းပိုမိုမြင့်မားနေကြောင်း သိရပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ Zambia အကြွေးတွေဟာ ဒေါ်လာ (၈.၇) ဘီလီယံရှိပြီး တရုတ်နိုင်ငံကို ပေးချေရမယ့်အကြွေးဟာ ဒေါ်လာ (၆.၄) ဘီလီယံရှိနေကြောင်း အံ့သြဖွယ်တွေ့ရှိရပါတယ်။ Djibouti မှာတော့ ၇၇% နဲ့ Republic of Congo မှာတော့ အတိအကျမသိရသေးပေမယ့် ခန့်မှန်းခြေအနေနဲ့ကတော့ ဒေါ်လာ (၇) ဘီလီယံလောက်ရှိမယ်လို့ CARI မှ ခန့်မှန်းထားပါတယ်။

InkStone News/Twitter

Source: BBC, CGTN America/YouTube

Penny

 

SHARE