ဆီအုန်း(စားအုန်းဆီ)က သင့်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်သလဲ ?

IOE

ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဆီအမျိုးမျိုးရှိပါတယ်။ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ဝါစေ့ဆီ၊ အုန်းဆီ စတဲ့ဆီတွေအပြင် သံလွင်နဲ့ အခြားသစ်သီးသစ်ဆံတွေကို ကြိတ်ပြီးရလာတဲ့ ဆီတွေလည်း ပါဝင်ပါတယ်။ ဒီအထဲမှာ အိမ်ရှင်မတွေ အသုံးအများဆုံးက ဆီအုန်းအပင်ကနေ ကြိတ်ပြီးရလာတဲ့ စာအုန်းဆီ သို့မဟုတ် ဆီအုန်းဖြစ်ပါတယ်။

အကြောင်းကတော့ ဈေးသက်သာခြင်း၊ ပေါပေါများများ ဝယ်ယူရနိုင်ခြင်း စတဲ့အားသာချက်တွေကြောင့်ပါ။ မြန်မာအများစုက ဟင်းချက်ရင် ဆီကလေးရွှဲနေမှဆိုတဲ့ အယူအစကလည်း ရှိတော့ ဒီလို ပေါပေါလောလော ဈေးနှုန်းချိုချိုရတဲ့ဆီကို အားရပါးရ သုံးကြလေ့ရှိပါတယ်။ တကယ်တော့ ဆီပဲဖြစ်ဖြစ်၊ ဆားပဲဖြစ်ဖြစ် ဘယ်ဟာမှ လိုတာထက်ပိုစားဖို့ မသင့်တော်ပါ။

Science

အထူးသဖြင့် စားအုန်းဆီဟာ ကျန်းမာရေးဆိုင်ရာ အခြေခံသတ်မှတ်ချက်တွေရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီပါဘူး။ တစ်ခြားဆီတွေထက် ပြည့်ဝဆီပိုပါပြီး ကယ်လိုရီ၊ Fat အစရှိတဲ့ များရင်များသလို လူကိုဆိုးကျိုးပေးတဲ့ ဓာတ်တွေလည်း များပြားစွာ ပါဝင်ပါတယ်။ အခြားနိုင်ငံတွေမှာ အသင့်စားအစားအစာတွေ၊ ပေါင်မုန့်၊ ဘီစကစ်စတာတွေအပြင် ဆပ်ပြာနဲ့ အခြားအလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာလည်း သုံးစွဲကြပါတယ်။

READ
ခါးနာခြင်းအတွက် အိမ်တွင်းဆေး(၆)မျိုး
Palm Fruit Plantation

(၂၀၀၆)ခုနှစ်မှာတော့ စားအုန်ဆီသုံးစွဲမှုအပြင် အဆီစားသုံးမှုကို လျှောချဖို့အတွက် FDA (US Food and Drug Administration) အဖွဲ့က ထုတ်ကုန်မှန်သမျှ ကုန်ပစ္စည်းတွေမှာ ထည့်သွင်းထုတ်လုပ်ထားတဲ့ Fats ပမာဏကို ရေးသားဖော်ပြရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခါမှာ ကုန်ပစ္စည်းတွေကို Fat-Free ဆိုပြီး ထည့်သွင်းလာကြပါတယ်။

POI

ဒါဆိုရင် Fat-Free ဆိုတဲ့အခြေအနေမှာတောင် အန္တရာယ်က တကယ်ကင်းရှင်းရဲ့လား စဉ်းစားစရာပါ။ ဒီတော့ ဆေးဘက်ဆိုင်ရာ သုံးသပ်ချက်တွေကို ဖော်ပြရရင်-

ကောင်းတဲ့အချက်တွေကတော့ Manchester Metropolitan University ရှိ Nutritional Sciences ဌာနမှ Senior Lecturer အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Haleh Moravej က ဆီအုန်းကို သင့်တော်သလိုသာ သုံးစွဲမယ်ဆိုပါက ဗီတာမင် E ပါဝင်လို့ ဦးနှောက်ကျန်းမာရေးကို ကောင်းစေမယ်လို့ ဆိုပါတယ်။ မြင့်မားတဲ့ Antioxidant တွေလည်း ပါဝင်လို့ နှလုံးရောဂါကို မဖြစ်စေနိုင်ဘူးလို့ ဆိုထားပါတယ်။

Know Farming

ဆိုးတဲ့အချက်တွေကတော့ ဆီအုန်းဟာ မြင့်မားတဲ့အဆီပမာဏအဖြစ် ခန္ဓာကိုယ်အတွင်းကို စီးဆင်းစေလို့ ပမာဏများလာတာနဲ့အမျှ နှလုံးသွေးကြောစနစ်ကို အကြီးအကျယ်အနှောင့်အယှက် ပေးပါတယ်။  Center of Science in the Public Interest ရဲ့ ဖော်ပြချက်အရ ဆီအုန်းဟာ အသားတွေကနေထွက်လာတဲ့ အဆီတွေထက် ကောင်းမွန်တယ်ဆိုပေမယ့် ကောက်ပဲသီးနှံတွေကနေ ရတဲ့ဆီထက် အန္တရာယ်ပိုများပါတယ်တဲ့။

READ
ဦးနှောက်ကို ဆယ်နှစ်စာနုပျိုစေဖို့နည်းလမ်း
FMT

(၂၀၁၆) ခုနှစ်မြှ European Food Safety Authority (EFSA) အဖွဲ့က သန့်စင်ပြီးဖြစ်တဲ့ စားအုန်းဆီထဲမှာ 3-MCPD ဆိုတဲ့ဓာတ်မြင့်မားစွာပါဝင်ကြောင်း တွေ့ခဲ့ရပါတယ်။ အဲဒီဓာတ်ဟာ ကျောက်ကပ်နဲ့ အမျိုးသား မျိုးပွားအင်္ဂါစနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး အလွန်ကြီးမားတဲ့အန္တရာယ်ကို ပေးနိုင်စွမ်းကြောင်း တွေ့ရှိခဲ့ပါတယ်။

Financial Tribune

ဒါကြောင့် ဆီအုန်းဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပါတယ်။ သုံးစွဲမှုပမာဏ မြင့်မားရင် အခြားဆီတွေထက် ရောဂါဘယဖြစ်စေမှု သုံးဆအထိ မြင့်မားနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိမ်ရှင်မများအနေနဲ့ ဟင်းတွေကို စီမံချက်ပြုတ်ရာမှာ ဆီရွှဲတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ ဒါကြောင့် စားအုန်းဆီကို ဆင်ခြင်စားသုံးကြဖို့၊ အခြား ကောက်ပဲသီးနှံတွေနဲ့ ထုတ်လုပ်ထားတဲ့ ဆီတွေကို ရွေးချယ်သုံးစွဲကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE