အစားအစာတွေ ပေါ် ယင်ကောင်တွေ နားရင် ဒီလိုအရာတွေ ဖြစ်ပေါ်လာနိုင်

Image:freepik.com/jiboom

ယင်နားစာတွေကို စားမိတဲ့ အခါ မျိုးမှာ ဘေးထွက် ဆိုးကျိုးတွေ အများကြီးနဲ့ ကြုံ ရတတ်ပါတယ်။တစ်ခါ တေ လမှာ ကိုယ်က မသိလိုက်လို့ပဲ ဖြစ်ဖြစ် သိသိကြီးနဲ့ ဒီလောက် ဆိုရင်တော့ ဘာမှ မဖြစ် လောက်ပါဘူးဆိုပြီး ယင်နားစာကို စားလိုက်မိရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေအေ ကြာင်းကိုတော့ Brightside မှာ အခုလို ဖော်ပြထားပါတယ်။

မသန့်ရှင်းတာတွေကို စွန့်ချ

Image:freepik.com/brgfx

ယင်ကောင်က တစ်ကောင်လေးပဲ နားတာပဲ ဖြစ်ဖြစ် အရမ်းအန္တရာယ်များပါတယ်။ယင်ကောင် တွေရဲ့ ပါး စပ်က Tube ပုံ စံ ဖြစ်တာ ကြောင့် ဘယ်လို အစားအသောက်၊အ ရည် ပေါ်ပဲ ဖြစ်ဖြစ် နားနိုင်တဲ့ ပုံစံ မျိုးတွေပါ။အစား အသောက်တွေ ပေါ် နားလိုက်တာနဲ့ သူတို့ရဲ့ တံ ထွေး တွေကိုပါ အဲ့ဒီ အပေါ် မှာ စွန့် လိုက်တာပါ။သူ့တံ ထွေး တွေ ထဲမှာဆိုရင်တော့ သူတို့နားခဲ့တဲ့ ရွံစရာ အရာတွေ ကိုပါ အဲ့အစာ ပေါ် စွန့်ချ ခဲ့တာပါ။

READ
ဖုန်းအားသွင်းကြိုးကို မဟုတ်တဲ့နေရာထဲ ထိုးထည့်ခဲ့မိလို့ ဆေးရုံရောက်သွားခဲ့တဲ့ တရုတ်လူငယ်

ရောဂါ အမျိုး(၆၀)ကို သယ်ဆောင်

ယင်ကောင်တွေ က တော့ ရောဂါ အမျိုး အစား (၆၀)ကျော် လောက်ကို သယ်လာပေးနိုင်ပါတယ်။ယင်နားစာတွေကို စားမိရင် ၀မ်းပျက်ဝမ်းလျှောတာ၊အူရောင်ငန်းဖျား၊၀မ်းကိုက်၊ကာလ၀မ်းရောဂါ..အစရှိတဲ့ ရောဂါ တွေကိုပါ ဖြစ်စေနိုင်ပါတယ်။

သင့်အစားအစာကို ဗက်တီးရီးယားအသိုက် ဖြစ် အောင် လုပ်

Image:freepik.com/tigatelu

ယင်ကောင်တွေ ရဲ့ လက် နဲ့ တောင်ပံ တွေ က သင့်ရဲ့ အစား အ သောက်ကို ဗက်တီးရီးယား အသိုက် ဖြစ်အောင် ပြောင်းလဲ ပစ်နိုင်ပါတယ်။ယင်ကောင် တွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာက ပိုးတွေ မွှားတွေ နဲ့ ပြည့်နေတာပါ။သူတို့ ခန္ဓာကိုယ်ရဲ့  အတွင်း ရော အပြင်မှာပါ ပိုးမွှား တွေ အများကြီး ရှိ နေပါတယ်။Nanyang နည်းပညာ တက္က သိုလ် က ဆိုရင် ယင်တွေ ရဲ့ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းမှာ ပိုးမွှားတွေ ကျန်ေ နခဲ့တယ်လို့ ဆိုပါတယ်။ဒီ အဓိပ္ပါယ်က တော့ ယင်ကောင်တွေနဲ့ ထိ မိတဲ့ အရာ တိုင်းက အန္တရာယ်များတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

READ
တွဲကျနေတဲ့ ရင်သားကို သဘာဝပစ္စည်းများနဲ့ ပြန်ပင့်တင်နည်း

ဥဥချ

Image:freepik.com/jiboom

ယင်ကောင်တွေက အစာပေါ်မှာ နားရင်းနဲ့ ဥ တွေဥ ချတတ်ပါတယ်။ယင် တစ်ကောင် ကိုယ့်အစားအစာေ ပါ် နားတယ်ဆိုတာက ကိုယ့်ကိုဗက်တီးရီးယားပိုးမွှားတွေ နဲ့ အဆိပ် ခတ်လိုက်တာပါ။ယင်ကောင်တွေ က နားရင်းနဲ့လည်း တခါ တည်း ဥဥ ချ တတ်ပါတယ်။

#SHWEMOM

SHARE